မြန်မာ့နွေဦး

အင်းလေးဒေသမှာ စစ်ကောင်စီတပ်က ကားတွေကိုနေ့စဉ်ချောဆွဲပြီး PDF တွေကို တောနင်းရှာဖွေနေ

မဲခေါင် 25 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၅ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ အခုလ အတွင်း စစ်ကောင်စီတပ်က ကားတွေကို နေ့စဉ် ချောဆွဲပြီး PDF တွေကို တောနင်းရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ အခုလ အတွင်း စစ်ကောင်စီတပ်က ကားတွေကို နေ့စဉ် ချောဆွဲပြီး PDF တွေကို တောနင်းရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းလေးဒေသ သန်းထောင်ကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ ဘုရားကြီးရှေ့၊ ဝမ်းဘဲအင်း၊ နွားတမ၊ ဘုရားနီ၊ လှေဆိပ်၊ သရက်သုံးပင်၊ သန်းထောင်စတဲ့ ကျေးရွာတွေက ‌ကားရှိတဲ့ အိမ်တွေကို စစ်ကောင်စီတပ်က အလှည့်ကျ ကားချောဆွဲပြီး PDF တွေကို တောနင်းရှာဖွေနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ရွာတွေ အားလုံးပေါင်းရင် ကားက အစီး ၄၀ ကျော်ရှိတယ်။ အဲဒါကို နေ့တိုင်း ချောဆွဲနေတာ။ နောက်ပိုင်းတော့ ကားသမားတွေအားလုံး စုပေါင်းတိုင်ပင်ပြီး တစ်ရက်ကို ၇ စီးနှုန်းနဲ့ အလှည့်ကျ‌ ထွက်ပေးနေရတယ်။ ဆီက ကိုယ့်ကိုကိုယ်ထည့်၊ ကားပြင်ရင် ကိုယ့်ကိုကိုယ် ပြင်ရတယ်။ နေ့တိုင်း ကားတွေက ပျက်တယ်။ ကားနဲ့မလွတ်တဲ့ လမ်းတွေကိုပဲ သွားနေရတာလေ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သန်းထောင်နဲ့ ဘုရားနီကျေးရွာ အနီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်က USSFU တပ်ပေါင်းစုနဲ့ စစ်ကောင်စီ၊ အင်းပျူစောထီး၊ PNO ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ပူးပေါင်းအဖွဲ့ဘက်က ၃၀ ကျော် သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

USSFU တပ်ပေါင်းစု ဘက်ကလည်း အမှတ် (၁၀၀၉) တပ်ရင်း -အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF ရဲ့ တပ်ရင်းမှူးနဲ့ ရဲဘော်တချို့ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ရဲဘော်အချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ်တပ်ပေါင်းစု-USSFU မှ ဇန်နဝါရီလ ၂၁ ရက်က ထုတ်ပြန်ထားပါတယ်။

အဲဒီ တိုက်ပွဲ ဖြစ်ပွားပြီး နောက်ရက်တွေမှာ USSFU တပ်ပေါင်းစုဝင် ရဲဘော်တချို့နဲ့ ဒေသခံ တချို့ စစ်ကောင်စီနဲ့ အင်းပျူစောထီးတွေရဲ့ ဖမ်းဆီးနှိပ်စက်ခံရပြီး ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ USSFU ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

PNO နဲ့ အင်းပျူစောထီးတွေက ညောင်ရွှေ-အင်းလေးဒေသ တကြောရှိ လမ်းတွေပိတ်ပြီး အစစ်အဆေးတွေ ပြုလုပ်နေတာ ဒေသခံတွေအပေါ် အကြမ်းဖက် ဖမ်းဆီးနှိပ်စက် နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်လို့ USSFU က အသိပေးထားပါတယ်။

PNO နဲ့ အင်းပျူစောထီးတွေ အနေနဲ့ စစ်ကောင်စီအလိုကျ ပြည်သူလူထုရဲ့ လွတ်လပ်စွာသွားလာခွင့်နဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်တဲ့ လုပ်ဆောင်ချက်တွေ ဆက်လက်လုပ်‌ဆောင်မယ်ဆိုပါက စစ်ကောင်စီနဲ့ တန်းတူထားပြီး အခုထက်ပိုမို ပြင်းထန်တဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်မှာဖြစ်တယ်လို့လည်း USSFU က သတိပေးထားပါတယ်။

MK-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now