မြန်မာ့နွေဦး

ကိုရီးယား အလုပ်လျှောက်လွှာ ထုတ်ယူရာမှာ နိုင်ငံကူးလက်မှတ် သက်တမ်းလက်ကျန် ဖြေလျှော့ပေး

မဲခေါင် 28 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၈ ကိုရီးယား အလုပ်လျှောက်လွှာ ထုတ်ယူရာမှာ နိုင်ငံကူး လက်မှတ် သက်တမ်း လက်ကျန် ဖြေလျှော့ပေး ထားတယ်လို့ အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီ-POEA မှသိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၈

ကိုရီးယား အလုပ်လျှောက်လွှာ ထုတ်ယူရာမှာ နိုင်ငံကူး လက်မှတ် သက်တမ်း လက်ကျန် ဖြေလျှော့ပေး ထားတယ်လို့ အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီ-POEA မှသိရပါတယ်။

လက်ရှိမှာ ကိုရီးယား-မြန်မာ လုပ်သားခေါ်ယူမှု EPS စနစ် စာမေးပွဲ အောင်မြင်သူ ၆,၃၀၀ ဝန်းကျင်ရှိ ပေမယ့် အများစုမှာ ပတ်စ်ပို့သက်တမ်းတိုးမရတာနဲ့ ပတ်စ်ပို့ အမျိုးအစား PV ကနေ PJ သို့ပြောင်းမရတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ကုန်ထုတ်လုပ်ငန်း ပထမအသုတ် စာမေးပွဲ အောင်ထားသူတွေ အတွက် အလုပ်လျှောက်လွှာကို ဇန်နဝါရီလ ၃၀ ရက်ကနေ ဖေဖော်ဝါရီလ ၂ ရက်အထိ ထုတ်ယူနိုင်တယ်လို့ အစိုးရ ြပေည်ပအလုပ်အကိုင် အေဂျင်စီ POEA က ကြေညာထားပါတယ်။

“အရင်က အလုပ်လျှောက်လွှာ လာထုတ်ရင် နိုင်ငံကူး လက်မှတ် သက်တမ်း တစ်နှစ်ကျန်ရှိရမယ်လို့ သတ်မှတ် ထားတယ်။ ကိုရီးယား EPS လုပ်သားတွေ အတွက်ကြတော့ MOU လမ်းကြောင်း မရှိဘူး။ အဲ့ဒါကြောင့် EPS လုပ်သားတွေရဲ့ ပတ်စ်ပို့က အခက်အခဲ ရှိတယ်။ အခုက ပတ်စ်ပို့ရုံးတွေ ပိတ်ထားလို့ အကုန်လုံးက ဘာမှ လုပ်မရပဲ ထွက်ဖို့ ခက်နေတာပေါ့။ ဒါကိုလည်း သက်ဆိုင်ရာ အလုပ်လျှောက်လွှ ာထုတ်ပေးသူတွေကို လူမူကွန်ရက်ကနေ အကူညီတောင်းပြီး မှတ်ချက်ပြုကြလို့ ဖြေလျှော့ဖို့ ဖြစ်လာတာဖြစ်တယ်” လို့ ကိုရီး ယားနိုင်ငံကို EPS စနစ်နဲ့ သွားရောက်ဖို့ ကြိုးစားနေသူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ မြန်မာ အပါအဝင် နိုင်ငံခြား လုပ်သား ၆၈,၀၀၀ ဦး ခေါ်ယူဖို့ ရှိနေပြီး၊ မြန်မာမှ ကိုရီးယားသို့ တရားဝင် စေလွှတ်ခဲ့တဲ့ EPS အလုပ်သမား ၇,၄၀၀ ကျော်ရှိမှာ ဖြစ်ကာ ၂၀၂၃ ခုနှစ်မှာတော့ ကိုရီးယားနိုင်ငံမှ နိုင်ငံခြား အလုပ်သမား ၁ သိန်း ၁ သောင်းကျော် ခေါ်ယူမယ်လို့ ကိုရီးယားသမ္မတနိုင်ငံ အလုပ်အကိုင်နှင့် အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

“ပတ်စ်ပို့တွေကို ဘာကြောင့်ပိတ်လိုက်တာ ဆိုတာတော့ ကောလဟာလ မျိုးစုံ ထွက်နေတာပေါ့။ အချက် အလက်အရတော့ ဘယ်သူမှ မသိနိုင်ဘူး။ ပတ်စ်ပို့ စာအုပ်ထုတ်ဖို့ စက္ကူကြောင့်လား၊ ရွေးကောက်ပွဲလုပ် ဖြစ်ရင် နိုင်ငံခြားမှာ ရောက်နေသူတွေ မရှိအောင် ပြည်တွင်းမှာ လူတွေရှိအောင် ပိတ်ထားတာလား။ ပြီးတော့ နေပြည်တော် ရဲမင်းကြီးဖက်က ညွှန်ကြားစာ ထွက်လာတယ်လို့လည်း သိထားတယ်။ ပြည်ပကို အလုံးအရင်း ထွက်နေတာကြောင့် လူသားအရင်းအမြစ် အားနည်းလာတယ်လို့ ထွက်ပေါ်နေတာတွေလည်း ရှိတယ်” လို့ ပတ်စ်ပို့ရုံး အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

လက်ရှိ ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၅ သောင်းနီးပါး လုပ်ကိုင်နေပါတယ်။

MK-010

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now