မဲခေါင်၊ အောက်တိုဘာ ၄
ကာရေဘီယံပင်လယ်ကွေ့နိုင်ငံ ဂျမေကာ နိုင်ငံ စိန့်အန်းမြို့ အိုချိုရီယို့စ်အမည်ရ စာသင်ကျောင်းမှာ ဆေးခြောက် နဲ့ထုတ်လုပ်ထားတဲ့ ပရိုတိန်းသက်တံသကြားလုံးတွေကို စားသုံးမိလို့ ကျောင်းသားကလေးငယ် ၆၀ ကျော် ဆေးရုံ တင်ကုသမှုခံယူနေရကြောင်း သိရှိရပါတယ်။
ကလေးငယ်တွေဟာ အော့အန်ခြင်း၊ ယောင်ရမ်းခြင်းတွေဖြစ်ပြီး ဆေးရုံတင်ခဲ့ရပေမယ့် အန္တရာယ်ရှိတဲ့ အခြေအနေမျိုး တစ်ယောက်မှ မရှိကြောင်း၊ အတူတကွကျော်ဖြတ်ရမှာဖြစ်ပြီး နိုင်ငံအတွင်းဆေးခြောက် သွပ်သွင်း စားသုံးကုန်တွေမှာ မဆင်မခြင်ထုတ်လုပ်ရောင်းချနေမှုကို တိုက်ပွဲဝင်ဆန့်ကျင်သွားဖို့လိုပြီးလို့ နိုင်ငံ ပညာရေးဝန်ကြီး ဖေရယ်ဝီလျံက ထုတ်ဖော်ပြောဆိုသွားပါတယ်။
ကလေးတွေစားတဲ့ ရောင်စုံပါကင် သကြားလုံး Full Throttle Sour Belts ထဲမှာ THC ၁၀၀ မီလီဂရမ်အထိ ထည့်သွင်းထုတ်လုပ်ထားတဲ့အတွက် အရွယ်ရောက်ပြီးသူတွေတောင် တော်တော် ခံစားရစေတဲ့ ထုတ်လုပ်ထားမှုဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၅ ခုနှစ်က ဆေးခြောက် ၅၇ ဂရမ်ထက်ပိုပြီးလက်ဝယ်ပိုင်ဆိုင်သူတွေကို ရာဇဝတ်မှု ကျူးလွန်သူတွေအဖြစ်သတ်မှတ်ကြောင်း ဥပဒေထုတ်ပြန်ခဲ့ကြောင်း၊ အရွယ်ရောက်ပြီးသူတွေအတွက် ဆေးခြောက်ဖြည့်စွက် စားသောက်ကုန်တွေကို ကလေးတွေ မစားမိစေအောင် သေချာဥပဒေပြု စည်းကမ်း တင်ကျပ်ဖို့လိုပြီဖြစ်ကြောင်း ဖေရ်ဝီလျံက ရှင်းလင်းပြောဆိုခဲ့ပါတယ်။
Ref: abc
MKF-001
#MeKongNews
#ဂျမေကာ
#ဆေးခြောက်
#သကြားလုံး
#ကလေး