မြန်မာ့နွေဦး

ကျန်းမာရေးဝန်ထမ်းတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ NUG ထုတ်ပြန်

မဲခေါင် 1 Mar - 2023
မဲခေါင်၊ မတ် ၁ ပြီးခဲ့တဲ့ ၂ လ အတွင်း အာဏာသိမ်း စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် တခြား အကြမ်းဖက် သတ်ဖြတ်ခဲ့မှုတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ-NUG က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ မတ် ၁

ပြီးခဲ့တဲ့ ၂ လ အတွင်း အာဏာသိမ်း စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် တခြား အကြမ်းဖက် သတ်ဖြတ်ခဲ့မှုတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ-NUG က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

NUG ရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ချင်းအမျိုးသားတပ်ဦး-CNF ဌာနချုပ် Camp Victoria စခန်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့လို့ CNF ရဲဘော် ၃ ဦး၊ ရဲမေ ၂ ဦး ကျဆုံးခဲ့ပြီး ပြင်ပလူနာကုသဆောင်၊ ဆေး စတိုနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီး ခဲ့ရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၁ ရက်ကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းတိုက်နယ် ဆေးရုံကို စစ်တပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆေးရုံဝန်ထမ်းတွေနဲ့ လူနာတွေ ရှောင်တိမ်းနိုင်ခဲ့ပေမဲ့ ဆေးရုံ အနီးမှာ နေထိုင်တဲ့ ၆၂ နှစ်အရွယ် ဒေါ်ကြည် ကျည်ထိမှန် သေဆုံးခဲ့ပြီး ဆေးရုံရှိ ဓာတ်မှန်စက် အပါအဝင် ဆေးရုံနံရံနဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၉ ရက်က စစ်ကိုင်းတိုင်း၊ နွယ်အင်းကျေးရွာကို စစ်ကောင်တပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးခန်း တစ်ခုတည်းကိုသာ ရည်ရွယ်ချက်ရှိရှိ မီးရှို့သွားခဲ့တယ်လို့ NUG က ဆိုပါတယ်။

အရာတော်မြို့နယ်က မင်းရွာ၊ မလဲသာရွာနဲ့ ကန်ရင်းရွာတို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့သလို အထက်တန်းကျောင်းနဲ့ ဆေးရုံကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ပြီး ဆေးနဲ့ ဆေးပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေ ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း တောထဲမှာ မွေးလူနာ ကိုကုသပေးပြီး အုတ်ဖိုမြို့ကို ပြန်လာတဲ့ CDM သူနာပြု ဆရာမ ဒေါ်မေဇွန်မိုး ဟာ PDF ရဲဘော် ၂ ဦးနဲ့အတူ အုတ်ဖိုမြို့နယ်၊ အေးမြသာယာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာ အနီးက စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီ ဖြစ်စဉ်မှာ PDF ရဲဘော် ၂ ဦးကို စစ်ကောင်စီက ဖမ်းမိစဉ် တစ်ခါတည်း ပစ်သတ်ခဲ့ပြီး ဆရာမ ဒေါ်မေဇွန်မိုး ထွက်ပြေးပေမဲ့ စစ်တပ်က ပြန်မိသွားပြီး စစ်ကြောရေးမှာ နှိပ်စက်ခံခဲ့ကာ ဖော်ဖော်ဝါရီ ၁၆ ရက်နေ့မှာတော့ ထန်းပင်ကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တယ်လို့ NUG ကဆိုပါတယ်။

အဆိုပါနေ့မှာပဲ ဖလမ်းပြည်သူ့ဆေးရုံက CDM အထက်တန်း သူနာပြုဆရာမ ဒေါ်သဲသဲဝင်းဟာ ဇာတိ ကသာမြို့နယ်၊ မိုးဒါးကြီးကျေးရွာမှာ နေထိုင်စဉ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့က သတ်ဖြတ်ခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၇၈၀ ကျော် ထိခိုက်ဒဏ်ရာရကာ ကျန်းမာရေးဝန်ထမ်း ၉၀၀ ကျော်ကို ဖမ်းဆီးထားကာ နိုင်ငံအနှံ့က ဆေးရုံ၊ ဆေးခန်း ၁၆၀ ကျော်ကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စစ်တပ်က ကျန်းမာရေး ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ ဂျီနီဗာ ကွန်ဗန်းရှင်းကို ချိုးဖောက်နေသလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်း ဥပဒေတွေကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်တာကြောင့် NUG ကျန်းမာရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ရှုံ့ချပြီး နိုင်ငံတကာ အနေနဲ့ အမြန်ဆုံး ထိရောက်စွာ တားဆီးပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ကြောင့် ကျဆုံးခဲ့ရတဲ့ ကျန်းမာရေးလုပ်သား၊ တော်လှန်ရေး ရဲဘော်၊အြ ပစ်မဲ့ ပြည်သူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်းနဲ့ ကျဆုံးခဲ့ရမှုတွေကို တရာမျှတမှု ပြန်ရအောင် လုပ်ပေးမယ်လို့ NUG ကပြောပါတယ်။

MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now