မဲခေါင်၊ ဇူလိုင် ၁၅
NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တော်ဝင်ဒေါင်းစစ်ကြောင်းရဲ့ နောက်တန်း ရဲဘော်တွေရဲ့လက်ဝှေ့ထိုးပြိုင်ပွဲ ပုံရိပ်တွေကို ဒီနေ့ ဇူလိုင် ၁၅ ရက်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တော်၀င်ဒေါင်းစစ်ကြောင်းတပ်ဖွဲ့၀င်တွေဟာ ပဲခူးတိုင်းစစ်ရေးနယ်မြေ အတွင်း လုံခြုံရေးနဲ့ နယ်မြေစစ်ဆင်ရေးတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အမှတ်(၂)၊စစ်ဒေသတောင်ပိုင်း အနေနဲ့ အာဏာသိမ်း စစ်ကောင်စီကို တန်ပြန် ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်မြှှင့်တင်မှာဖြစ်လို့ ပြည်သူလူထုတွေ ထိခိုက်နစ်နာမှု မရှိစေဖို့ ပဲခူးတိုင်းထဲက ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမ၊ ပဲခူး-စစ်တောင်းလမ်းပိုင်းတွေကို ည ၆ နာရီကနေ မနက် ၆ နာရီအတွင်းမသွားလာကြဖို့ ဇူလိုင်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။
MK -009
#NUG
#PDF_တော်ဝင်ဒေါင်းစစ်ကြောင်း
#အမှတ်(၂)စစ်ဒေသ








