မြန်မာ့နွေဦး

မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီရဲ့ ကြေးနီသယ်ယာဉ် ၇၇ စီးပါယာဉ်တန်း မိုင်း ၂ ကြိမ်ဆွဲခံရ

မဲခေါင် 10 Mar - 2023
မဲခေါင်၊ မတ် ၁၀ မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီ ကြေးနီသယ်ယာဉ် ၇၇ စီးပါ ယာဉ်တန်းကို မနေ့က ပြည်သူ့ကာကွယ်ရေးတပ်တွေ မိုင်း ၂ ကြိမ်ဆွဲခဲ့လို့ စစ်သား အများအပြား သေဆုံး ထိခိုက်နိုင်တယ်လို့ သိရပါတယ်။

မဲခေါင်၊ မတ် ၁၀

မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီ ကြေးနီသယ်ယာဉ် ၇၇ စီးပါ ယာဉ်တန်းကို မနေ့က ပြည်သူ့ကာကွယ်ရေးတပ်တွေ မိုင်း ၂ ကြိမ်ဆွဲခဲ့လို့ စစ်သား အများအပြား သေဆုံး ထိခိုက်နိုင်တယ်လို့ သိရပါတယ်။

စစ်ကိုင်းကနေ မုံရွာကိုသွားတဲ့ ကြေးနီသယ် ယာဉ်တန်းကို မနေ့က မွန်းလွဲပိုင်းမှာ ဝမ်းပြည့်ကျေးရွာနဲ့ အလကပ္ပကျေးရွာကြားမှာ ဒေသခံ ကာကွယ်ရေးတပ်တွေ မိုင်းဆွဲခဲ့ရာ ယာဉ်တန်းရဲ့ ၅ စီး‌မြောက်ကို ထိထိမိမိ ထိမှန်သွားတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာ အဆိုပါ ယာဉ်တန်းကို ပဒေသာမိုင်းနဲ့ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ ယာဉ်တန်း ၁၂ စီးမြောက်ကို ထိမှန်ပြီး စစ်သားအများအပြား သေဆုံးထိခိုက် နိုင်တယ်လို့ ဆိုပါတယ်။

မိုင်း ၂ ကြိမ်ဆွဲခံရပြီး ထိခိုက်သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လူမှုကူညီရေးကားတွေနဲ့ လာသယ်သွားတယ်လို့ ဒေသခံကာကွယ်ရေးတပ်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်သားအများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပေမယ့် မဲခေါင်အနေနဲ့ သီးခြား အတည်မပြုနိုင်သေး ပါဘူး။

ဒီတိုက်ခိုက်မှုတွေကို People’s Knight Defence Force Myinmu၊ People’s Army To Fight Dectatorship၊ D.B.B.F -MMU၊ People Defence Force၊ PADF-တပ်ခွဲ Dog Killers Defence Force အဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည် ပစ်ခတ်တာတွေ ရှိပေမဲ့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now