ကမ္ဘာ့သတင်း

ကိုကင်းကို တရားဝင် ရောင်းချသုံးစွဲခွင့်ပြုရေး ဆွစ်ဇာလန်မှာ အဆိုပြုဖို့ ပြင်ဆင်

မဲခေါင် 21 Dec - 2023
ဆေးခြောက်ကို အစောပိုင်းအဆင့် တရားဝင်ရောင်းချသုံးစွဲမှုစီမံကိန်းစတင်နေတဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ကိုကင်းကို ပါ တရားဝင် စိတ်အပန်းဖြေ ဆေးဝါးအဖြစ် ရောင်းချသုံးစွဲခွင့်ပြုဖို့ လွှတ်တော်မှာ တင်ပြအဆိုပြုသွားတော့မယ်လို့ သိရပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၂၁

ဆေးခြောက်ကို အစောပိုင်းအဆင့် တရားဝင်ရောင်းချသုံးစွဲမှုစီမံကိန်းစတင်နေတဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ကိုကင်းကို ပါ တရားဝင် စိတ်အပန်းဖြေ ဆေးဝါးအဖြစ် ရောင်းချသုံးစွဲခွင့်ပြုဖို့ လွှတ်တော်မှာ တင်ပြအဆိုပြုသွားတော့မယ်လို့ သိရပါတယ်။

ဥရောပတိုက်မှာ ဆွစ်ဇာလန်နိုင်ငံဟာ ကိုကင်းအများဆုံးသုံးတဲ့နိုင်ငံထဲပါဝင်ပြီး ဇူးရစ်၊ ဘေဆယ်၊ ဂျီနီဗာမြို့ကြီး တွေဟာ ဥရောပရဲ့ ကိုကင်းအများဆုံးသုံးစွဲတဲ့ မြို့ကြီး ၁၀ မြို့ထဲပါဝင်နေသလို ဈေးနှုန်းကလည်း ဘီယာတစ် ပုလင်းဈေးလောက်နဲ့အသန့်စင်ဆုံး ကိုကင်းကို ဝယ်ယူရရှိနေနိုင်တဲ့အတွက် မူးယစ်ဆေးဝါးအဖြစ် ဖိနှိပ်တားမြစ် ခြင်းဟာ မထိရောက်လို့ တရားဝင်သတ်မှတ်ပေးပြီး စည်းကမ်းနဲ့ ထိန်းချုပ်ခြင်းတိုးမြှင့်လုပ်ဆောင်ခြင်းကသာ ထိရောက်စေမယ်လို့ ဘန်းမြို့တော်ကောင်စီ Alternative Left ပါတီ လွှတ်တော်အမတ်အီဗာချန်းက လွှတ်တော်ထံတင်ပြ သွားမယ်လို့ ဖွင့်ပြောသွားပါတယ်။

Alternative Left Party ဟာ ကိုကင်းကို စိတ်အပန်းဖြေရေးအသုံးပြုဆေးဝါးအဖြစ် ပြောင်းလဲသတ်မှတ်ပြီး တရားဝင် ထုတ်လုပ်ရောင်းချသုံးစွဲခွင့်ပြုရေး စီမံကိန်းအတွက် ပူးတွဲစပွန်ဆာပေးထားပြီး မူးယစ်စစ်ပွဲကို ဖိနှိပ်ခြင်းနဲ့ အဆုံးမသတ်နိုင်တဲ့အဆုံး တရားဝင်ခွင့်ပြုပြီး စည်းကမ်းတကျ ထုတ်လုပ်သုံးစွဲစေခြင်းက ပိုပြီး ထိရောက်မယ်လို့ လှုံ့ဆော်တင်ပြလာပါတယ်။

ဆွစ်ဇာလန် မူးယစ်ဆေးဝါးစွဲလမ်းသူများကူညီရေးအဖွဲ့ Addiction ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဖရန့်ဇိုဘယ်က “ကိုကင်းဈေးနှုန်းက ဆွစ်ဇာလန်မှာ ၅ နှစ်အတွင်း ထက်ဝက်ကျလာတယ်။ နိုင်ငံထဲမှာလည်း ကိုကင်းတွေမှ အများကြီးကိုရှိနေတာ။ အသန့်စင်ဆုံး၊ အရည်အသွေး အကောင်းဆုံး ကိုကင်း တစ်ခါသုံးစာဟာ ၁၀ ဖရန့်ပဲရှိပြီး ဘီယာတစ်ပုလင်းဈေးလောက်ပဲ ရှိတယ်” လို့ ရှင်းလင်းပြောဆိုပါ တယ်။

