မဲခေါင်၊ ဖေဖော်ဝါရီ ၂၇
ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၉၀ အတွင်း လက်ထပ်မှုနှုန်း အကျဆင်းဆုံးဖြစ်ခဲ့သလို ကလေးမွေးဖွားမှုနှုန်းကလည်း ၈ နှစ်ဆက် ကျဆင်းရာမှာ အဆိုးဆုံးအဆင့်စံချိန်တင်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။
၂၀၂၃ ခုနှစ်အတွက် ဂျပန်အစိုးရရဲ့ စစ်တမ်းကောက်ယူမှု ကနဦးစာရင်းကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ထုတ်ပြန် ခဲ့ရာမှာ ကလေးမွေးဖွာမှုနှုန်းဟာ ၈ နှစ်ဆက် ကျဆင်းရာမှာ မနှစ်က စံချိန်တင်အဆိုးဆုံးကျဆင်းမှုဖြစ်ခဲ့ရပါတယ်။
ဂျပန်အစိုးရဟာ သက်ကြီးရွယ်အို ပင်စင်စားလူဦးရေးအများဆုံးဖြစ်နေပြီး နိုင်ငံအတွက် အလုပ်လုပ်နိုင်စွမ်းရှိတဲ့ လူငယ်ဦးရေ နည်းပါးလွန်းလာလို့ မွေးဖွားမှုနှုန်းမြှင့်တင်ဖို့ စီမံကိန်းချ ကြိုးစားနေပါလျှက် မွေးဖွားမှုနှုန်းဟာ ရှေ့တစ်နှစ်ကထက် ၅ . ၁ ရာခိုင်နှုန်းကျဆင်းပြီး ၇၅၈၆၃၁ ဦးသာ တစ်နှစ်အတွင်း မွေးဖွားခဲ့ပါတယ်။
လက်ထပ် မှုနှုန်းကလည်း နှစ် ၉၀ အတွင်း အဆိုးရွားဆုံးကျဆင်းမှုအဖြစ် ရှေ့တစ်နှစ်ကထက် ၅ . ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၄၈၉၂၈၁ ယောက်သာ လက်ထပ်ခဲ့ကြပါတယ်။
နှစ် ၉၀ အတွင်း လက်ထပ်နှုန်း ၅၀၀၀၀၀ အောက် ပထမဆုံး အကြိမ် ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ လက်မထက်ဘဲ ကလေးမွေးဖွားမှု နှုန်းဟာလည်း ဆက်လက်ကျဆင်းနေခဲ့ကြောင်း သိရှိရပါတယ်။
Ref: asiaone
MKF-001