မြန်မာ့နွေဦး

မြန်မာပဋိပက္ခ ဖြေရှင်းရေး ထိုင်းပိုကူညီသင့်ကြောင်း ပရာယွတ်ကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

မဲခေါင် 10 Feb - 2023
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟမ်က ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဆွေးနွေးမှုမှာ အိမ်ချင်းကပ်နိုင်ငံ ဖြစ်တဲ့အလျှောက် ထိုင်းနိုင်ငံဟာ မြန်မာ ပဋိပက္ခမှာ ပိုမိုတက်ကြွစွာ ပါဝင်ကူညီပေးသင့်တယ်လို့ တိုက်တွန်း ပြောဆိုသွားပါတယ်။ 

မဲခေါင်၊ ဖေဖော်ဝါရီ ၁၀

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟမ်က ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဆွေးနွေးမှုမှာ အိမ်ချင်းကပ်နိုင်ငံ ဖြစ်တဲ့အလျှောက် ထိုင်းနိုင်ငံဟာ မြန်မာ ပဋိပက္ခမှာ ပိုမိုတက်ကြွစွာ ပါဝင်ကူညီပေးသင့်တယ်လို့ တိုက်တွန်း ပြောဆိုသွားပါတယ်။ 

မနှစ်က ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ပထမဆုံးအကြိမ် ထိုင်းနိုင်ငံကို ရောက်လာခဲ့တဲ့ အန်ဝါက အာဆီယံမှာ အာဏာသိမ်းမြန်မာစစ်ကောင်စီနဲ့ ပတ်သက်တဲ့ သဘောထားတွေ ကွဲလွဲနေမှုအတွက်မေးခွန်းထုတ်နေမှုအပေါ် ဖြေရှင်းခြင်းအဖြစ် ပိုပြီး အိမ်နီးချင်းကျတဲ့ ထိုင်းက မြန်မာ့ပဋိပက္ခကို ပိုအားစိုက် လုပ်ဆောင်ပေးသင့်တယ်လို့ ပြောသွားတာဖြစ်ပါတယ်။ 

မြန်မာ့အရေးဟာ ပြည်တွင်းရေးဖြစ်တယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ ပူပန်မှုတွေကို ပိုပြီးအိမ်နီးချင်းကျတဲ့ ခင်ဗျားတို့က ပိုဖော်ထုတ်ဖို့ အခွင့်အလမ်းအသာ ရတယ်။ ပြည်တွင်းရေး ပြည်တွင်းမှာပဲ ဖြေရှင်ရမယ်ဆိုပေမယ့်  ဒီကိစ္စက ဒေသတွင်းတစ်ခုလုံးကို ရိုက်ခတ်နေတာပါ” လို့ အန်ဝါက တိုက်တွန်းပြောကြားပါတယ်။ 

ပရာယွတ်က ဒီစကားကို တိုက်ရိုက်မတုံ့ပြန်ဘဲ ငါတို့ဟာ မိသားစုတွေပဲ။ ကျေးဇူးပါ သူငယ်ချင်းကြီး” လို့သာ ဝေလည်ကြောင်ပတ်ဖြေသွားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအရေးအတွက် အာဆီယံနိုင်ငံတွေကြားမှာ အာဏာသိမ်းစစ်ကောင်စီကို လုံး၀တရားဝင်အစိုးရအဖြစ် မသတ်မှတ်ဖို့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့က ခါးခါးသီးသီး သဘောထားထုတ်ပြန်ထားပြီး ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက စစ်ကောင်စီကို အသိအမှတ်ပြုရေး စေ့စပ်ဆွေးနွေးစေချင်တဲ့နိုင်ငံတွေအဖြစ် ရပ်တည်နေကြပါတယ်။  

ဒီဇင်ဘာလက ပရာယွတ်ဦးဆောင်ပြီး စစ်ကောင်စီတာဝန်ရှိသူတွေကို ဘန်ကောက်မှာ ခေါ်ယူဆွေးနွေးရာ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့က ဒုတိယနိုင်ငံခြားရေးဝန်ကြီးတွေလောက်သာ တက်ရောက်ခဲ့ပြီး ကျန်နိုင်ငံတွေက တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ 

ထိုင်းအစိုးရပိုင် ရေနံနဲ့သဘာ၀ဓာတ်ငွေလုပ်ငန်း PTTEP ဟာ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ပေးဝေမှုအတွက် လိုအပ်တဲ့ သဘာ၀ဓာတ်ငွေ့ ၁၆ ရာခိုင်နှုန်းကို မြန်မာနိုင်ငံကနေ တင်သွင်းရယူနေပြီး စစ်ကောင်စီကို ဝင်ငွေရှာပေးနေလို့ ဝေဖန်မှုတွေခံနေရပါတယ်။ 

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လူပေါင်း ၃၀၀၀ ကို စစ်ကောင်စီက သတ်ခဲ့ ပြီး လူပေါင်း ၇၂၀၀၀ ဟာ ထိုင်း၊ မလေးရှား၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြ ရပါတယ်။ 

မလေးရှားနိုင်ငံမှာ မြန်မာဒုက္ခသည်ပေါင်း ၂ သိန်းအထိ လက်ခံထားရတဲ့အတွက် သူတို့လို ထိန်းချုပ် ကန့်သတ်မှုများတဲ့ နိုင်ငံငယ်လေးဟာ ဒီဝန်ကို ကြာရှည်စွာ၊ လောက်ငှစွာ ထမ်းနိုင်မှာမဟုတ်ကြောင်း၊ ဒါကြောင့် ထိုင်းအနေနဲ့ မြန်မာပဋိပက္ခဖြေရှင်းရေး အလုံးစုံ မတတ်နိုင်ရင်တောင် လျှော့ချနိုင်စေဖို့ လက်ရှိပုံစံထက်ပိုတဲ့ တက်ကြွစွာ ပါဝင်လှုပ်ရှားမှုမျိုး လုပ်စေချင်တာဖြစ်တယ်လို့ အန်ဝါအီဘရာဟမ်က ပရာယွတ်ကို တိုက်တွန်း ပြောကြားသွားတာလည်းဖြစ်ပါတယ်။

MKF – 001

Ref:Bangkok Post

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now