မြန်မာ့နွေဦး

စစ်ကောင်စီရဲ့ လက်သိပ်ထိုး အိမ်ရာစီမံကိန်းတွေကြောင့် တောင်ကြီးက ထင်းရှူးပင် ၂၀၀၀၀ ဖျက်ဆီးခံရ

မဲခေါင် 1 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁ စစ်ကောင်စီက နီးစပ်ရာ လုပ်ငန်းရှင်တွေကို လက်သိပ်ထိုးလုပ်ကိုင်ခွင့် ပေးထားတဲ့ အိမ်ရာစီမံကိန်းတွေ ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အနီးယန်းကျင်က ထင်းရှူးပင် ၂၀၀၀၀ ဖျက်ဆီးခံထားရတယ်လို့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေဆီက သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁

စစ်ကောင်စီက နီးစပ်ရာ လုပ်ငန်းရှင်တွေကို လက်သိပ်ထိုးလုပ်ကိုင်ခွင့် ပေးထားတဲ့ အိမ်ရာစီမံကိန်းတွေ ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အနီးယန်းကျင်က ထင်းရှူးပင် ၂၀၀၀၀ ဖျက်ဆီးခံထားရတယ်လို့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်က ဒေသခံတွေ ကန့်ကွက်လို့ ရပ်နားထားတဲ့ တောင်ကြီးမြို့၊ ဟိုပုံးသွားလမ်းဘေးရှိ မြေဧက ၁၇၂ ဒဿမ ၁၅၃ ဧကပေါ်မှာ ဆောင်ရွက်နေတဲ့ ပန်းချယ်ရီ အိမ်ယာစီမံကိန်း အပါအဝင် အိမ်ရာစီမံကိန်း ၇ ခုကို စစ်ကောင်စီက လက်သိပ်ထိုးခွင့်ပြုထားတာ ဖြစ်ပါတယ်။

“ပန်းချယ်ရီတစ်ခုတည်းမှာပဲ ထင်းရှူးပင် ၁သောင်းကျော်ပါတယ်” လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပန်းချယ်ရီအိမ်ယာစီမံကိန်းဟာ တောင်ကြီးမြို့အထွက်(အရှေ့တောင်ဘက်)မှာ ဆောက်လုပ်နေတာဖြစ်ပြီး တခြားစီမံကိန်း ၂ခုကလည်း အဲဒီအိမ်ယာစီမံကိန်းအနီးမှာဖြစ်သလို မြို့ပြင်(မြို့အရှေ့တောင်ဘက်)မှာ တစ်ခု၊ မြို့ပြင်အနောက်တောင်ထောင့်ဖက်မှာ ၂ခု၊ အရှေ့မြောက်ဖက်(မြို့တွင်း)မှာက တစ်ခုတို့ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စစ်ကောင်စီကရော လုပ်ကိုင်ခွင့်ရထားတဲ့ လုပ်ငန်းရှင်တွေကပါ ပွင့်ပွင့်လင်းလင်းချပြထားတာ မရှိပါဘူးလို့ သိရပါတယ်။

အရပ်ဖက် အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက “နာမည်နဲ့ ဧရိယာတော့ မသိရသေးဘူး။ သွားမေးရင်လည်း ဖမ်းခံရမှာ” လို့ ဆိုပါတယ်။

ပန်းချယ်ရီစီမံကိန်းကို အရင်အစိုးရက ခွင့်ပြုပေးခဲ့တာဖြစ်ပြီး တောင်ကြီးမြို့ရေဝေရေလဲနဲ့ သဘာဝပတ်ဝန်း ကျင်ထိန့်းသိမ်းရေးကော်မတီနဲ့ မြို့မိမြိုဖတွေ၊ မြို့သူ/သားတွေ ဝိုင်းဝန်းကန့်ကွက်တာကြောင့် ရပ်နားထား ပေမယ့် စစ်ကောင်စီက ပြန်လည်ခွင့်ပြုလိုက်တာပါ။

စစ်ကောင်စီလက်ထက်မှာ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေကို ဖိနှိပ်ထားပြီး ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရပ်ဘက်အဖွဲ့အစည်းအများစုဟာ လုပ်ငန်းရပ်နားထားရတာကြောင့် အချက်အလက်တွေ တိတိကျကျမသိရှိရပေမယ့် ထင်းရှူးပင်နဲ့ တခြားသစ်ပင် ၁၀၀၀၀ဖျက်ဆီးခံရတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

