မြန်မာ့နွေဦး

“ဆိုင်ကယ်သူခိုးနဲ့ ရဲ ပေါင်းစားနေလား” လို့ တာချီလိတ်ပြည်သူတွေ မေးခွန်းထုတ်

မဲခေါင် 30 Apr - 2023
မဲခေါင်၊ ဧပြီ ၂၉ ဆိုင်ကယ်တွေ နေ့စဉ်ခိုးယူခံရပြီး ဖမ်းဆီးနိုင်ခြင်းမရှိတာကြောင့် တာချီလိတ်က တာဝန်ကျရဲတွေဟာ ဆိုင်ကယ်သူခိုးနဲ့ ပေါင်းစားနေတာလားလို့ တာချီလိတ်မြို့ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။

မဲခေါင်၊ ဧပြီ ၂၉

ဆိုင်ကယ်တွေ နေ့စဉ်ခိုးယူခံရပြီး ဖမ်းဆီးနိုင်ခြင်းမရှိတာကြောင့် တာချီလိတ်က တာဝန်ကျရဲတွေဟာ ဆိုင်ကယ်သူခိုးနဲ့ ပေါင်းစားနေတာလားလို့ တာချီလိတ်မြို့ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။

တာချီလိတ်မြို့မှာ တစ်နေ့ကို ဆိုင်ကယ်တစ်စီးနဲ့အထက် ခိုးယူခံနေရပြီး ခိုးခံရသမျှဆိုင်ကယ်တွေအားလုံးလည်း ရဲကဖမ်းဆီးရမိတာ မရှိဘူးလို့ တာချီလိတ်မြို့ခံတစ်ဦးကပြောပါတယ်။

“သူခိုးတွေ အရမ်းသောင်းကျန်းနေပြီ။ အစောင့်ရှိတဲ့ ဈေးတွေ၊ အိမ်ရာလိုင်းခန်းတွေထဲပါ ဝင်ခိုးတာ။ တစီးမှ ဖမ်းမမိဘူး။ ရဲကဖမ်းရင် မိကို မိတယ်။ အခုက ရဲကပါပေါင်းစားနေတာလားဆိုတာတောင် မေးခွန်းထုတ်ရတော့မယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် နှစ်ဆန်းတစ်ရက်နေ့က စစ်ကောင်စီရဲ့လွတ်ငြိမ်းအမိန့်နဲ့ ပြန်လွတ်လာသူတွေထဲမှာ ခိုးမှုနဲ့ ထောင်ကျနေသူတွေပါလာတာကြောင့် ဆိုင်ကယ်ခိုးမှုတွေ ပိုဆိုးလာတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

ခိုးယူတဲ့ဆိုင်ကယ်တွေကို တာချီလိတ်မြို့တွင်းက နေရာတချို့မှာ ပုံစံဖျက်တာလုပ်ဆောင်နေသလို တချို့ဘီးတွေကိုလည်း တခြားမြို့တွေဆီပို့ဆောင်ပြီး ပြန်ရောင်းချတာမျိုးလည်းရှိတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ခိုးတဲ့လူတချို့ကို ရဲကသိတယ်။​ အောက်ဘီးတွေဆို မယ်ခေါင်(ရပ်ကွက်)ဘက်မှာ လှုပ်ရှားတာများတယ်။ မမိဘူးဆိုလာကလည်း ပျောက်တဲ့ဘီးတွေက အပြင်ရောက်ကုန်တာများတယ်” လို့ သူက ပြောပါတယ်။

ဆိုင်ကယ်နေ့စဉ် ခိုးယူခံနေရတာအပြင် တာချီလိတ်မြို့နယ်ထဲကို ထိုင်းနိုင်ငံဘက်ကနေ တင်သွင်းတဲ့ မှောင်ခိုဆိုင်ကယ်တွေကို ထိုင်းနိုင်ငံဘက်က တင်းကြပ်နေတာကြောင့် ဈေးကွက်ထဲမှာ ဆိုင်ကယ်အသစ်တွေ တစ်စီးကို ဘတ် ၅ထောင်ကနေ တစ်သောင်းဝန်းကျင်အထိ ဈေးတက်နေတယ်လို့ ဆိုင်ကယ်အရောင်းအဝယ်လုပ်နေသူတွေထံက သိရပါတယ်။

တာချီလိတ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခိုးမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုတွေများပြားလာသလို ဖမ်းဆီးရမိမှုကလည်း မရှိသလောက်ဖြစ်တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

ပုံအညွှန်း – NLD အစိုးရလက်ထက် တာချီလိတ်မြို့မရဲစခန်းတွင် ခိုးယူထားသည့် ဆိုင်ကယ်များ ဖမ်းမိပြီးနောက် ပိုင်ရှင်ထံပေးအပ်ရန် ပြင်ဆင်နေစဉ်
MK – 004

#MeKongNews

#တာချီလိတ်

#ဆိုင်ကယ်ခိုး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now