မဲခေါင်၊ အောက်တိုဘာ ၉
အောက်တိုဘာ ၇ ရက်နေ့က ပါလက်စတိုင်းမှာအခြေစိုက်တဲ့ ဟားမက်စ်စစ်သွေးကြွအဖွဲ့ဟာ အစ္စရေးနယ်စပ် ဖြတ်ကျော်ပြီး ဂီတဖျော်ဖြေပွဲမှာ သေနတ်တွေ၊ ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်ပြီ အစ္စရေးဘက်ကို ဒုံးကျည် အလုံး ၅၀၀၀ ကျော်အထိသုံးပြီး အလုံးအရင်းတိုက်လိုက်လို့ ထိုင်းနိုင်ငံသား ၁၂ ဦးသေဆုံးကာ ၁၁ ဦး ပြန်ပေးဆွဲ ခံထားရကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးမှာ ထိုင်းနိုင်ငံသား အလုပ်သမား ၃၀၀၀၀ ဝန်းကျင်သွားရောက်အလုပ်လုပ်ကိုင်နေကြသလို အများစုက စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကြတာဖြစ်ပါတယ်။
အခု အစ္စရေးဘက်က စစ်ကြေညာပြီး ပါလက်စတိုင်း နယ်မြေဂါဇာမြို့ကို ဒုံးကျည်တွေနဲ့ပတ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက် ပြုလုပ်နေတဲ့အပြင် တင့်ကားတွေနဲ့ပါ ဝင်ရောက်ရှင်းလင်းဖို့ စီစဉ်နေရာမှာ ဒီသတင်းပတ်ကုန် ၂ ရက်အတွင်း နှစ်ဖက်စလုံးပေါင်း သေဆုံးသူ ထောင်ကျော်သွားပြီဖြစ်ပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီး ဖိဖတ်က ထိုင်းနိုင်ငံသား ၅၀၀၀ ဟာ စစ်အန္တရာယ်ဇုန်ထဲမှာ ရှိနေကြပြီး အစ္စရေး စစ်တပ်က ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေဆဲဖြစ်ကာ ၁၀၉၉ ယောက်က ပြည်တော်ပြန်လာဖို့ စာရင်းပေးထား လို့ သွားခေါ်ဖို့အရေး အသင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ရှင်းလင်းပြောကြားသွားပါတယ်။
အစ္စရေးမှာ ထိုင်းလုပ် သားတွေအပြင် ဖိလစ်ပိုင်နဲ့ အာဆီယံ ရွှေ့ပြောင်းလုပ်သားများစွာလည်း ရှိနေပြီး ပဋိပက္ခထဲ ပိတ်မိနေတာဖြစ်ပါ တယ်။
Ref: straitstimes
MKF-001
#MeKongNews
#အစ္စရေး
#ဟားမက်စ်
#ထိုင်း
#ပြန်ပေးဆွဲ
#ဝန်ကြီးချုပ်