စစ်ရေးသတင်း

ဆီဆိုင်မြို့ တိုက်ပွဲ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးပြီး သေနတ် ၃ လက်နဲ့ ကားတစ်စီး သိမ်းမိ

မဲခေါင် 17 Apr - 2024
မဲခေါင်၊ ဧပြီ ၁၇ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အနောက်တောင်ဘက် တစ်နေရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)တို့ ပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဧပြီလ ၁၆ ရက်နေ့ မနက် ၈ နာရီကနေ နေ့လည် ၁၂ နာရီအထိ ၄ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တပ်ဘက်က ၁၀ ဦးကျော် သေဆုံးခဲ့တဲ့အပြင် သေနတ် ၃ လက်နဲ့ ကားတစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “အလောင်းကတော့ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ပါ။ ကားကတော့

မဲခေါင်၊ ဧပြီ ၁၇

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အနောက်တောင်ဘက် တစ်နေရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)တို့ ပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဧပြီလ ၁၆ ရက်နေ့ မနက် ၈ နာရီကနေ နေ့လည် ၁၂ နာရီအထိ ၄ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တပ်ဘက်က ၁၀ ဦးကျော် သေဆုံးခဲ့တဲ့အပြင် သေနတ် ၃ လက်နဲ့ ကားတစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “အလောင်းကတော့ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ပါ။ ကားကတော့ ၅ စီးရတယ်ပေါ့နော်။ ၄ စီးက သူတို့ မီးရှို့ဖျက်စီးလိုက်တော့ တစ်စီးပဲ အကောင်းတိုင်း ရတယ်ပေါ့နော်” လို့ ပြောပါတယ်။

ဆီဆိုင်မြို့ရဲ့ နေရာအများစုကို PNLA က ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ဘက်ကလည်း မြို့ကို ပြန်သိမ်းယူဖို့ နေ့တိုင်းနီးပါး ထိုးစစ်ဆင်နေတာကြောင့် မကြခဏ ပြင်းထန်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ရှေ့တန်း မြေပြင် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဧပြီလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဆီဆိုင်မြို့တွင်း တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဘက်က အရာရှိတွေ ဖြစ်တဲ့ ဗိုလ်ကြီး ဝေလင်းမောင်၊ ဗိုလ်အောင်ကျော်ထွန်း၊ ဒုတပ်ကြပ် အောင်မျိုးထွန်းတို့ အပါအဝင် ၁၃ ဦး သေဆုံးခဲ့သေးတယ်လို့ PNLA တာဝန်ရှိသူတွေဆီက သိရပါတယ်။

အဝေးရောက် ဆီဆိုင်မြို့ခံ တစ်ဦးကလည်း “တိုက်ပွဲက နေ့တိုင်း ချနေကြတယ်။ ကျနော်တို့လည်း ပြန်လို့ မရသေးဘူး။ ပစ္စည်းဝင်ယူတဲ့လူတွေ လက်နက်ကြီးထိလို့ သေကြတယ်။ အိမ်တော်တော်များများက စစ်တပ်နဲ့ PNO တွေခိုးလို့ ကုန်ပြီ။ ပြန်ရင် အကုန် အစက ပြန်စရတော့မှာ” လို့ ပြောပါတယ်။

ဆီဆိုင်တိုက်ပွဲ စတင်တဲ့ ဇန်နဝါရီလ နောက်ဆုံးအပတ်ကစပြီး ဧပြီလ ၈ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ ရမ်းသန်း ပစ်ခတ်မှုကြောင့် အရပ်သား ၅၈ ဦး သေဆုံးကာ ၇၀‌ ကျော် ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆင်ဘို ခလရ – ၁၄၁ စစ်ကောင်စီစခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဧရာဝတီမြစ် ပထမမြစ်ကျဉ်းရဲ့ မြစ်ညာဘက် ၁၄ မိုင်ခန့်အကွာမှာ ရှိတဲ့ ဆင်ဘိုမြို့ အနီးက စစ်ကောင်စီ ခလရ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်က ရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် စစ်မှုထမ်းဖို့ လူသစ်စု

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ မက်ကျန်ပြည်သူ့စစ် အဖွဲ့တွေဟာ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဖျက်သိမ်းပြီး ပအိုဝ်းပြည်သူ့စစ် စစ်ဆေးရေးဂိတ်နဲ့ပူးပေါင်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်မှာ စစ်အာဏာသိမ်း ကာလကတည်းက အထိုင်ချထားတဲ့ ကံကြီး-သံလမ်း စစ်ဆေးရေးဂိတ်ကို အပြီးတိုင်ဖျက်သိမ်းလိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် တစ်အိမ်ကို ငွေကျပ် ၄၀,၀၀၀ နီးပါး ကောက်ယူနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်မှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး တစ်အိမ်ကို ငွေကျပ် ၃၆,၅၀၀ ကျပ် ကောက်ယူနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒီးမော့ဆိုက စိမ့်စမ်းရေ စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ မိုးကာလိုအပ်နေ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ရှောင်‌နေရတဲ့ စိမ့်စမ်းရေ စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ မိုးကာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ဧပြီလ ၂၈ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် သဘက်ချောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ

ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ကျေးရွာက သဘက်ချောင်းတံတားဟာ ဧပြီလ ၂၇ရက်ညပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် တစ်အိမ်ကို ငွေကျပ် ၄၀,၀၀၀ နီးပါး ကောက်ယူနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်မှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး တစ်အိမ်ကို ငွေကျပ် ၃၆,၅၀၀ ကျပ် ကောက်ယူနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သရက်ကုန်းရွာ တိုက်ပွဲ စစ်ကောင်စီ ၅၉ ဦး သေပြီး ၄၀ ခန့် ဒဏ်ရာရ

မန္တလေး PDF (MDY-PDF) တို့က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး၀န်ကြီးဌာနက ဒီနေ့ ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now