စစ်ရေးသတင်း

ပအိုဝ်းလူထုအသည်းနှလုံးဖြစ်တဲ့ ဆီဆိုင်ဘုန်ကြီးကျောင်းတိုက်ကို စစ်ကောင်စီ လက်နက်ကြီး၊ ဒရုန်းတွေသုံးပြီး ဖြိုချ

မဲခေါင် 1 Apr - 2024
ဆီဆိုင်မြို့ပေါ်က ဇဝနာရာမ ပရိယတ္တိ စာသင်တိုက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုပြီး မတ်လ ၂၉ ရက်ညပိုင်းက ဖြိုချဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၁

ပအိုဝ်းပြည်သူလူထုရဲ့ အသည်းနှလုံးလို့ တင်စားကြတဲ့ ဆီဆိုင်မြို့ပေါ်က ဇဝနာရာမ ပရိယတ္တိ စာသင်တိုက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုပြီး မတ်လ ၂၉ ရက်ညပိုင်းက ဖြိုချဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇဝနာရာမ ပရိယတ္တိ စာသင်တိုက်ဟာ ဆီဆိုင်မြို့ဂုဏ်ဆောင် ဿနာအဆောက်အဦး ဖြစ်တဲ့အပြင် သံဃာပါး ၅၀၀ ကျော်ကို ပရိယတ္တိ ဗုဒ္ဓစာပေ သင်ကြားပေးနေတဲ့ ဘုန်းကြီးကျောင်းလည်း ဖြစ်တာကြောင့် ပအိုဝ်းပြည်သူတွေ လေးစားအားထားရတဲ့ ဘုန်းကြီးကျောင်းတိုက်ဖြစ်တယ်လို့ ပအိုဝ်းလူမျိုး ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီကျောင်းတိုက်ကို စကစနဲ့ ပြည်သူ့စစ်တချို့က ဖြိုချဖို့စာတင်တယ်။ အဲဒီညမှာပဲ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ချခံလိုက်ရတာ။ နောက်နေ့မနက်ကျတော့ ကိုယ်ပိုင်အုပ်ချပ်ရေးအဖွဲ့နဲ့စကစတွေလာပြီး ဓာတ်ပုံရိုက်တင်လိုက်တာပဲ။ ပျက်သွားပြီဆိုတာ။ ဒီကျောင်းကပအိုဝ်းလူထုရဲ့ အသဲနှစ်လုံးလို့ပြောရင်မမှားဘူး။ ဆရာတော်ကအမျှော်အမြင်အရမ်းကြီးတာ ဘက်မလိုက်ဘူး” လို့ သူက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ဘုန်းကြီးကျောင်းကို ဒီလိုဖြိုချတာဟာ PNLA ဘက်ကို အပြစ်လွှဲချချင်တာကြောင့်ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သုံးသပ်ပါတယ်။

ဆီဆိုင်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုကြောင့် ဆီဆိုင်ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် ၅၀၀ နီးပါးခန့် မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ ဆီဆိုင်တိုက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

ဇန်နဝါရီလ နောက်ဆုံး အပတ်ကနေ မတ်လကုန်အထိ ၂ လကျော် ကာလအတွင်း စစ်ကောင်စီရဲ့ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးခဲ့တာပဲ ဖြစ်ပါတယ်။

ဆီဆိုင်မြို့တွင်းကို ပစ္စည်းပြန်ယူတဲ့ စစ်ဘေးရှောင် တစ်ဦးက “အကုန်လုံးနီးပါး ရစရာ မရှိအောင်ကို ဖြစ်သွားတာပေါ့နော်။ တချို့ ကျောင်းဆောင်တွေက မီးလောင်ဗုံး ထိတယ်။ တချို့က လေကြောင်းပစ်လို့ ဗုန်းဒစ်၊ တုန်ခါမှု ဒဏ်တွေနဲ့ အတွင်းရော အပြင်ရော အကုန်ထိကုန်တာပေါ့လေ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အခုလို လုပ်ရပ်ဟာ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူလူထုအကြား သပ်လျို သွေးခွဲတာဖြစ်ပြီး ပြည်သူ လူထုအနေနဲ့ စစ်ကောင်စီရဲ့ ဝါဒမှိုင်းတွေကို သတိထားကြဖို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)ရဲ့ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

