ကမ္ဘာ့သတင်း

အကြမ်းဖက်မှုကို ဦးဆောင်တဲ့ ဟားမက်စ်ခေါင်းဆောင်ကို သုတ်သင်နိုင်ပြီလို့ အစ္စရေးကြေညာ

မဲခေါင် 6 Dec - 2023
အစ္စရေးနယ်စပ်မြို့ကစ်ဘတ်ဇ်ကို ဂလိုက်ဒါတွေနဲ့ ကျော်ဝင်ပြီး လူပေါင်း ၁၂၀၀ ကျော် သတ်ဖြတ်သွားတဲ့ အောက်တိုဘာ ၇ ရက်နေ့က အကြမ်းဖက်မှုကို ခေါင်းဆောင်သူ ဟားမက်စ် စစ်ခေါင်းဆောင်ကို သတ်နိုင်ခဲ့ပြီလို့ အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၆

အစ္စရေးနယ်စပ်မြို့ကစ်ဘတ်ဇ်ကို ဂလိုက်ဒါတွေနဲ့ ကျော်ဝင်ပြီး လူပေါင်း ၁၂၀၀ ကျော် သတ်ဖြတ်သွားတဲ့ အောက်တိုဘာ ၇ ရက်နေ့က အကြမ်းဖက်မှုကို ခေါင်းဆောင်သူ ဟားမက်စ် စစ်ခေါင်းဆောင်ကို သတ်နိုင်ခဲ့ပြီလို့ အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ဟားမက်စ်ရဲ့ ရှူဂျာအီယာတပ်မဟာမှူး ဝစ်ဆမ်ဖာဟက်နဲ့သူ့တပ်ဟာ အစ္စရေးကို ကျူးကျော်တိုက်ခိုက်တဲ့တပ် ဖြစ်ပြီး ဒီဇင်ဘာ ၂ ရက် စနေနေ့က လေကြောင်းတိုက်ခိုက်မှုကြောင့်ပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ အစ္စရေးဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ဝစ်ဆမ်ဖာဟက်ဟာ ကစ်ဘတ်ဇ်မြို့ကို ဝင်ရောက်စီးနင်းရာမှာ အမိန့်ပေးစေခိုင်းသူဖြစ်သလို ဂီတဖျော်ဖြေပွဲထဲက လူစုလူဝေးအများကြီးထဲ အကုန်ပစ်သတ်ဖို့ အမိန့်ပေးခဲ့သူလည်းဖြစ်ကြောင်း၊ ဒီလို ဖုန်းဆက်သွယ်ခိုင်းစေမှုမှတ် တမ်းတွေကိုလည်း ရရှိထားကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အဗီချေးအက်ဒ်ရေးက ထုတ်ပြန်ပြောဆို သွားပါတယ်။

အက်ဒ်ရေးဟာ သူ့ X (တွစ်တာ) မှာလည်း ကျန်ရှိနေသေးတဲ့ ဟားမက်စ်အကြမ်းဖက်တပ်တွေအနေနဲ့ လက်နက်ချမလား အသေခံမလားလို့လည်း ရာဇသံပေးတဲ့ စာသားရေးတင်ခဲ့ပါတယ်။

“ဟားမက်စ် ရှူဂျာအီယာတပ်မဟာက ခေါင်းဆောင်တွေအတွက် နောက်ဆုံးသတိပေးချက်ဖြစ်ပါတယ်။ အစ္စရေးတပ်ဟာ ဟားမက်စ်တွေရဲ့ အခြေခံအဆောက်အအုံတွေအားလုံးကို ဖျက်ဆီးနေပြီး ဝိုင်းပိတ်ထားပါပြီ။ အင်အားလည်း အလုံး အရင်းသုံးထားလို့ လက်နက်ချမလား အသေခံမလား နောက်ဆုံး ဆုံးဖြတ်ကြပါ” လို့ ရေးတင်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးဟာ သတ်ဖြတ်နိုင်ခဲ့ပြီးဖြစ်တဲ့ ဟားမက်စ် စစ်ခေါင်းဆောင်တွေအပါအဝင် မသုတ်သင်နိုင် သေးတဲ့ ခေါင်းဆောင် ၁၁ ယောက် စာရင်းကိုလည်း ကမ္ဘာသိထုတ်ပြန်ခဲ့သလို သူတို့ကို ဝေဖန်ပုတ်ခတ်ရင်ဟားမက်စ်တွေ ကြိုးပေးသတ်တဲ့ ဟားမက်စ်တရားရုံးကို လည်း ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ ရုပ်သံကို ထုတ်ပြန်ခဲ့ပါတယ်။

Ref:Thesun
MKF-001

#MeKongNews

#အစ္စရေး

#ဂါဇာ

#ခေါင်းဆောင်

#သုတ်သင်

#ကြေညာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်အတွင်း ရုရှားဘက်ကစစ်သည် ၄၅၀၀၀၀၊ တင့်ကား ၃၀၀၀၊ လေယာဉ် အစီး ၅၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကေထောက်လှမ်းရေးထုတ်ပြန်

ယူနိုက်တက်ကင်းဒမ်း (ယူကေ) ထောက်လှမ်းရေးအဖွဲ့က ယူကရိန်းစစ်အတွင်း ရုရှားဘက်က စစ်သည် ၄၅၀၀၀၊ တင့်ကားအပါယာဉ်ပေါင်း ၃၀၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၅၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

တရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူး ခြေချနိုင်ဖို့ အမေရိကန် ကူညီမယ်

တရုတ်ရဲ့ အာရှမှာ ပထမဆုံးလကမ္ဘာပေါ် ခြေချနိုင်မယ့် ရည်မှန်းချက်ကို အမေရိကန်က ပျက်သုဉ်းသွားစေဖို့ ဂျပန်ကိုကူညီပြီးတရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူးကို ခြေချနိုင်စေဖို့ ကူညီသွားမှာ ဖြစ် ကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

South China Sea: Is China finding itself in the US and its allies’ crosshairs?

The US and the Philippines will conduct joint naval exercise in the area near the South China Sea and Taiwan

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now