စစ်ရေးသတင်း

ဆီဆိုင်မြို့နယ်မှာ မိုင်းရှင်းဖို့အတွက် ပြည်သူ့စစ်က တစ်အိမ် ၁ သိန်း ကောက်ဖို့စီစဉ်

မဲခေါင် 10 Apr - 2024
ဆီဆိုင်မြို့နယ်တစ်ခုလုံးမှာ မိုင်းရှင်းလင်းဖို့အတွက် ပအိုဝ်းပြည်သူ့စစ် (PNA)က တစ်အိမ် ၁ သိန်း ကောက်ခံမယ်ဆိုပြီး ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၁၀

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တစ်ခုလုံးမှာ မိုင်းရှင်းလင်းဖို့အတွက် ပအိုဝ်းပြည်သူ့စစ် (PNA)က တစ်အိမ် ၁ သိန်း ကောက်ခံမယ်ဆိုပြီး ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလအကုန်ခန့်မှာ စတင်ကောက်ခံမှာ ဖြစ်ပြီး လက်ရှိဒေသခံတွေတင်မက အဝေးရောက် စစ်ဘေးရှောင်တွေကိုလည်း ထည့်ဝင်ဖို့အတွက် ဖိအားပေးနေတယ်လို့ ဆိုပါတယ်။

PNA နဲ့ နီးစပ်သူ တစ်ဦးက “နှစ်တိုင်း ဒီပုံစံပါပဲ။ ကောက်ပြီး လုပ်စားတာပေါ့နော်။ ဘယ်နေရာမှာ ထောင်ထားတဲ့ မိုင်းကို သူတို့က ဘယ်လို ရှင်းပေးတယ်ဆိုတာ ပြည်သူက မသိနိုင်ဘူးလေ။ ဘယ်သူမှလည်း မတွေ့ရဘူး။ သူတို့ လုပ်ဇာတ်တွေပေါ့” လို့ ပြောပါတယ်။

ဆီဆိုင်ဒေသခံတွေအနေနဲ့ အလုပ်အကိုင်ရှားပါးပြီး စစ်ဘေးရှောင်နေရတဲ့အချိန်မှာ ထည့်ဝင်ဖို့ခက်ခဲနေတဲ့အပြင် မထည့်ဝင်တဲ့သူတွေကို နည်းမျိုးစုံနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်နေတာကြောင့် ရှာကြံပြီး ထည့်ဝင်ဖို့ ပြင်ဆင်နေရတယ်လို့ ဆိုပါတယ်။

ဒေသခံ တစ်ဦးက “သူတို့က မထည့်တဲ့ အိမ်တွေကို မူးယစ်ဆေး အကြောင်းပြဖမ်းမယ်။ တစ်ခါတည်း ရှေ့တန်းပို့မယ်။ သူတို့ နည်းမျိုးစုံ ဖိအားပေးတာပေါ့နော်။ အခုလည်း အကုန်လုံးက ကြောက်လန့်နေရတယ်” လို့ ပြောပါတယ်။

အခုလိုမျိုးကိစ္စရပ်တွေကို ပြည်သူ့စစ်ခေါင်းဆောင်တွေကိုယ်တိုင်က အမိန့်ပေးပြုလုပ်ခိုင်းနေတာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ တိုင်တန်းစရာ နေရာတွေမရှိဘဲ ရင်ဆိုင်ဖြေရှင်းနေရတဲ့အနေအထားမှာ ရှိနေပါတယ်။

အလားတူ ၂၀၂၂ ခုနှစ်တုန်းကလည်း ပင်လောင်းဖက်မှာ PNA က မိုင်းရှင်းဖို့အတွက် ငွေကြေးကောက်ခံဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK-015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

KNLA နဲ့ PDF ဝင်တိုက်တဲ့ ပဲဒက်စစ်ကောင်စီစခန်းမှ ၂၆ ယောက်ဖမ်းမိ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ပဲဒက်ရွာမှ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မေ ၅
မြန်မာ့နွေဦး

မြစ်ကြီးနား ဗလမင်းထင်တံတားထိပ်မှာ တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား အဝင်က ဗလမင်းထင်တံတားထိပ်မှာ ဒီနေ့ မေ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကစပြီး လက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရှေ့တန်း စစ်မြေပြင်မှာ မြေမြုပ်မိုင်း ထိသွားတဲ့ ရှမ်းတောင် PDF တပ်ဖွဲ့ဝင် တစ်ဦး အကူအညီလိုအပ်နေ

ရှမ်းတောင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၅ တပ်ရင်း(SSPDF)က တပ်ဖွဲ့ဝင်တစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA နဲ့ ပူးပေါင်းအဖွဲ့ မလိုက်နိုင်အောင် တံတားကို မိုင်းခွဲပြီး စစ်ကောင်စီတပ် ထွက်ပြေး

ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ ကဇူးရွာ အနီးက ဒဘတ်ချောင်းကူးတံတားကို မေလ ၈ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့က ကား ၂ စီးနဲ့ လာရောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖယ်ခုံ PDF တည်ထောင်ခြင်း ၃ နှစ်ပြည့် ရဲဘော်အသစ်၊ ဟောင်းတွေ တက်ရောက်

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (ဖယ်ခုံ PDF) တပ်ရင်း ၂၊ တပ်ခွဲ ၁ရဲ့ ၃ နှစ်ပြည့် မျက်နှာစုံညီပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ နောင်ရင်းဒုံကျေးရွာအနီး မိုင်းနင်းမိလို့ ရွာသားတစ်ဦး ခြေပြတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းဒုံကျေးရွာအနီး တွင် မနေ့ မေလ ၈ ရက်က မြေမြုပ်မိုင်းနင်းမိလို့ ရွာသား ၁ ဦးခြေပြတ်ဒဏ်ရာ ရရှိသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မိုးမောက်မြို့ထဲကို စစ်ကောင်စီဗုံးကြဲ၊ နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ထဲ မနေ့ မေ ၈ ရက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲသွား နေအိမ်တချို့မီး ထပ်လောင်ကျွမ်းသွားကြောင်း ဒေသခံ တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ် ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now