မြန်မာ့နွေဦး

စစ်ကောင်စီက နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဉီးဝင်းမြင့် တို့ကို ပြစ်ဒဏ်တစ်ချို့ လျှော့ပေးပြီး ဆက်ဖမ်းထား

မဲခေါင် 1 Aug - 2023
မဲခေါင်၊ သြဂုတ် ၁ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဉီးဝင်းမြင့် တို့အပေါ် အမိန့်ချမှတ်ထားတဲ့ ပြစ်ဒဏ် တစ်ချို့ကို လွတ်ငြိမ်းခွင့်ပေးကြောင်း ဒီကနေ့ ဩဂုတ် ၁ ရက်နေ့မှာ စစ်ကောင်စီက ကြေညာပါတယ်။

မဲခေါင်၊ သြဂုတ် ၁

မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဉီးဝင်းမြင့် တို့အပေါ် အမိန့်ချမှတ်ထားတဲ့ ပြစ်ဒဏ် တစ်ချို့ကို လွတ်ငြိမ်းခွင့်ပေးကြောင်း ဒီကနေ့ ဩဂုတ် ၁ ရက်နေ့မှာ စစ်ကောင်စီက ကြေညာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး တရားစွဲ ထောင်ချခဲ့တဲ့ အမှု ၁၉ မှု အနက် ၅ မှုကို ပြစ်ဒဏ် လျှော့ပေါ့ပေးခဲ့ပြီး၊ ဉီးဝင်းမြင့် အပေါ် တရားစွဲ ချမှတ်ထားတဲ့ အမှု ၈ မှု အနက် ၂ မှုကို ပြစ်ဒဏ်လျှော့ပေါ့ ပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြစ်ဒဏ် လျှော့ပေါ့ခဲ့တဲ့ အမှု ၅ မှုဟာ နိုင်ငံတော် အကြည်ညို ပျက်စီးစေမှု ပုဒ်မ ၅၀၅-(ခ) အပါအဝင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ (၂၅၊) ဆက်သွယ်ရေး ပဒေ ပုဒ်မ (၆၇)၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ(၈) တို့နဲ့ စွပ်စွဲ ပြစ်ဒဏ်ချထားတဲ့ အမှု ၅ မှု ဖြစ်ပါတယ်။

ဒီကနေ့ ပြစ်ဒဏ် တစ်ချို့ လွတ်ငြိမ်းခွင့်ပေးခဲ့တာဟာ အကျဉ်းထောင်မှ ပြန်လွှတ်ပေးခြင်း မဟုတ်ဘဲ ပြစ်ဒဏ်အမိန့် ချထားတဲ့ အမှုများအပေါ် လျှော့ပေါ့ပေးခဲ့တာဖြစ်ပြီး၊ ကျန်ရှိနေတဲ့ အမှုများအတွက် ပြစ်ဒဏ် ဆက်လက် ကျခံရမယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တစ်ဉီးက ပြောပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦး၀င်းမြင် အပေါ် စစ်ကောင်စီက စီရင်ချက် မချမှတ်ရသေးတဲ့ တရားစွဲဆိုထားဆဲ အမှုများစွာ ရှိနေပြီး ထောင်ဒဏ် နှစ်များစွာ ချမှတ်ဣိုင်သေးတယ်လို့ တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ယနေ့ လွတ်ငြိမ်းခွင့်မှာ သေဒဏ်ချမှတ်ခံသူ တစ်ချို့ကို တစ်သက်တစ်ကျွန်းသို့ လျှော့ပေါ့ ပေးခဲ့ပါတယ်။

နိုင်ငံတစ်ဝန်း အကျဉ်းထောင်၊ အကျဉ်းစခန်းများရှိ အကျဉ်းသား အကျဥ်းသူ ၇,၇၄၉ ဉီးကို နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက အဆိုပါ ပြစ်ဒဏ်နဲ့အတူ ယခု ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို ဆက်လက် ကျခံပါမယ် ဆိုတဲ့ ခံဝန်နဲ့ လွတ်ငြိမ်းခွင့် ပေးခဲ့တာဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်တယ်လို့ သိရပါတယ်။

#MekongNews
#ဒေါ်အောင်ဆန်းစုကြည်
#သမ္မတဦးဝင်းမြင့်
# ပြစ်ဒဏ်_လွတ်ငြိမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now