ဒါပေမဲ့ အကောင်အထည်ပေါ်လာရေးက ဘယ်လောက်ကြာမယ်ဆိုတာ မသိနိုင်သေးဘဲ လက်ရှိ လွှတ်တော်မှာ တရားမဝင်မူးယစ်ဆေးဝါးစာရင်းကနေ ပြန်လည်ပယ်ဖျက်ဖို့ ဦးစွာ အဆိုတင်သွင်းရမှာဖြစ်ကြောင်း၊ ဆေးခြောက် တရားဝင် ရောင်းဝယ်သုံးစွဲမှု စီမံကိန်းအမြန်အောင်မြင်ရင် ကိုကင်း တရားဝင်သုံးစွဲမှုကလည်း ပိုမြန်မြန်အကောင် အထည်ပေါ်လာနိုင်ပါတယ်။

ပထမဆုံး သုံးစွဲသူရော၊ ကာလရှည်စွဲလမ်းစွာသုံးစွဲသူပါ သေစေနိုင်တဲ့ အန္တရာယ်ရှိလို့ ဒီလိုအန္တရာယ်မဖြစ်စေဖို့ ကိုကင်းထုတ်လုပ်မှုစံနှုန်းကို သိပ္ပံပညာရှင်တွေနဲ့ ထပ်တိုင်ပင်ပြီး ထုတ်လုပ်သန့်စင်မှု စနစ်၊ ရောင်းချမှုစနစ်နဲ့ သုံးစွဲမှုစံနှုန်းတွေကိုပါ သေချာပြဌာန်းပြီးမှ ကမ္ဘာ့ ပထမဆုံးသော ကိုကင်း တရားဝင်သုံးစွဲ ခွင့်ပေးတဲ့ နိုင်ငံဖြစ်လာနိုင်မှာပါလို့ အီဗာချန်းက ပြောကြားသွားပါတယ်။

Ref:Thesun
MKF-001

#MeKongNews

#ကိုကင်း

#ဘီယာဈေး

#တရားဝင်

#ခွင့်ပြု

#ဆွစ်ဇာလန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်အတွင်း ရုရှားဘက်ကစစ်သည် ၄၅၀၀၀၀၊ တင့်ကား ၃၀၀၀၊ လေယာဉ် အစီး ၅၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကေထောက်လှမ်းရေးထုတ်ပြန်

ယူနိုက်တက်ကင်းဒမ်း (ယူကေ) ထောက်လှမ်းရေးအဖွဲ့က ယူကရိန်းစစ်အတွင်း ရုရှားဘက်က စစ်သည် ၄၅၀၀၀၊ တင့်ကားအပါယာဉ်ပေါင်း ၃၀၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၅၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

တရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူး ခြေချနိုင်ဖို့ အမေရိကန် ကူညီမယ်

တရုတ်ရဲ့ အာရှမှာ ပထမဆုံးလကမ္ဘာပေါ် ခြေချနိုင်မယ့် ရည်မှန်းချက်ကို အမေရိကန်က ပျက်သုဉ်းသွားစေဖို့ ဂျပန်ကိုကူညီပြီးတရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူးကို ခြေချနိုင်စေဖို့ ကူညီသွားမှာ ဖြစ် ကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

South China Sea: Is China finding itself in the US and its allies’ crosshairs?

The US and the Philippines will conduct joint naval exercise in the area near the South China Sea and Taiwan

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှား ကာကွယ်ရေးဒုဝန်ကြီး နိုင်ငံတော်ပုန်ကန်မှု၊ လာဘ်စားမှုနဲ့ ဖမ်းဆီးခံရ

ရုရှား ကာကွယ်ရေးဒုဝန်ကြီး တီမာအီဗန်နော့ဗ်ကို အကျင့်ပျက်လာဘ်စားမှုနဲ့ ရာထူးက ဖြုတ်ချပြီး ဖမ်းဆီးကာ ရမန်ယူစစ်ဆေးနေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now