မြန်မာ့နွေဦး

နယ်မြေ မအေးချမ်းတဲ့အပြင် သကြားစက်ရုံတွေက အကျိုးတူ လယ်ယာစနစ်ကို ဖျက်သိမ်းလိုက်တာကြောင့် ကြံ စိုက်ဧက လျော့နည်း

မဲခေါင် 24 Jan - 2023
မဲခေါင်၊ ဇန်နဝါရီလ ၂၄ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ ကြံကို စီးပွါးဖြစ်စိုက်ပျိုးသူနည်းလာတာဟာ နယ်မြေမအေးချမ်းတဲ့အပြင် သကြားစက်ရုံတွေက အကျိုးတူလယ်ယာစနစ်ဖျက်သိမ်းမှု​တို့ကြောင့်လို့ စစ်ကိုင်းတိုင်းရှိ တောင်သူတွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီလ ၂၄

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ ကြံကို စီးပွါးဖြစ်စိုက်ပျိုးသူနည်းလာတာဟာ နယ်မြေမအေးချမ်းတဲ့အပြင် သကြားစက်ရုံတွေက အကျိုးတူလယ်ယာစနစ်ဖျက်သိမ်းမှု​တို့ကြောင့်လို့ စစ်ကိုင်းတိုင်းရှိ တောင်သူတွေက ပြောပါတယ်။

အရင်နှစ်တွေက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြံ စိုက်ဧက ၅ သိန်းကျော်ရှိခဲ့ရာကနေ လက်ရှိမှာတော့ ဧက ၄ သိန်းကျော်သာ စိုက်ပျိုးမှုရှိပါတယ်။

သကြားစက်ရုံတွေက ဈေးကောင်းပေးဝယ်တယ် လို့ဆိုပေမယ့် စိုက်ပျိုးစရိတ် မြင့်တက်မှုတွေကြောင့် အမြတ်ကျန်ရှိတာ နည်းလာတာလို့လည်း သိရပါတယ်။

“အလယ်ပိုင်းဒေသတွေမှာ ကြံကိုစီးပွားဖြစ် မစိုက်တော့ဘူး။ သူတို့ပေးတဲ့အရင်းနှီးနဲ့ ကုန်ကျစရိတ်က မကိုက်ဘူး။ နောက် သူတို့သတ်မှတ်တဲ့ ဈေးနဲ့ဘဲ ဝယ်တယ်။ ကိုယ့်အနီးနားမှာရှိတဲ့ သကြားစက်ကိုပဲ ရောင်းလို့ရတော့ သူတိုက စင်ပေါ်ကပဲ။ အခုလို နယ်မြေမအေးချမ်းတော့ နှစ်ရှည်သီးနှံတွေကို မစိုက်ချင်ကြတာလည်း ပါမယ်။ တောင်သူရှုံးနေတာကိုသိတော့ သူတို့က အကျိုးတူ လယ်ယာစနစ်ကို မလုပ်ချင်ကြတော့ဘူး” လို့ စစ်ကိုင်းတိုင်း ကြံစိိုက်တောင်သူတစ်ဦးက ဆိုပါတယ်။

ကြံစိုက်ပျိုးရာမှာ စိုက်စရိတ်မြင့်တက်တာ သွင်းအားစုဈေးမြင့်တက်မှုတွေကြောင့် တောင်သူတွေ တွက်ချေမကိုက်ဘဲ တခြားသီးနှံ အစားထိုးစိုက်ပျိုးလာ​ကြတာကြောင့် ကြံအထွက်နှုန်းလျော့နည်းပြီး သကြား စျေးမြင့်တက်လာတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ကြံစိုက်ရာသီအတွင်း သကြားစက်ရုံတွေက ကြံ တစ်တန် ကို ကျပ် ၉ သောင်းဈေးဖွင့်ပေးထားပေမယ့် အဲ့ဒီ ဈေးနှုန်းက တောင်သူတွေ တွက်ချေမကိုက်ဘူးလို့လည်း သိရပါတယ်။

“ထွက်နှုန်းနည်းရင် ဈေးတက်တာက သဘာဝပဲ။ ကြံစိုက်သူနည်းလာတယ်၊ အဓိကတော့ အကျိုးတူလယ်ယာစနစ်ကို ပြန်ပြီးအသက်သွင်းမှ အဆင်ပြေနိုင်မယ်။ တောင်သူက စက်ရုံကဝယ်မှာလား၊ ဘယ်ဈေးပေးမှာလည်း မသိရင် မစိုက်ဘူး။ ဒါဆို သကြားအထွက်နှုန်းနည်းမယ်၊ ပြည်ပတင်ပို့မှု လျော့နည်းမယ်လို့” သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ပြောပါတယ်။

ပြည်ပနိုင်ငံတချို့က သကြားဝယ်ယူရန်ကမ်းလှမ်းမှုတွေ ရှိပေမယ့် ရောင်းချနိုင်ခြင်း မရှိသေးဘူးလို့ သတင်းထွက်ပေါ်ပြီး ကုန်သည်တချို့ရဲ့ စျေးဆွဲတင်မှုကြောင့် သကြားဈေး တစ်ပိဿာကို ၂၇၀၀ ကျပ် ထိဖြစ်နေတယ်လို့ သိရပါတယ်။

ကြံ ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ စစ်ကိုင်းတိုင်း နဲ့ ပဲခူးအရှေ့ခြမ်း၊ အနောက်ခြမ်းတွေမှာ အဓိကစိုက်ပျိုးပြီး တိုက်ပွဲအခြေအနေတွေကြောင့် ပိတ်ထားတဲ့ သကြားစက်တွေလည်း ရှိတယ်လို့ သိရပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဇန်နဝါရီလမှ ဧပြီလကုန်အထိ ပြည်ပကို သကြားတန်ချိန် နှစ်သိန်းဝန်းကျင်လောက် တင်ပို့ထားတယ်လို့လည်း သကြားအသင်းက သိရပါတယ်။

လက်ရှိမှာ ဗီယက်နမ်နိုင်ငံ တစ်ခုတည်းကိုပဲ မြန်မာ့သကြား တန်ချိန် ၄ သောင်းခွဲ တင်ပို့ရောင်းချဖို့ စာချုပ်ချုပ်ဆိုထားပြီး တန်ချိန် ၅၀၀၀ လောက်သာ တင်ပို့ရသေးတယ်လို့ သိရပါတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now