“ဒီလိုမျိုး အဆောက်အဦးတွေကို ကြီးကြီးမားမား ထိခိုက်ပျက်စီးစေလိုတဲ့ ပေါင် ၅၀၀ ဗုံးတွေက တော်လှန်ရေး အဖွဲ့တွေမှာ မရှိပါဘူး။ ဒါကို ပြည်သူကလည်း သိပြီးသား ဖြစ်ပါတယ်။ စစ်အာဏာရှင်နဲ့ ပြည်သူ့စစ်ကို ဝါဒဖြန့်ပေးနေတဲ့ သူတွေလည်း ကျွန်တွေက ကျွန်အလုပ် လုပ်တာ ဖြစ်တဲ့အတွက် ဘာမှမထူးဆန်းပါဘူး” လို့ သူကပြောပါတယ်။

၂ လကျော်တိုက်ပွဲ ကာလအတွင်း ဆီဆိုင်မြို့ရဲ့ ၃ ပုံ ၂ ပုံခန့်ဟာ မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေဘက်က မြို့ကိုပြန်ရဖို့ ကြိုးစားနေတာကြောင့် နေ့တိုင်းနီးပါး PNLA တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ စုံစမ်း သိရပါတယ်။

CJ – 007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယား (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ The Present Team တို့ ပူးပေါင်းပြီး အခမဲ့
မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်က ကျောင်းတွေ ကို မဖြစ်မနေဖွင့်ရမယ်လို့ဆို

လာမယ့် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ဆီဆိုင်မြို့နယ်အတွင်းက ကျောင်းတွေကို မဖြစ်မနေဖွင့်လှစ်ရမယ်လို့ ပြည်နယ်ပညာရေးမှူးရုံးကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဘောလခဲမှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကား မိုင်းနင်းမိပြီးပျက်စီး

ကရင်နီပြည်၊ ဘောလခဲမြို့ နယ်မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ တယ်လို့ ကရင်နီတော်လှန်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KNLA နဲ့ PDF ဝင်တိုက်တဲ့ ပဲဒက်စစ်ကောင်စီစခန်းမှ ၂၆ ယောက်ဖမ်းမိ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ပဲဒက်ရွာမှ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မေ ၅ ရက်က ဝင်တိုက်ခိုက်မှုမှာ စစ်ကောင်စီအဖွဲ့ ၂၆ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်တွေလည်း သိမ်မိတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မြစ်ကြီးနား ဗလမင်းထင်တံတားထိပ်မှာ တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား အဝင်က ဗလမင်းထင်တံတားထိပ်မှာ ဒီနေ့ မေ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကစပြီး လက်ရှိ သတင်းရေးသား နေချိန်ထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရှေ့တန်း စစ်မြေပြင်မှာ မြေမြုပ်မိုင်း ထိသွားတဲ့ ရှမ်းတောင် PDF တပ်ဖွဲ့ဝင် တစ်ဦး အကူအညီလိုအပ်နေ

ရှမ်းတောင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၅ တပ်ရင်း(SSPDF)က တပ်ဖွဲ့ဝင်တစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA နဲ့ ပူးပေါင်းအဖွဲ့ မလိုက်နိုင်အောင် တံတားကို မိုင်းခွဲပြီး စစ်ကောင်စီတပ် ထွက်ပြေး

ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ ကဇူးရွာ အနီးက ဒဘတ်ချောင်းကူးတံတားကို မေလ ၈ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့က ကား ၂ စီးနဲ့ လာရောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now