စစ်ရေးသတင်း

ရှမ်းတောင် ၁၀၀၅ တပ်ရင်းက ဖွင့်လှစ်တဲ့ အခြေခံစစ်သင်တန်းမှာ တက်ရောက်လိုသူ များပြားလာ

မဲခေါင် 1 Apr - 2024
အမှတ်(၁၀၀၅)တပ်ရင်းက ပြုလုပ်နေတဲ့ အခြေခံစစ်သင်တန်းကို ယခင်ကထက် သင်တန်းတက်သူတွေများလာတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဧပြီ ၁

ရှမ်းတောင်အခြေစိုက် အမှတ်(၁၀၀၅)တပ်ရင်းက ပြုလုပ်နေတဲ့ အခြေခံစစ်သင်တန်းကို ယခင်ကထက် သင်တန်းတက်သူတွေများလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်တဲ့ အပတ်စဉ် ၃ သင်တန်းမှာ သင်တန်းသားတွေ ယခင်ကထက်တိုးလာပြီး ဆက်သွယ်လာသူတွေလည်း အရင်ကထက်များလာတယ်လို့ ၁၀၀၅ တပ်ရင်းဆီကသိရပါတယ်။

“ အတိအကျဘယ်လောက် တိုးလာတယ်တော့ အဲ့လိုပုံမှန်တော့မရှိပေမယ့် စစ်မှုထမ်းဥပဒေထွက်စက တရက်ထဲ လူ ၁၀၊ ၂၀ ဆက်တိုက်ဆက်သွယ်လာတယ်။ ပြီးပြန်ငြိမ်သွားတယ်။ အခုမဲနှိုက်တော့ တခါထပ်ပြီးပြန်များလာတယ်။ ခုကလူမစစ်နိုင်ဖြစ်သွားလို့ အသစ်လက်ခံနားထားသေးတယ်။ ရှေ့ဖောင်ဖြည့်ထားသူကို မပြတ်ဘူးဖြစ်နေလို့”လို့ ၁၀၀၅ တပ်ရင်းရဲ့ သတင်းပြန်ကြားရေးနှင့် ရံပုံငွေရှာဖွေရေးတာဝန်ယူထားသူ မနန်းစံက မဲခေါင်သတင်းကို ပြောပါတယ်။

လျှောက်လွှာဖောင်ဖြည့်ထားတဲ့ထဲက သတ်မှတ်ချက်နဲ့ကိုက်ညီသူတွေကို သေချာစစ်ဆေး ဆက်သွယ်ပြီးမှ လမ်းကြောင်းချိတ်ဆက် ခေါ်ယူတာလို့ ဆိုပါတယ်။

လက်ရှိပြုလုပ်နေတဲ့ အခြေခံစစ်သင်တန်းကာလ ၂ လ မှာ သက်လုံကောင်းစေအောင် လေ့ကျင့်ပေးတာဖြစ်ပြီး အခြေသင်တန်းဆင်းပြီးရင် မိမိကျွမ်းကျင်ရာအလိုက် တိုက်ခိုက်ရေး၊ ရှေးဦးသူနာပြု၊ သတင်းလုံခြုံရေး၊ လက်နက်ထုတ်လုပ်ရေး စသဖြင့် မွမ်းမံသင်တန်းတွေ ထပ်တက်ရမယ်လို့ဆိုပါတယ်။

၁၀၀၅ တပ်ရင်းအနေနဲ့ တတ်နိုင်သမျှ တော်လှန်ရေးကို မျက်နှာမူသူအားလုံးကို ခေါ်ယူချင်မယ့် တိုးမြင့်လာမယ့် ရိက္ခာ၊ အထွေထွေ၊ ယူနီဖောင်း စတဲ့ ဘတ်ဂျက်ကြပ်တည်းမှုကို ဖြေရှင်းရန် ဦးစားပေးစဉ်းစားရတာကြောင့် သင်တန်းဆင်းပြီး တာဝန်များခွဲဝေပြီးလျှင် လစ်လပ်ရှိပါက ထပ်မံကြေငြာသွားမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီး ၃ နှစ်တာ ကာလအတွင်း ၁၀၀၅ တပ်ရင်း အနေနဲ့ ကရင်နီနဲ့ရှမ်းတောင်မှာ လက်ရှိအချိန်ထိ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေမှာ မဟာမိတ်တပ်ရင်းတွေနဲ့ ပူးပေါင်းတိုက်ခိုက်လျက်ရှိပါတယ်။



CJ-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်ဆိုင်ကယ်ပျောက်မှုတွေ ရဲတပ်ဖွဲ့လည်း ပါဝင်ပတ်သက်နေ

သူခိုးကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးတာမရှိဘဲ သူခိုးနဲ့ ညှိနှိုင်းရန်သာ ပြောပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သံလွင်မြစ်ကူး တာကော်တံတား တစ်ရက် ၄ နာရီ ပိတ်တာကြောင့် ကုန်သွယ်မှုတွေ ကြန့်ကြာ

ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ချိတ်ဆက်ထားတဲ့ အမှတ်(၄) လမ်းမကြီးပေါ် သံလွင်မြစ်ကူးတံတားအနီး လမ်းပြင်နေတာကြောင့် ဧပြီ ၃၀ ကနေ မေ ၁၀ ရက်နေ့အထိ တစ်ရက် (၄) နာရီပိတ်ထားတဲ့အတွက် ကုန်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now