မြန်မာ့နွေဦး

နှစ်ခြင်းဘာသာဝင် အင်းလူမျိုးတွေနေတဲ့ရွာမှာ စစ်ကောင်စီတပ်ဝင်စွဲဖို့ပြင်၊ တပ်နဲ့မလွတ်လို့ အိမ်တစ်အိမ်ဖယ်ရှားခံရ

မဲခေါင် 9 Mar - 2023
မဲခေါင်၊ မတ် ၉ ညောင်ရွှေမြို့နယ်ထဲက နှစ်ခြင်းဘာသာဝင် အင်းလူမျိုးတွေနေထိုင်တဲ့ ရေဗြုံရွာမှာ စစ်တပ်က တပ်ဝင်စွဲဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေထံကနေ ဒီနေ့သိရပါတယ်။

မဲခေါင်၊ မတ် ၉

ညောင်ရွှေမြို့နယ်ထဲက နှစ်ခြင်းဘာသာဝင် အင်းလူမျိုးတွေနေထိုင်တဲ့ ရေဗြုံရွာမှာ စစ်တပ်က တပ်ဝင်စွဲဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေထံကနေ ဒီနေ့သိရပါတယ်။

အင်းလေးအနောက်ဘက် ညောင်ရွှေ – ခေါင်တိုင်လမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ အင်အားတိုးမြှင့်ပြီး ရေဗြုံရွာမှာ စခန်းချဖို့ ပြင်ဆင်နေရာဖြစ်ပြီး သူတို့စခန်းချမယ့်နေရာနဲ့ မလွတ်တဲ့ အိမ်တစ်အိမ်ကို အတင်းအကြပ်‌ ဖယ်ခိုင်းခဲ့တာကြောင့် ‌မနေ့ မတ်လ ၈ရက်နေ့က ဖယ်ပေးခဲ့ရတယ်လို့​ ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“အိမ်ရှင်က သူနေနေတာ ၁၁ နှစ်ရှိပြီဆိုပြီး တောင်းပန်တာ လက်မခံလို့ မနေ့ကပဲဖျက်ပေးလိုက်ရပြီ။ နဂိုလမ်းမပေါ်နေရာကနေပြီး ရွာထဲကိုရွှေ့ဆောက်ပေးလိုက်ရတာပေါ့” လို့ သူက ပြောပါတယ်။

အဲ့ဒီဖျက်ဆီးခံလိုက်ရတဲ့ အိမ်ဟာ နှစ်ထပ်ပျဉ်ထောင်အိမ် ဖြစ်ပြီး လွန်ခဲ့တဲ့ ၃ရက်ခန့်ကတည်းက စစ်တပ်ကဖယ်ရှားပေးဖို့ လာရောက်ပြောနေတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကဖြစ်ခဲ့တဲ့ သန်းထောင်‌တိုက်ပွဲကာလကတည်းက အဲ့ဒီလမ်းတလျှောက်မှာ ညောင်ရွှေမြို့ ခေါင်တိုင်လမ်းအဝင်၊ အင်းတိန်ရွာအဝင်နဲ့ ခေါင်တိုင်ရွာတို့မှာ စစ်ဆေးရေးဂိတ် ၃ နေရာဖွင့်ပြီး စစ်ဆေးနေတာဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အင်းတိန်ရွာအဝင်မှာ စစ်ကောင်စီအင်အား ၁၀ ယောက်ခန့်က စခန်းချတပ်စွဲထားတာ ၃လခန့်ရှိနေပြီလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ရက်နေ့ ည ၇ နာရီကျော်လောက်မှာ သန်းထောင်ရွာဘက်ကနေ ထွက်လာတဲ့ သေနတ်ပစ်ဖောက်သံကြားရပြီးနောက်ပိုင်း အခုလို စခန်းချဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

ရေဗြုံရွာမှာ နေထိုင်သူတွေဟာ နှစ်ခြင်းခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး အေးအေးဆေးဆေးနေကြတာကြောင့် အခုလို စစ်တပ်က လာရောက်အနိုင်ကျင့်တယ်လို့ ခံစားရကြောင်း ရေဗြုံဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သန်းထောင်၊ ဘုရားနီနားကျတော့ သူတို့မနေရဲဘူးလေ။ ရေဗြုံကလူတွေက သူတို့ဟာသူတို့ အေးအေးဆေးဆေး နေကြတာဆိုတော့ အတင်းအဓ္ဓမကြီးကို လာလုပ်နေကြတာလေ” လို့ သူကပြောပါတယ်။

ရေဗြုံရွာမှာ နှစ်ခြင်းခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်ကြသူ အင်းသားလူမျိုးတွေသာ နေထိုင်ကြပြီး အိမ်ခြေအနည်းငယ်သာရှိတဲ့ အင်လေးအနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ အရင် NLDအစိုးရလက်ထက်က ကိုးရီးယားနိုင်ငံ နှစ်ခြင်းခရစ်ယာန် သာသနာပြုအသင်းတစ်ခုရဲ့ ထောက်ပံ့မှုကြောင့် ခရစ်ယာန်ကျောင်းတစ်ကျောင်းလည်းရှိပါတယ်။

ညောင်ရွှေမြို့နယ်အတွင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေမှာ လမ်းသွားလမ်းလာအရပ်သားတွေကို စစ်ဆေးရာမှာ မျက်နှာစိမ်းသူတွေ၊ သူတို့မသင်္ကာတဲ့သူတွေကိုပိုစစ်ပြီး အကြောင်းပြချက်မရှိပဲ ငွေတောင်းခံတာ၊ ပါလာတဲ့စားစရာ၊ အရက်၊ ဘီယာတွေကို ယူဆောင်တာတွေလည်း စစ်ကောင်စီတပ်သားတွေက ပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

CJ – 001

#MeKongNews

#အင်းလူမျိုး

#နှစ်ခြင်းခရစ်ယာန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now