မြန်မာ့နွေဦး

အာဏာရှင်ချုပ်ငြိမ်းတဲ့အထိ အစွမ်းကုန် တိုက်ပွဲဝင်မယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီမှာ ပါဝင်မယ့်အဖွဲ့တွေ ကတိပြု

မဲခေါင် 20 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၀ ပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ကာ အာဏာရှင် ချုပ်ငြိမ်းတဲ့အထိ စုပေါင်း ခေါင်းဆောင်မှုနဲ့ အစွမ်းကုန် တိုက်ပွဲဝင်မယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ ပြန်လည်ဖွဲ့စည်းရာမှာ ပါဝင်မယ့် အဖွဲ့အစည်း ၆ ခုက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၀

ပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ကာ အာဏာရှင် ချုပ်ငြိမ်းတဲ့အထိ စုပေါင်း ခေါင်းဆောင်မှုနဲ့ အစွမ်းကုန် တိုက်ပွဲဝင်မယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ ပြန်လည်ဖွဲ့စည်းရာမှာ ပါဝင်မယ့် အဖွဲ့အစည်း ၆ ခုက ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဖွဲ့အစည်း ၆ ခု အနေနဲ့ ပြည်သူလူထုနဲ့အတူ တစ်သားတည်း အတူတကွ ရပ်တည်မှာ ဖြစ်ပြီး စုပေါင်း ခေါင်းဆောင်မှုကို အခြေခံပြီးတော့ စစ်အာဏာရှင် စနစ်နဲ့ အာဏာရှင်အားလုံး ချုပ်ငြိမ်းတဲ့အထိ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး တိုက်ပွဲတွေမှာ အစွမ်းကုန် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။

ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ-KSCC အဖွဲ့ဝင်တွေ အဖြစ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်၊ ကရင်နီပြည် ကြားကာလ ဥပဒေပြုရေးအဖွဲ့၊ ကရင်နီပြည် အမျိုးသမီးများ အင်အားစု၊ ကရင်နီပြည် လူမျိုးစု လူငယ်အင်အားစုနဲ့ ကရင်နီပြည်နယ် အရပ်ဘက် အဖွဲ့အစည်းတို့ ဖြစ်ပါတယ်။

စစ်အုပ်စုက နိုင်ငံတော် အာဏာကို မတရားသိမ်းယူဖို့ ကြိုးပမ်းခဲ့ပြီး အပြစ်မဲ့ ပြည်သူလူထုကို ဥပဒေမဲ့ ဖမ်းဆီး အကျဉ်းချတာ၊ သတ်ဖြတ်တာ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာ၊ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ အစရှိတဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်းရှိ လူငယ်တွေ၊ အမျိုးသမီးတွေ၊ ပြည်သူတွေ၊ အရပ်ဘက်အသင်းအဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေ၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သပိတ်အဖွဲ့တွေ၊ CDM တွေနဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အင်တိုက် အားတိုက် တိုက်ပွဲဝင်နေကြတယ်လို့လည်း ဖော်ပြထားပါတယ်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ အတွင်းမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေ အားလုံးက စစ်အာဏာရှင်နဲ့ အာဏာရှင် မှန်သမျှ အမြစ်ပြတ်ကျဆုံးရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့ အတွက် ကြိုးပမ်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ပြည်နယ် အချုပ်အချာ အာဏာ ပိုင်ဆိုင်ခွင့်တို့ကို တော်လှန်ရေးကာလ ကြားကာလက စတင်ပြီး အကောင်အထည် ဖော်ဆောင် ကျင့်သုံးသွားဖို့ လိုအပ်နေတယ် ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now