နေ့စဥ်သတင်း

တာချီလိတ်မှာတရုတ်ဂိုဏ်းတွေရုပ်ရှင်ဆန်ဆန်ပြန်ပေးဆွဲပြန်

မဲခေါင် 8 Mar - 2023
တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လူစည်ကားတဲ့လမ်းမကြီးပေါ်မှာ တရုတ်လူမိုက်ဂိုဏ်းတွေက လူတစ်ယောက်ကို ရုပ်ရှင်ကားဆန်ဆန်ပြန်ပေးဆွဲသွားတယ်လို့ ဒေသခံတွေက မဲခေါင်ကို ပြောပါတယ်။

မဲခေါင်၊ မတ် ၈

တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လူစည်ကားတဲ့လမ်းမကြီးပေါ်မှာ တရုတ်လူမိုက်ဂိုဏ်းတွေက လူတစ်ယောက်ကို ရုပ်ရှင်ကားဆန်ဆန်ပြန်ပေးဆွဲသွားတယ်လို့ ဒေသခံတွေက မဲခေါင်ကို ပြောပါတယ်။

တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်က လပြည့်ဝန်းဆီဆိုင်ရှေ့နားမှာ မတ်လ ၃ရက်နေ့ည ၉နာရီလောက်က လူတစ်ယောက်ကို တရုတ်လူမျိုး ၄ယောက်လောက်က သေနတ်တွေနဲ့ ဝိုင်းချိန်ပြီး ပြန်ပေးဆွဲသွားတာဖြစ်တယ်လို့ မျက်မြင်တွေ့တဲ့ဒေသခံတစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

ပြန်ပေးဆွဲတဲ့လူတွေဟာ စနစ်တကျလေ့ကျင့်ထားတဲ့ပုံစံဖြစ်တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

“သေနတ်ကိုင်တာကအစ စနစ်ကျတယ်။ လူကို မချိန်ထားတဲ့အချိန်ဆိုရင် ပြောင်းကို အောက်ကို စိုက်ထားတယ်။ ပစ္စတိုကို ကိုင်တာကအစ လက်နှစ်ဖက်နဲ့ သေသေချာချာကိုင်တယ်။ တကယ့်ကို စနစ်တကျလေ့ကျင့်ထားတဲ့လူတွေနဲ့ ပြန်ပေးဆွဲတာ” လို့ သူက ပြောပါတယ်။

တာချီလိတ်မြို့မှာ ဒီလိုပြန်ပေးဆွဲမှုတွေဖြစ်ပွားတာဟာ ပြီးခဲ့တဲ့ ၈လအတွင်း အနည်းဆုံး အမှု ၄၀လောက်ရှိပြီး ပြန်ပေးဆွဲခံရသူတွေထဲမှာ တာချီလိတ်က နာမည်ကြီးသူဌေးတွေလည်း ပါတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ပြန်ပေးဆွဲခံရသူတွေဟာ ဘတ် ၁၀သန်းထက်မနည်းပေးပြီးမှ ပြန်လွတ်လာကြတာများတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့သူဌေးတစ်ဦးနဲ့ နီးစပ်သူက ပြောပါတယ်။

“ပြန်ပေးဆွဲတာတွေက တောက်လျှောက်ပဲ။ တချို့က ရှက်လို့မပြောကြတာ။ တာချီလိတ်က ဘာမှ လုံခြုံမှုမရှိတော့ဘူး”လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ အာခါဈေးလမ်းထဲက လမ်းကြားတစ်ခုမှာ ရုပ်ရှင်ကားဆန်ဆန်ပြန်ပေးဆွဲတာ ဖြစ်သွားခဲ့သေးတယ်လို့ ရန်အောင်မြေရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။

“ပြန်ပေးဆွဲမယ့်ကောင်တွေက သူတို့ဆွဲမယ့်သူကို သေသေချာချာလေ့လာထားတာ။ ကားလာတာကို အချိန်ကိုက်စောင့်ပြီး သူတို့ကားနဲ့ယှဉ်ရပ်လိုက်တယ်။ ပြီးတော့ သေနတ်တွေနဲ့ဝိုင်းချိန်ပြီး ကား ၂စီးလုံးကို သူတို့ကားနဲ့ မောင်းပြီးထွက်သွားတာ” လို့ သူက ပြောပါတယ်။

တာချီလိတ်မြို့မှာ စစ်တပ်အာဏာမသိမ်းမီ လပိုင်းအလိုလောက်ကစပြီး တရုတ်လူမျိုးတွေနဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေ စဝင်လာတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တရားဥပဒေစိုးမိုးမှုက မရှိသလောက်ဖြစ်သွားတဲ့အတွက် အလုံးအရင်းနဲ့ဝင်လာကြတယ်လို့ စုံစမ်းသိရပါတယ်။

တာချီလိတ်မြို့မှာ ဒီလိုရာဇဝတ်မှုတွေများလာပြီး ဒေသအာဏာပိုင်ကလည်း နှိမ်နင်းနိုင်ခြင်းလုံးဝနီးပါးမရှိတာကြောင့် ထိတ်တလန့်လန့်နဲ့ နေထိုင်ရတယ်ပြီး လုံခြုံမှုမရှိတာကို ပိုခံစားလာရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

MK – 004

#MeKongNews 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now