မဲခေါင်၊ အောက်တိုဘာ ၇
ကိုးကန့်ဒေသက လုပ်ငန်းရှင်တွေ တရုတ်မှာဖမ်းဆီးခံရပြီးနောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံ သား ၃၇၇ ဦးအား တရုတ်ရဲတပ်ဖွဲ့ထံ ဒီနေ့ အောက်တိုဘာလ ၇ ရက်နေ့က လွှဲပြောင်းပေးကြောင်း ကိုးကန့်သတင်းက ထုတ်ပြန်လာပါတယ်။
တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား တွေကို ဥပဒေနဲ့ အညီ ဖမ်းဆီးပြီး တရုတ်ဘက်တရုတ် နိုင်ငံရဲတပ်ဖွဲ့ထံ လွှဲပြောင်း ပို့ဆောင် ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဲဒီ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား စုစုပေါင်း ၃၇၇ ဦး ကိုရန်လုံကျိုင်းနယ်စပ်ဂိတ် ကနေ လွှဲ ပြောင်း ပို့ဆောင်ခဲ့ ကြောင်း သိရပါတယ်။
ဖမ်းဆီး လွှဲပြောင်း ပို့ဆောင်ခံခဲ့ရသူတွေဟာ တရားမဝင် နယ်စပ်ဂိတ်ကနေ ဖြတ်ကျော်ကာ ဝင်လာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က ကိုးကန့် ဒေသ မျက်နှာဖုံး အကြီးစား စီးပွားရေး လုပ်ငန်းရှင် ၁၁ ဦးကို ကိုးကန့် – တရုတ် နယ်စပ်၊ တရုတ်ဘက်ခြမ်း လင်ချန်းမြို့နယ်၊ နန်စန်မြို့မှာ ကျင်းပတဲ့ ကုန်စည်ပြပွဲမှာ တရုတ်နိုင်ငံနဲ့ သက်ဆိုင်တဲ့ ဥပဒေကို ချိုးဖောက်လို့ဆိုပြီး တရုတ်ရဲ တွေရဲ့ ဖမ်းဆီး တာခံခဲ့ရတာပါ။
တရုတ်အစိုးရဟာ သူ့နိုင်ငံသားတွေ ထိခိုက်နေတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နှင်းဖို့ကြိုးစားရာမှာ ကိုးကန့်အုပ်ချုပ်ရေးပိုင်းက မပူးပေါင်းလို့ ကိုကန့်စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီးတာဖြစ်တယ်လို့လည်း သုံးသပ်သူတွေက ဆိုပါတယ်။
CJ – 008
#MeKongNews
#ကိုးကန့်
#တရုတ်
#ကျားဖြန့်








