စစ်ရေးသတင်း

အင်းလေးဒေသရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းစာရင်းနဲ့ ထောက်ပံ့ငွေ လိုက်ကောက်နေ

မဲခေါင် 29 Mar - 2024
ညောင်ရွှေမြို့နယ် ကျေးရွာအားလုံးကို စစ်မှုထမ်းဖို့ နာမည်စာရင်းတွေနဲ့အတူ ထောက်ပံ့ငွေပေးဖို့ တစ်အိမ် ကျပ် ၂ သောင်းကို အုပ်ကြီးတွေက ကောက်ခံနေတယ်

မဲခေါင်၊ မတ် ၂၉

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးကန်ဒေသ ညောင်ရွှေမြို့နယ် ကျေးရွာအားလုံးကို စစ်မှုထမ်းဖို့ နာမည်စာရင်းတွေနဲ့အတူ ထောက်ပံ့ငွေပေးဖို့ တစ်အိမ် ကျပ် ၂ သောင်းကို အုပ်ကြီးတွေက ကောက်ခံနေတယ်လို့ ဒေသအရင်းအမြစ်တွေက ပြောပါတယ်။

အင်းလေး ဟဲယာရွာမဆိုရင် စာရင်းမှာ အယောက် ၃၀၀ နဲ့ ပြင်လွန်ရပ်မှာ ၃၅ ဦး၊ တောင်ချောင်းရပ်က ၄ ဦး၊ ကလေးငယ်ရပ်က ၉၀ ဦးတို့ဖြစ်သလို အင်းပေါခုန်၊ သလဲဦး၊ ကျေးစားကုန်း စတဲ့ အခြားရွာတွေမှာလည်း ၃၀ နဲ့ ၄၀ ကြား ရှိတယ်လို့ သိရပါတယ်။

ဒီနေ့ မတ်လ ၂၉ ရက်မှာ စာရင်းပါသူတွေဟာ ညောင်ရွှေကို သွားပြီး မဲနှိုက်ကြရမှာဖြစ်ပြီး မဲပေါက်သူတွေက လူစားထည့်နိုင်သလို စစ်မှုထမ်းမယ်ဆိုရင် ကျန်သူတွေကို သက်ဆိုင်ရာ ကျေးရွာတွေကို ပြန်လွှတ်ပေးမယ်လို့ သိရပါတယ်။

စစ်မှုထမ်းမယ့်သူတွေနဲ့ အစားထိုးသူတွေအတွက် ထောက်ပံ့ကြေးအနေနဲ့တစ်အိမ်ကို ကျပ် ၂ သောင်းကောက်ခံသွားမယ်လို့ သိရပါတယ်။ အဲဒီငွေကို စစ်မှုမထမ်းရတဲ့အိမ်တွေက ပေးရမယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့ အတင်းအဓမ္မလုပ်ဆောင်နေတဲ့ ကေလာရွာ၊ ရွာမ၊ နောက်ရပ်ကြီး၊ လင်းကင်း၊ မိုင်းလီရပ်ကွက်အုပ်ကြီးနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို အင်းလေးဒေသ တရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ JMC-I က စစ်မှုထမ်းသွားတဲ့ကလေးတွေ သေကြေ၊ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်လာရင် အုပ်ချုပ်ရေးက လူတွေ ကိုယ့်လုပ်ရပ် ကိုယ်တာဝန်ခံရမယ်လို့ မနေ့က မတ်လ ၂၈ ရက်နေ့မှာ သတိပေးစာပေးပို့ထားပါတယ်။

အင်းလေးဒေသမှာ ညောင်ရွှေမြို့ပေါ် ရပ်ကွက် ၈ ရပ်ကွက်အပါအဝင် ရွာပေါင်း ၄၄၅ ရွာ ရှိတဲ့အတွက် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၇၈၄၅၇ အိမ်ထောင်စုရှိရာ( ယခု ၂၀၂၄ ခုနှစ်တွင် တိုးပွားလာသည့် လူဦးရေအရဆိုရင် ပိုများနိုင် ) တအိမ်ကျပ် ၂ သောင်းနှုန်းကောက်ခံပါက တခါကေက်ရငွေ ကျပ် သိန်းပေါင်း ၃သောင်းခွဲကျော်ရရှိမှာဖြစ်ပြီး စစ်မှုထမ်းဈေးကွက်ကြီး တစ်ခုဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဝေဖန်နေကြကြောင်းသိရပါတယ်။

“စစ်ကောင်စီနဲ့လက်အောက်ခံ အုပ်ကြီးတွေအတွက် လူ့အရင်းအမြစ် ဈေးကွက်ကြီးပေါ့၊ မိဘတွေ၊ ကလေးတွေရဲ့ ပုူပင်သောက မျက်ရည်တွေ၊ ချွေး၊ သွေးတွေနဲ့လုပ်စားကြမှာ” လို့ အင်းလေးဒေသ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ဝေဖန်ပြောကြားပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းစုဆောင်းမှုကို ၂၀၂၄ ခုနှစ်၊ သင်္ကြန်ပြီးမယ်လို့ ပြောထားပေမယ့် အခုကတဲက အချို့သော လေ့ကျင့်ရေးတပ်တွေဆီကို စုဆောင်းရရှိတဲ့သူတွေ ပို့ဆောင်နေကြပါတယ်။

ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ စုစည်းထားတဲ့စာရင်းအရ စစ်အခြေခံလေ့ကျင့်ရေးတပ်ပေါင်း ၁၁ ခုအနက် ရှမ်းတောင်က ပင်လောင်းမှာ စခတ(၄)၊ ရှမ်းမြောက်က လားရှိုးမှာ စခတ(၁၁) တို့ရှိကြပြီး တန်းမြင့်သင်တန်းကျောင်းတွေအနေနဲ့ ရှမ်းတောင် ကျိုင်းတောင်းမှာ တတက(၂)၊ ရှမ်းမြောက် ပန်ကပ်(တန့်ယန်း)မှာ တတက(၈)နဲ့ ရှမ်းအရှေ့ ကျိုင်းတုံမှာ တတက(၁၁) တို့ရှိကြပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် ပြည်သူတွေ စိုးရိမ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သာလေးကျေးရွာမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် စစ်မှုထမ်း အကြုံးဝင်သူတွေရဲ့ မိသားစုဝင်တွေဟာ စိုးရိမ်ပူပန်နေရတယ်လို့ စုံစမ်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KA အပတ်စဥ် (၇၅) စစ်သင်တန်းဆင်း

ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဥ် (၇၅) စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KnIC က ဒီနေ့ ဧပြီ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ ပြီးနောက် ဖြိုဖျက်လိုက်ပြီး အသစ်ပြန်လည် ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now