မြန်မာ့နွေဦး

စစ်အုပ်ချုပ်ရေးကြေညာပြီး ၉ရက်အကြာမှာ စစ်ကောင်စီက ခင်ဦးမှ ကျေးရွာတွေကို နေ့စဥ်စစ်ကြောင်းထိုးကာ စစ်ရှောင်တဲတွေကိုပါ မီးတင်ရှို့နေ

မဲခေါင် 14 Feb - 2023
စစ်အုပ်ချုပ်ရေးကြေညာပြီး ၉ရက်အကြာမှာ စစ်ကောင်စီက ခင်ဦးမှ ကျေးရွာတွေကို နေ့စဥ်စစ်ကြောင်းထိုးရုံသာမက စစ်ရှောင်တဲတွေကိုပါ မီးတင်ရှို့နေတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၄

စစ်အုပ်ချုပ်ရေးကြေညာပြီး ၉ရက်အကြာမှာ စစ်ကောင်စီက ခင်ဦးမှ ကျေးရွာတွေကို နေ့စဥ်စစ်ကြောင်းထိုးရုံသာမက စစ်ရှောင်တဲတွေကိုပါ မီးတင်ရှို့နေတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၈ရက် ကတည်းက ရေဦးမြို့မှ ခင်ဦးမြို့ပေါ်သို့ ရောက်ရှိလာတဲ့ စစ်ကောင်စီ တပ်သား‌ တွေဟာ ဖေဖော်ဝါရီ၁၁ရက်မှာ ပျူစောထီးရွာဖြစ်တဲ့ မဒေါင်းလှရွာမှပျူတွေနဲ့ပေါင်းကာ စောကြီးကျေးရွာနဲ့ သေနပ်စိန်ကျေးရွာတို့ရှိ မီးလောင်ပြင်မှမီးဘေးသင့်ပြည်သူတွေရဲ့ ထန်းရွက်တဲတစ်ချို့အား မီးရှို့ဖျက်စီးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်ကြင်းပင်ရွာ ၊ဖန်းခါးကုန်းရွာတွေရှိ ဒေသခံတွေကို လက်နက်ပြခြိမ်းခြောက်ပြီး တစ်အိမ်တစ်ယောက်နှုန်းခေါ်ယူကာ ဆန်/ဆီ/မြေပဲစတဲ့ စားစရာပစ္စည်းတွေကို မဒေါင်းလှပျူစောထီးရွာသို့ ယူဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီ၁၁ရက်နဲ့၁၂ရက်တွေမှာ ပင်တင်းကျေးရွာ၊ညောင်ကန်ကျေးရွာ၊ကွမ်းတိုင်းကျေးရွာ၊မင်းကံကြီးကျေးရွာတို့ကို ဝင်ရောက်ခဲ့ပြီး ကျေးရွာ‌တွေမှ ပြည်သူပိုင်စားစရာ ပစ္စည်းတွေကို မကျီးတုံပျူစောထီးခြံသို့ မတရားခိုးယူသယ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဖေဖော်ဝါရီ-၁၃ရက်နေ့ မနက်ပိုင်းမှာ မင်းကံကြီးကျေးရွာကို ကျေးရွာစာသင်ကျောင်းပါမကျန် မီးရှို့ခဲ့ပြီး နေ့လယ်ပိုင်းမှာ လက်ပံလှကျေးရွာကိုဝင်ရောက်ကာ ညနေပိုင်း၃နာရီခွဲခန့်အချိန်မှစပြီး ပြည်သူပိုင်နေအိမ်တွေကို နေရာခွဲ မီးတင်ရှို့ခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ ညနေပိုင်းမှာ လက်ပံလှကျေးရွာမှ တစ်ဆင့် လောင်းရှည်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်တွေကို ညပိုင်းအထိ မီးတင်ရှို့ခဲ့ကြပြီး လောင်းရှည်ကျေးရွာမှာ ယာယီညအိပ်သွားခဲ့ပါတယ်။

ခင်ဦးမြို့နယ်မြောက်ခြမ်း၊အရှေ့ခြမ်းနဲ့အရှေ့တောင်ခြမ်းရှိ ကျေးရွာတွေမှ ဒေသခံတွေဟာဖေဖော်ဝါရီ ၁၁ရက်နေ့မှ စပြီး ဒီကနေ့ မနက်အထိ အလှည့်ကျစစ်ဘေးရှောင်နေရပြီး စားစရာရိက္ခာတွေ လိုအပ်နေသလို နေစရာနဲ့ အဝတ်အထည်တွေလည်းအကူညီလိုအပ်နေတယ်လို့ သိရပါတယ်။

MK-003

#MeKongNews 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now