အရွယ်ရောက်ပြီး ထင်းရှူးပင် ၂၀၀၀၀ ကို ခုတ်လှဲရင် ထင်းရှူးသား သစ် တန်ချိန် ၄၀၀၀၀ ကနေ ၁၂၀၀၀၀ လောက်အထိ ရနိုင်တာမို့ ကာလပေါက်စျေးနဲ့ တွက်ချက်ရင် ဒေါ်လာသိန်းနဲ့ ချီနေပါတယ်။

တောင်ပေါ်နှင့် ကုန်းမြင့်ဒေသများတွင် သစ်တောပြုန်းတီးမှုသည် သဘာဝပတ် ဝန်းကျင်အပေါ် ဆိုးကျိုးများစွာ သက်ရောက်နိုင်ပြီး သစ်ပင်အမြစ်များက ကုတ်တွယ်ထိန်းသိမ်းထားသည့် မြေဆီလွှာများ အကာအကွယ်မဲ့ တိုက်စားခြင်း၊ သစ်ပင်သစ်တောများကို မှီခိုနေသည့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း၊ ပျောက်ကွယ်ခြင်း၊ ကမ္ဘာ့ပူနွေးမှုဖြစ်စဉ်နှင့် ရာသီဥတုပြောင်းလဲခြင်း၊ ရေဝေရေလဲများ ပြုန်းတီးသဖြင့် ရေရရှိမှု လျော့နည်းခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းများကို ကြုံတွေ့နိုင်စေတယ်လို့ သဘာဝဝန်းကျင်အရေး လေ့လာသူတစ်ဦးက ဆိုပါတယ်။

“အရင်အစိုးရလက်ထက်ကဆိုရင် လမ်းချဲ့ဖို့ သစ်ပင်ခုတ်ရင် ပြည်သူတွေဝိုင်းကန့်ကွက်လို့ သစ်ပင်တွေကို ရှောင်ပြီး ချဲ့တယ်၊ နေရာရွေ့တယ်။ အခုကတော့ နည်းနည်းလောက်ဝေဖန်မိတာနဲ့ တန်းဖမ်းတာဆိုတော့ ဘယ်သူမှမပြောရဲတော့ဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဲဒီစီမံကိန်းတွေသာ မက တခြား သဘာဝပတ်ဝန်းကျင် ချိုးဖောက်မှုတွေ ရှိနေပြီး လမ်းဘေးသစ်ပင်ပါ မကျန် ခုတ်လှဲနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ခုတ်ချင်သလို ခုတ်နေကြတာ။ တစ်မြို့လုံးက လမ်းဘေးသစ်ပင်တွေလည်း ကုန်သလောက်နီးပါးရှိနေပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အရင်နှစ်ကလည်း မီးပုံးပျံကွင်းအရှေ့ဘက်ရှိ ရထားသံလမ်းတိုးချဲ့ရာမှာလည်း သစ်ပင်အများအပြား ခုတ်ယူခံခဲ့ရပြီး လက်ရှိမှာလည်း သစ်တောမြေဖြစ်တဲ့ တောင်ကြီးမြို့ရဲ့ အရှေ့ဘက်တောင်တန်းကြီးတွေမှာ သစ်ပင်ခုတ်ယူရောင်းစားသူတွေ နေ့စဉ်ရှိနေပြီး စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေက မသိကျွိုးကျွံပြုထားတယ်လို့ သိရပါတယ်။

“သတ္တုထုတ်ယူမှုနဲ့ ကျောက်မီးသွေးကားတွေ သယ်ယူပို့ဆောင်မှုတွေကြောင့် သဘာဝတ်ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုတွေ ပိုဖြစ်လာတယ်။ ပိုက်ဆံရရင်ပြီးရော အကုန်လွှတ်တော့ သယ်ချင်သလိုသယ်နေကြတာ။ ပြီးတော့ သတ္တုသယ်ယူတဲ့အခါ စနစ်ကျမှု မရှိသလောက်ဖြစ်သွားပြီ” လို့ ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီလိုပဲ တောင်ကြီးမြို့ပြင်က စိုက်ပျိုးမြေတွေကို ဌာနဆိုင်ရာတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းပြီး အိမ်ယာကွက်ရိုက်ရောင်းချတာတွေ အများအပြားရှိနေတာကြောင့် သစ်တောပြုန်းတီးမှု ပိုမိုများပြားလာ နေပါတယ်။

K-008

#MeKongNews

#ထင်းရှူးပင်

#တောင်ကြီး

#အိမ်ရာစီမံကိန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now