မြန်မာ့နွေဦး

စစ်ကောင်စီက နိုင်ငံခြားငွေစီးဆင်းမှုကို ထပ်မံထိန်းချုပ်လိုတာကြောင့် ပြည်ပငွေလွှဲ လုပ်ငန်းတွေအပေါ် တင်းကျပ်မှုတွေ လုပ်လာတာလို့ လုပ်ငန်းရှင်တွေဆို

မဲခေါင် 27 Jan - 2023
မဲခေါင်၊ ဇန်နဝါရီလ၂၇ စစ်ကောင်စီက ပြည်ပငွေလွဲလုပ်ငန်းတွေကို တရားဝင်လိုင်စင် ရှိမှသာ လုပ်ကိုင်ရမယ်လို့ တင်းကျပ်မှုဟာ နိုင်ငံခြားငွေကြေးစီးဆင်းမှုကို ထပ်မံထိန်းချုပ်လိုခြင်းသာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီလ၂၇

စစ်ကောင်စီက ပြည်ပငွေလွဲလုပ်ငန်းတွေကို တရားဝင်လိုင်စင် ရှိမှသာ လုပ်ကိုင်ရမယ်လို့ တင်းကျပ်မှုဟာ နိုင်ငံခြားငွေကြေးစီးဆင်းမှုကို ထပ်မံထိန်းချုပ်လိုခြင်းသာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဗဟိုဘဏ်ကမိမိနိုင်ငံနဲ့ ပြည်ပနိုင်ငံတွေကြားမှာ တရားမဝင် ငွေလွှဲလုပ်ငန်းတွေ လျော့နည်းစေဖို့ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် လျှောက်ရမှာဖြစ်ပြီး လိုင်စင်လျောက်တဲ့အခါမှာလည်းDICA ကခွင့်ပြုတဲ့လုပ်ငန်းဖြစ်ရမယ်လို့ ကြေညာချက်ထွက်ရှိထားပါတယ်။

ပြည်ပနိုင်ငံနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာလည်း သက်ဆိုင်ရာနိုင်ငံမှာ တရားဝင်ငွေလွှဲလုပ်ငန်းလိုင်စင် ရရှိရမှာဖြစ်တယ်လို့လည်းဗဟိုဘဏ်ကဆိုပါတယ်။

“ဒါက ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ချင်တဲ့သဘောပေါ့။ နောက်တစ်ခုက အခွန်ကို အဓိကထိန်းချင်တာလည်းပါတယ်။ နိုင်ငံတော်ဘတ်ဂျက်ထဲကို ရသလောက်ဆွဲသွင်းတာမျိုး၊ အခုလိုတင်းကျပ်လာတာက ပြည်တွင်းဘဏ်တွေ အသုံးပြုမှုနည်းလာတာရယ် ဟွန်ဒီလုပ်ငန်း ငွေယိုစိမ့်လာတာထိန်းချုပ်ချင်တာလည်းပါတယ်။ နောက် မမြင်ရတဲ့ဘက်အခြမ်းမှာ ဘာလုပ်ချင်တာလည်းဆိုတာလည်း စဥ်းစားစရာပေါ့လို့” သုံးသပ်သူကဆိုပါတယ်။

ပြည်ပ ငွေလွဲလိုင်စင်ရရှိထားတဲ့သူက ဗဟိုဘဏ်မှာ အာမခံငွေကျပ် သန်း ၁၀၀ အပ်နှံထားရတဲ့အပြင် နှစ်စဥ်ကြေး ကျပ် တစ်သိန်း သတ်မှတ်ထားပြီး လိုင်စင်သက်တမ်း ၃ နှစ် ခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။

ဟွန်ဒီငွေလွဲလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အစိုးရအဆက်ဆက် ထိန်းချုပ်မှုလုပ်ခဲ့ပေမယ့် အရပ်သား အစိုးခေတ်လက်ထက်က အနည်းငယ်ပြောင်းလဲမှုရှိခဲ့ပေမယ့် လက်ရှိနိုင်ငံအခြေနေအရ ထိန်းချုပ်ဖို့ မလွယ်ကူနိုင်ဘူးလို့ သုံးသပ်သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ လ ကျော်က နိုင်ငံခြား ငွေရှားပါးကာ ကန် ၁ ဒေါ်လာ ၃၀၀၀ ကျော်အထိ ရောက်ရှိချိန်မှာ ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားတွေနဲ့ သင်္ဘောသားတွေရဲ့ လုပ်ခ လစာ အပေါ် စစ်ကောင်စီက ဖိအားပေးတင်း​ကျပ်မှုတွေ လုပ်ပြီး အတင်းအကျပ်ငွေလွဲခိုင်းစေမှုတွေ ရှိခဲ့ပါတယ်။

“ပြည်ပက ငွေလွဲဆိုတဲ့လုပ်ငန်းမှာ အဓိကလမ်းကြောင်းက နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေ ကုန်သွယ်ရေးလုပ်ငန်းတွေ အဓိကသက်ဆိုင်တာပေါ့။ ဒီဟာတွေအပေါ် မူဝါဒအမျိုးမျိုး ထုတ်ပြန်တယ်။ မတည်ငြိမ်တဲ့ အခြေနေဖန်တီးထားပြီးမှတော့ အခွန်ရဖို့ လုပ်ဆောင်တာကဟာသလို ဖြစ်နေတယ်။ အာဏာသိမ်းလုပ်ရက်ကို ကာဗာလုပ်ဖို့က ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးဝါးကို တင်းကျပ်စွာကိုင်တွယ်နေတယ်ဆိုတာ ကမ္ဘာကိုပြချင်တာကြောင့် လိုက်တင်းကျပ်နေတာလို့ပဲမြင်တယ်လို့” အမည်မဖော်လိုသူ ငွေလွှဲ လုပ်ငန်းလုပ်ဆောင်နေသူ တစ်ဦးကပြောပါတယ်။

ပြည်ပ ငွေလွှဲလိုင်စင် ရရှိထားတဲ့သူက ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ စည်းမျဥ်းတွေ လမ်းညွန်ချက်တွေ ပျက်ကွက်ရင် ပျက်ကွက်မှုတစ်ခုစီအတွက် ကျပ် ၁၀ သန်း ထက်မနည်း ဒဏ်ငွေကျခံရကာ လိုင်စင်အသိမ်းခံရတဲ့အထိ အရေးယူမှုတွေကြောင့် တရားဝင်လုပ်ဆောင်မှု အားနည်းတာလို့လည်းသူကဆိုပါတယ်။

လက်ရှိ စစ်ကောင်စီ ထိန်းချုပ်နေတဲ့ ငွေကြေးခဝါချမှု အပိုင်းမှာလည်း လုပ်ငန်းတရားဝင် ဖြစ်ရေးနဲ့ အခွန်ဆောင်ရေးသာကြည့်ပြီး ငွေကြေးစီးဆင်းမှုကို မျက်ကွယ်ပြုထားတာကြောင့်အမြတ်ထုတ်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် အခွင့်လမ်းသဖွယ်ဖြစ်နေတယ်လို့ လည်းသူကပြောပါတယ်။

လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်အား ကုမ္မဏီ ၁၁ ခု အတွက်ထုတ်ပေးထားပြီးဖြစ်တယ်လို့လည်းစစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကကြေညာထားပါတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now