စစ်ရေးသတင်း

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

မဲခေါင် 26 Apr - 2024
KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ ပြီးနောက် ဖြိုဖျက်လိုက်ပြီး အသစ်ပြန်လည် ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၂၆

၁၀ နှစ်ကျော်ကြာ စစ်ကောင်စီ သိမ်းပိုက် ထားတဲ့ ကချင်ပြည်နယ်၊ KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ ပြီးနောက် ဖြိုဖျက်လိုက်ပြီး အသစ်ပြန်လည် ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

“မုခ်ဝ အဟောင်းတွေကို အကုန်လုံး ဘူဒိုဇာနဲ့ ကော် ဖျက်လိုက်ပြီး အခုက အသစ် လုပ်လိုက်တာ။ ဒီနေ့ပြီးလို့ ဒီနေ့ သိက္ခါတော်ရ ဆရာတော် တွေနဲ့ ဆုတောင်း ဂုဏ်ပြု ချီးမွမ်း လိုက်ပြီ” လို့ လိုင်ဇာ ဒေသခံ အမျိုး သမီး တစ်ဦးက ပြောပါတယ်။

အဲဒီ လိုင်ဇာမြို့မှ ကြိုဆိုပါ၏ ဆိုတဲ့နေရာကကို စစ်ကောင်စီတွေက ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က သိမ်းပိုက် ထိန်းချုပ် လိုက်တာ ဖြစ်တာလို့ သူက ပြောပါတယ်။

“ယနေ့မနက်၊ အဝင်ဆိုင်းဘုတ် စိုက်ထူပြီး ဆုတောင်းကြပါတယ်။ (အောင်ပွဲခံခြင်း မဟုတ်ပါ) (၁၀)နှစ်ကျော်မှ လိုင်ဇာ ဝင်ပေါက်များ ပြန်ဖွင့်နိုင်ခဲ့ကြချိန် ဒေသ နေသူများ အတိုင်းအတာတစ်ခုထိ လွတ်လပ်မှု ရသကို ပြန်ရရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံး လွတ်လပ်မှု အရသာ ခံစားနိုင်ဖို့ ဆက်လက် ကြိုးစား ကြရပါအုံးမယ်။” လို့ ‌ဗိုလ်ချုပ် ဂွန်မော်က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။

အခု အချိန် KIO/ KIA အုပ်ချုပ်တာက သူတို့လည်း ပေါ်လစီတွေ အရမ်း မသတ်မှတ်သေးသလို အစီအစဉ်တွေ ကြီးကြီး မားမား မချရသေးတာကြောင့် အခုချိန်က တင်းကြပ်တာမျိုး မရှိသေးပဲ အတိာင်းအတာ တခုအထိ လွတ်လပ်ပြီး လုံခြုံမှုရှိတယ်လို့ လိုင်ဇာဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

“နောင်တစ်ချိန်မှာ သူတို့ အခိုင်အမာ ဖြစ်လာရင်တော့ ဘယ်လို ပြန်လှုပ်ရှား လာမလဲ မသိဘူး။ အခု အခြေအနေမှာတော့ လွတ်လပ်မှုရှိတယ်။ အရမ်း တင်းကြပ် တာမျိုးတော့ မရှိဘူး။” လို့သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဖြစ်ပွားတဲ့ စစ်ကောင်စီနဲ့ KIA တို့အကြား ကျော့ပြန် တိုက်ပွဲမှာ အဲဒီ လိုင်ဇာ အဝင် မုဒ်ဝ ကိုပါ စစ်ကောင်စီရဲ့ သိမ်းပိုက်ခြင်းခံခဲ့ရပြီး ယခု ၂၀၂၄ မတ်လ မှာမှ အဲဒီ မုဒ်ဝ နေရာကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးညတပ်ဖွဲ့ တွေက ပြန်လည် သိမ်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now