မြန်မာ့နွေဦး

နေပြည်တော်မှာ အင်္ဂါမစုံတဲ့ ကာလုံ အမည်ခံ အစည်းအဝေးကျင်းပပြီး စစ်တပ်အာဏာဆက်သိမ်းဖို့ ဆုံးဖြတ်

မဲခေါင် 31 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၃၁ နိုင်ငံတော် အာဏာကို မတရား လုယူထားတဲ့ စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ကာ အမည်ခံ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပြီး တိုင်းပြည်ရဲ့ အခြေအနေဟာ သာမန် အခြအနေ မဟုတ်ဘူးလို့ သတ်မှတ်ကာ စစ်တပ်က အာဏာ ဆက်သိမ်းထားဖို့ ဆုံးဖြတ် အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၁

နိုင်ငံတော် အာဏာကို မတရား လုယူထားတဲ့ စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ကာ အမည်ခံ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပြီး တိုင်းပြည်ရဲ့ အခြေအနေဟာ သာမန် အခြအနေ မဟုတ်ဘူးလို့ သတ်မှတ်ကာ စစ်တပ်က အာဏာ ဆက်သိမ်းထားဖို့ ဆုံးဖြတ် အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ် အာဏာထိမ်းထားတဲ့ ၂ နှစ်ပြည့် ဒီကနေ့ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းမှာ ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ကာ အစည်းအဝေး ကျင်းပခဲ့တာ ဖြစ်ပြီး လက်ရှိ အခြေအနေဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိတဲ့ သာမန်မဟုတ်တဲ့ အခြေအနေအဖြစ် ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၀၈ ဖွဲ့စည်ပုံ အခြေခံ ဥပဒေအရ ကာလုံ အစည်းအဝေးကို (၁)နိုင်ငံတော်သမ္မတ (၂) ဒုတိယသမ္မတ (၃) ဒုတိယသမ္မတ (၄) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ (၅) အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ (၆) တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (၇) ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (၈) ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး (၉) နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး (၁၀) ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး နဲ့ (၁၁) နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးတို့နဲ့ ကျင်းပရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့ ကျင်းပတဲ့ ကာလုံ အမည်ခံ အစည်းအဝေးမှာတော့ စစ်ကောင်စီရဲ့ ရုပ်သေး ယာယီသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ခဲ့ပြီး ဒုသမ္မတဟင်နီရီဗန်ထီးယူ ပင်ပါဝင်ခြင်း မရှိဘဲ ကာလုံမှာ မပါတဲ့ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသီတာဦး တို့ကို အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တွေ အဖြစ် တက်ရောက်စေခဲ့တာ တွေ့ရပါတယ်။

ဒီကနေ့ အင်္ဂါမစုံတဲ့ ကာလုံ အစည်းအဝေးမှာ မင်းအောင်လှိုင်က ၂ နှစ်အတွင်း စစ်တပ်လုပ်ခဲ့တဲ့ ကိစ္စတွေကို အစီရင်ခံခဲ့ပြီးနောက် ဆွေးနွေး သုံးသပ်ချက်တွေအရ အကြမ်းဖက်အုပ်စုတွေက နိုင်ငံတော်ကို အလုံးစုံ ပျက်သုဉ်းစေဖို့ ရည်ရွယ် လုပ်ဆောင်မှုတွေ ရှိနေပြီး ဆူပူအကြမ်းဖက်မှုတွေ၊ အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်ဆောင်လျက်ရှိ နေတဲ့အတွက် တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးမှာ သာမန်အခြေ အနေမဟုတ်ဘူးလို့ အတည်ပြုခဲ့တာပါ။

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၄၂၅ မှာ သာမန်မဟုတ်တဲ့ အခြေအနေ ဖြစ်ပါက ကာလုံအနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်ထံ အာဏာ ဆက်လက် ပေးအပ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ပုဒ်မ ၄၂၁ (ခ) အရ သမ္မတ အနေနဲ့ စစ်အာဏာသိမ်းမှုကို သာမန်အားဖြင့် တကြိမ်လျှင် ခြောက်လနဲ့ ၂ ကြိမ် သက်တမ်းတိုးလို့ရပြီး လက်ရှိ သက်တမ်း ၂ ကြိမ် တိုးပြီးဖြစ်လို့ စစ်ကောင်စီရဲ့သက်တမ်း ကုန်ဆုံးရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပုဒ်မ ၄၂၅ အရ သမ္မတက မဟုတ်ဘဲ ကာလုံ အနေနဲ့ သာမန်အားဖြင့် “တကြိမ်လျှင် ၆ လနဲ့ ၂ ကြိမ် သက်တမ်း တိုးပေးနိုင်တယ်” လို့ ဖော်ပြထားတဲ့ အချက်ကို အသုံးချပြီး ဒီကနေ့ အစည်းအဝေးမှာ စစ်တပ် အာဏာသိမ်းမှုကို ကာလုံ အနေနဲ့ ၆ လ သက်တမ်း ထပ်တိုးပေးလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် “သာမန်အားဖြင့်” ဆိုတဲ့ စကားရပ် ပါရှိနေတဲ့ အတွက် နိုင်ငံရဲ့ အခြေအနေဟာ သာမန် မဟုတ်ဘူးလို့ ကာလုံက ဆုံးဖြတ်နေသရွေ့ စစ်အုပ်ချုပ်ရေး သက်တမ်းတိုးနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

#MeKongNews

#နေပြည်တော်

#ကာလုံ

#ဦးမြင့်ဆွေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now