မြန်မာ့နွေဦး

(၃၄) နှစ်မြောက် MNDAA တပ်မ‌တော်နေ့ကို မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ AA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

မဲခေါင် 11 Mar - 2023
မဲခေါင်၊ မတ် ၁၁ ဒီကနေ့ ကျ‌ရောက်တဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-MNDAA ဖွဲ့စည်း တည်ထောင်မှု (၃၄) နှစ်ပြည့်နေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ မဟာမိတ် တပ်ဖွဲ့တွေ ဖြစ်တဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA နဲ့ ရခိုင်အမျိုးသား အဖွဲ့ချုပ်-ULA/AA တို့က သဝဏ်လွှာ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

မဲခေါင်၊ မတ် ၁၁

ဒီကနေ့ ကျ‌ရောက်တဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-MNDAA ဖွဲ့စည်း တည်ထောင်မှု (၃၄) နှစ်ပြည့်နေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ မဟာမိတ် တပ်ဖွဲ့တွေ ဖြစ်တဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA နဲ့ ရခိုင်အမျိုးသား အဖွဲ့ချုပ်-ULA/AA တို့က သဝဏ်လွှာ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

ကိုးကန့် အမျိုးသား ခေါင်းဆောင် ဦးဖုန်ကြားရှင် ဦးဆောင်ပြီး ၁၉၈၉ ခုနှစ်၊ မတ်လ ၁၁ ရက်က စတင် တည်ထောင်ခဲ့တဲ့ MNDAA တပ်မတော်ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော အထူးဒေသ (၁) ဖြစ်လာပြီး ‘ဝ’ UWSP/UWSA နဲ့ ‘မိုင်းလား’ PSC/NDAA တို့လို တိုးတက်တဲ့ အဖွဲ့အစည်း အဖြစ် နှစ် ၂၀ ကျော် ရပ်တည်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ၂၀၀၉ ခုနှစ်မှာ မြန်မာစစ်တပ်က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ ဖိအားပေးတာကို လက်မခံလို့ ရမယ်ရှာ တိုက်ခိုက် ခံခဲ့ရပြီး မိမိတို့ လူမျိုးချင်း မတိုက်ခိုက်လိုသလို ပြည်သူတွေကိုလည်း စစ်ဘေး ခံစားရမှာ စိုးလို့ အထူးဒေသကို စွန့်ခွာလာခဲ့တာ ၁၄ နှစ်ရှိပြီလို့ ဖော်ပြထားပါတယ်။

MNDAA ဟာ ငြိမ်းချမ်းရေး၊ အမျိုးသား တန်းတူရေး၊ ကိုင်ပိုင် ပြဌာန်းခွင့်ရရေး၊ ဖိနှိပ်ခံ တိုင်းရင်းသား အားလုံး စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး စတဲ့ ရည်ရွယ်ချက်ကောင်းတွေ စွဲကိုင်ထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး အဆိုပါ ရည်မှန်းချက်တွေ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပါစေလို့ သဝဏ်လွှာမှာ ဆုတောင်းပေးထားပါတယ်။

ဒါ့အပြင် လက်ရှိ MNTJP/MNDAA ကို ဦး‌ဆောင်နေတဲ့ ဦးဖုန်တာရွင် နဲ့အတူ မိမိတို့ မဟာမိတ်တပ်ဖွဲ့တွေက ဆုံးရှုံးခဲ့ရတဲ့ မူလ ကိုးကန့်နယ်မြေ ပြန်လည်ရရှိရေး၊ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ တော်လှန်ရေးအဖွဲ့တွေ အတူ လက်တွဲကာ စစ်အာဏာရှင်ကို တိုက်ထုတ်သွားမယ်လို့ (၃၄) နှစ်မြောက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်နေ့ကို ဂုဏ်ပြုပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now