နိုင်ငံရေး

နေမကောင်းဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သီးခြားဆေးကုသခွင့် စစ်ကောင်စီပိတ်ပင်

မဲခေါင် 5 Sep - 2023
ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ သွားဖုံးရောဂါကြောင့် ဘာမှ မစားမသောက်နိုင်သလို နေထိုင်မကောင်းဖြစ်နေပေမယ့် ပြင်ပသီးခြားကုသခွင့်တောင်းဆိုမှုကို စစ်ခေါင်းဆောင်တွေက လက်မခံခဲ့ကြောင်း ဗြိတိန် Independent သတင်းဌာနကြီးက ဖော်ပြသွားပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၅

ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ သွားဖုံးရောဂါကြောင့် ဘာမှ မစားမသောက်နိုင်သလို နေထိုင်မကောင်းဖြစ်နေပေမယ့် ပြင်ပသီးခြားကုသခွင့်တောင်းဆိုမှုကို စစ်ခေါင်းဆောင်တွေက လက်မခံခဲ့ကြောင်း ဗြိတိန် Independent သတင်းဌာနကြီးက ဖော်ပြသွားပါတယ်။

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မတရားစွဲချက် ၁၉ ချက်နဲ့ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားပြီး ၅ မှုကို လွတ်ငြိမ်းခွင့်လျော့ပေါ့ပေးခဲ့ပေမယ့် ၂၇ နှစ် ကျခံရဦးမှာဖြစ်သလို ထောင်တွင်းကနေ နေအိမ်အကျယ်ချုပ် ပြန်ထားတယ်ဆိုတဲ့သတင်းကိုလည်း စစ်ကောင်စီဘက်က အတည်မပြုတဲ့အတွက် ခုထိ အကျဉ်းထောင်ထဲမှာ ရှိနေသေးပုံရပါတယ်။

မိခင် သီးခြားဆေးကုသခွင့်အတွက် ထောင်အာဏာပိုင်တွေက ထောက်ခံချက်ပေးတဲ့ကြားက စစ်ခေါင်းဆောင်တွေက လက်မခံဘဲ ငြင်းနေတဲ့အတွက် ဗြိတိန်နိုင်ငံသားဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် က “နေမကောင်းတဲ့လူတစ်ယောက် သီးခြားဆေးကုသဖို့ ထောက်ခံချက်ရတာတောင် ကုသခွင့်မပေးခြင်းက အင်မတန်ယုတ်မာတာ၊ ရက်စက်တာမျိုးပဲ။ အမေ့အကြောင်း ကျွန်တော်အကောင်းဆုံးသိတာပေါ့။ နေမကောင်ရင် မူးဝေ၊ အော့အန်တာတွေ အမြဲလိုဖြစ်တတ်တယ်။ ဒါကြောင့် ချက်ချင်း ဂရုစိုက်ကုသဖို့ထောင်က ထောက်ခံပေမယ့် သူတို့က ငြင်းဆိုလိုက်တယ်။ အမေ ဒီလို ကုသမှုမခံရရင် အန္တရာယ်ရှိတယ်။ စိုးရိမ်ရတယ်။ မြန်မာ စစ်ခေါင်းဆောင်တွေကို တောင်းဆိုချင်တာက အမေ့ကို ရန်ကုန်က သူ့အိမ်မှာ ပြန်ထားပြီး လူသားတစ်ယောက်အပေါ် လူလို ဆက်ဆံတဲ့နည်းနဲ့ ဆက်ဆံကြစေဖို့ပါ” လို့ စိုးရိမ်တကြီးပြောကြားသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် စီရင်ခံထားရတဲ့အမှုတွေအတွက် အယူခံဝင်ဖို့ ရှေ့နေအဖွဲ့တွေက ကြိုးစားနေပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းကစပြီး စစ်ကောင်စီက ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မပေးခဲ့လို့ မတွေ့ရတော့တာဖြစ်ပါတယ်။

Ref: independent.co.uk
MKF-001

#MeKongNews

#ဒေါ်အောင်ဆန်းစုကြည်

#နေမကောင်း

#စစ်ကောင်စီ

#သီးခြားကုခွင့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH”
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကြယ်တံခွန်မိုတယ် အွန်လိုင်းဂိမ်း ဖမ်းဆီးမှုမှ လူငယ် ၂၀၀ ကျော်ကို ၆ လ ကျော်ကြာမှ ပြင်းထန်သည့် ဥပဒေပုဒ်မဖြင့် စွဲချက်တင်ကာ ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ စစ်ဆေး၊ မိသားစုဝင်များ များစွာ အခက်အခဲဖြစ်နေရပြီး ပိုင်ရှင်နှင့် တာဝန်ခံများမှာမူ လွတ်မြောက်နေ

မဲခေါင်၊ ဩဂုတ် ၂၇ တာချီလိတ်မြို့ရှိ ကြယ်တံခွန်မိုတယ်တွင် အွန်လိုင်းဂိမ်း (အွန်လိုင်းလောင်းကစားလုပ်ငန်း) တွင် ဝင်ရောက်လုပ်ကိုင်းရင်း ဖမ်းဆီးခံရသည့် လူငယ် ၂၀၀ ကျော်ကို ပြင်းထန်သည့် ဥပဒေပုဒ်မ တစ်ခုဖြစ်သည့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းရယ်တွင် တရုတ်ကျားဖြန့် ၃ ဦး ဖမ်းမိ

မဲခေါင်၊ ဩဂုတ် ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်တွင် တရုတ်ကျားဖြန့် ၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် မီတာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဗဟိုကို ငွေသွင်းရမည်ဟုဆိုကာ PNO ပြည်သူ့စစ်က တစ်အိမ် ၂၀၀၀၀ ကျပ် ဆက်ကြေးကောက်

မဲခေါင်၊ ဩဂုတ် ၂၇ ဗဟိုဌာနချုပ်ကို ငွေသိန်းတစ်ထောင် သွင်းရမည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုတွင် တစ်အိမ် ၂ သောင်းကျပ် ဆက်ကြေးကောက်ခံနေသည်ဟု ဒေသခံများကပြောသည်။ ယခင်က တစ်လတစ်သောင်းကျပ် ဆက်ကြေးကောက်ခံနေရာမှ ယခု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now