မြန်မာ့နွေဦး

ဇန်နဝါရီလကုန်မှာ ပတ်စ်ပို့ပြန်လုပ်ပေးမယ်လို့ဆိုပေမယ့် ကန့်သတ်ချက်တွေနဲ့သာ ဖွင့်လှစ်နိုင်တယ်လို့ သုံးသပ်သူတွေပြော

မဲခေါင် 27 Jan - 2023
မဲခေါင်၊ ဇန်နဝါရီလ ၂၇ စစ်ကောင်စီကနိုင်ငံကူးလက်မှတ်တွေကို ဇန်နဝါရီလကုန်ပိုင်းမှာ ပြန်လည်ပြုလုပ်ပေးမှာဖြစ်ပြီး MoU အလုပ်သမားတွေနဲ့ ဗုဒ္ဓဂါယာ ဘုရားဖူးအေဂျင်စီတွေကိုသာ ပတ်စ်ပို့ရုံးအတွင်းကို ဝင်ခွင့်ပြုမှာဖြစ်တယ်လို့ နီးစပ်ရာ အသိုင်းအဝန်းကသိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီလ ၂၇

စစ်ကောင်စီကနိုင်ငံကူးလက်မှတ်တွေကို ဇန်နဝါရီလကုန်ပိုင်းမှာ ပြန်လည်ပြုလုပ်ပေးမှာဖြစ်ပြီး MoU အလုပ်သမားတွေနဲ့ ဗုဒ္ဓဂါယာ ဘုရားဖူးအေဂျင်စီတွေကိုသာ ပတ်စ်ပို့ရုံးအတွင်းကို ဝင်ခွင့်ပြုမှာဖြစ်တယ်လို့ နီးစပ်ရာ အသိုင်းအဝန်းကသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်ကစပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားမှုတွေကို စတင်ရပ်ဆိုင်း ခဲ့ရာကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်မှာတော့ ကြိုတင်အကြောင်းကြားမှုမရှိဘဲအားလုံးကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

“အခုပြန်ဖွင့်မှာက ပတ်စ်ပို့ရုံးက ပြန်ဖွင့်လိုက်တဲ့ပုံစံမျိုး မဟုတ်ဘဲ အရင်စနစ်တွေ လုံးဝမရှိတော့ဘူး။ QR ကုတ်နဲ့ ဘိုကင်တင်ရတာ မရှိတော့ဘူး။ အခုက ဗုဒ္ဓဂါယာသွားမယ့်သူတွေနဲ့ MOU စနစ်နဲ့သွားမယ့်သူတွေ ဒီ ၂ ခုထဲက အေဂျင်စီကလူတွေပဲ ရုံးထဲကိုပေးဝင်မယ်။ နေပြည်တော်ထိ တင်ပြရမယ်၊ သူတို့ခွင့်ပြုမှ အေဂျင်စီကခေါ်ပြီး လုပ်ရမှာ။ အရင်လို ပွဲစားဆိုတာ မရှိတော့ဘူး” လို့ ရုံးတွင်းနီးစပ်သူတစ်ဦးက ဆိုပါတယ်။

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှာ ကုန်စရိတ်သတ်မှတ်ချက်ကတော့ ယခင်သတ်မှတ်ချက်အတိုင်းသာ ကုန်ကျမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

လတ်တလော နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု ရပ်ဆိုင်းထားတဲ့အတွက် MOU စနစ်နဲ့ စေလွှတ်မယ့် အလုပ်သမားတွေ၊ ကျန်းမာရေးနဲ့ ပညာရေးအတွက် ပြည်ပထွက်ခွာမယ့်သူ အများအပြား အခက်အခဲတွေ ကြုံနေရတာပါ။

နိုင်ငံကူးလက်မှတ်လုပ်ဖို့အတွက် Online booking စနစ်ကို ဒီဇင်ဘာ (၅) ရက်မှာ ရပ်ဆိုင်းခဲ့ပြီး QR ကုတ် ရထားပြီးသူတွေကို ဆက်လက်လုပ်ကိုင်ပေးခဲ့ရာက ဇန်နဝါရီလဆန်းပိုင်း မှာတော့ MoU အလုပ်သမားနဲ့ ဗုဒ္ဓဂါယာဘုရားဖူးတွေကလွဲလို့ တခြားလုပ်ငန်းစဉ်အားလုံးကိုပါ ယာယီရပ်ဆိုင်းထားခဲ့တာပါ။

“ပညာတော်သင်သွားမယ့်သူတွေ၊ မကျန်းမာလို့ ဆေးကုသဖို့သွားမယ့်သူတွေ အဆင်မပြေမှု ပိုဖြစ်ကြပါတယ်။ ပြည်ပနိုင်ငံတွေကို ငွေကြိုသွင်းထားတာ၊ ရောဂါကုသဖို့ အချိန်နောက်ကျတာ တော်တော်ဆိုးရွားတဲ့ လုပ်ရပ်ပါ။ ရုံးတွင်းပိုင်းကကြား​တာတော့ System Update လုပ်ဖို့ရယ်၊ ရွေးကောက်ပွဲနီးတာရယ်၊ နောက်ပြီး နိုင်ငံခြားထွက်တဲ့သူများလို့ လူစွမ်းအားအရင်းအမြစ် လျော့နည်းတယ်ဆိုပြီး ဖိအားပေးမှုတွေလည်း ရှိပါတယ်” လို့ ရုံးတွင်းနီးစပ်သူနောက်ထပ်တစ်ဦးက ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်ဆောင်က နိုင်ငံအတွင်းရှိလူအများ ပြည်ပထွက်ခွာအလုပ်လုပ်သူ များပြားကာ လူ့စွမ်းအားအရင်းအမြစ် လျော့နည်းမှုရှိနေတယ်လို့ နေပြည်တော်ရှိ ဝန်ကြီးအဆင့်အစည်းဝေးတွေမှာ ဖိအားပေးသဖွယ်ပြောကြားမှုတွေကြောင့် အခုလိုတင်းကျပ်မှုတွေလုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

“MOU နဲ့သွားမယ့်သူတွေကို ပိုပြီးတင်းကျပ်မယ့်သဘော ရှိတယ်။ ဦးဆောင်တဲ့ ကုမ္မဏီတွေကိုလည်း Blacklist သွင်းပြီး လူအများအပြားမလွှတ်နိုင်အောင် တင်းကျပ်နေတာတွေလည်း တွေ့နေရတယ်” လို့ ပတ်စ်ပို့ရုံးနဲ့နီးစပ်သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး အဆင်မပြေမှုတွေကြောင့် တစ်လကို မြန်မာနိုင်ငံသား ၄၀၀၀၀ လောက်ဟာ ပြည်ပကို အကြောင်း​အမျိုးမျိုးနဲ့ ထွက်ခွာနေကြရတယ်လို့ IOM အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now