ကမ္ဘာ့သတင်း

စစ်ကောင်စီကို Spyware ရောင်းတဲ့ Cognyte ကုမ္ပဏီနဲ့ အစ္စရေးအစိုးရတာဝန်ရှိသူတွေကို တရားရုံးချုပ်ထံ တိုင်ကြား

မဲခေါင် 16 Jan - 2023
အာဏာမသိမ်းမီ တစ်လအလိုမှာ အစ္စရေး Cognyte ကုမ္ပဏီက စစ်ကောင်စီထံ ကြားဖြတ် Spyware ရောင်းချဖို့ တင်ဒါအောင်ခဲ့ကြောင်း ပေါက်ကြားခဲ့တာကြောင့် အစ္စရေးတရားရုံးချုပ်ထံ အစ္စရေးဦးဆောင် လူ့အခွင့်အရေးအဖွဲ့တွေက တိုင်ကြားထားပါပြီ။ 

မဲခေါင်၊ ဇန်နဝါရီ ၁၆

အာဏာမသိမ်းမီ တစ်လအလိုမှာ အစ္စရေး Cognyte ကုမ္ပဏီက စစ်ကောင်စီထံ ကြားဖြတ် Spyware ရောင်းချဖို့ တင်ဒါအောင်ခဲ့ကြောင်း ပေါက်ကြားခဲ့တာကြောင့် အစ္စရေးတရားရုံးချုပ်ထံ အစ္စရေးဦးဆောင် လူ့အခွင့်အရေးအဖွဲ့တွေက တိုင်ကြားထားပါပြီ။ 

အစ္စရေးတရားရုံးချုပ်ဟာ မြန်မာစစ်တပ် ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်လို့ ၂၀၁၇ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်ကတည်းက စစ်ဘက်ဆိုင်ရာပစ္စည်းတွေရောင်းချမှု ပိတ်ပင်ကြောင်း ကြေညာခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ 

ဒါပေမဲ့ ကြားကာလတွေမှာ မြန်မာစစ်ကောင်စီထံ လက်နက်တွေတင်ပို့နေတယ်ဆိုတဲ့စွပ်စွဲချက်တွေအကြိမ် ကြိမ်ကို ငြင်းဆိုခဲ့ပြီး အခုနောက်ဆုံး မြန်မာစစ်တပ်ပိုင် MPT ထံ Cognyte ကုမ္ပဏီက ၂၀၂၀ ဒီဇင်ဘာ ၃၀ ရက်စွဲနဲ့လိပ်မူပြီး ဖုန်းကြားဖြတ်စောင့်ကြည့် ဆော့ဖ်ဝဲလ်ဖြစ်တဲ့ Intercept Spyware စနစ် ရောင်းချကြောင်း ရိုက်တာသတင်းဌာနက စာချုပ်အထောက်အထားနဲ့ပါ ဖော်ထုတ်တင်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အစ္စရေး နိုင်ငံသား ၆၀ ကျော်ပါဝင်တဲ့ ဦးဆောင် လူ့အခွင့်အရေးအဖွဲ့တွေက အစ္စရေး တရားရုံးချုပ်ထံ လိပ်မူပြီး ဇန်နဝါရီ ၁၅ ရက်နေ့မှာ အစ္စရေးရှေ့နေချုပ်ထံ လိပ်မူပြီး လက်မှတ်ရေးထိုးတိုင်ကြားခဲ့ကြပါတယ်။ 

အစ္စရေးလူ့အခွင့်အရေးရှေ့ဆောင် ရှေ့နေဖြစ်တဲ့ အီတေမက်ခ်က Cognyte ကုမ္ပဏီနဲ့ အစ္စရေးနိုင်ငံ ခြားရေးဝန်ကြီးဌာနက အမည်မဖော်ပြသေးတဲ့ အရာရှိတစ်ဦး ပူးပေါင်းပြီး စစ်ကောင်စီရဲ့ MPT တယ်လီကွန်း ကုမ္ပဏီထံ စောင့်ကြည့် Spyware ရောင်းချခဲ့ခြင်းဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း၊ မြန်မာစစ်တပ် ကို စစ်အသုံးအဆောင်ပစ္စည်းတင်ပို့ခွင့်ပိတ်ပင်ထားတဲ့ကြားက Cognyte ကုမ္ပဏီကို Intercept Spyware စနစ် ရောင်းချဖို့ ခွင့်ပြုမိန့်ပေးခဲ့တဲ့ အစိုးရတာဝန်ရှိသူတွေကိုလည်း စုံစမ်းဖော်ထုတ်အရေးယူဖို့ တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

MPT ဖုန်းကွန်ရက်တွေမှာ စာသားပေးပို့မှု၊ ဖုန်းပြောဆိုမှု၊ အီးမေးလ်သုံးစွဲမှုအားလုံးကို ကြားဖြတ်ခိုးနားထောင် သိရှိစေတဲ့ Intercept Spyware စနစ်တွေ တပ်ဆင်ပြီးစီးနေပြီဖြစ်ကြောင်း စစ်တပ်ကိုကြောက်လို့ အမည်မဖော် လိုတဲ့ MPT ဝန်ထမ်းနှစ်ဦးက ရိုက်တာကို အတည်ပြုပြောကြားထားပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်လို့ ရိုက်တာက MPT အပြင် ပူးတွဲအလုပ်လုပ်နေတဲ့ ဂျပန် KDDI Corp.နဲ့ Sumitomo Corp တို့ကို ဆက်သွယ် မေးမြန်းပေမယ် တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသလို အစ္စရေး ရှေ့နေချုပ်၊ Cognyte ကုမ္ပဏီ ကိုယ်စားလှယ် တွေ၊ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန အားလုံးဆီ ရိုက်တာက လိုက်စုံစမ်းပေမယ့် ဘယ်သူကမှ တုံ့ပြန်ဖြေကြား ခြင်းမရှိသေးဘူးလို့ ဖော်ပြခဲ့ပါတယ်။

Intercept Spyware စနစ်ဟာ အစ္စရေးမှာ စစ်အသုံးအဆောင်ပစ္စည်း စာရင်းဝင်ပြီး ရာဇဝတ်မှုတွေကို လိုက်လံ စုံစမ်းတဲ့အခါမှာသာ အသုံးပြုရတာဖြစ်ပြီး အများပြည်သူသုံးဖုန်းစနစ်ထဲ ထည့်သွင်းခွင့်မရှိပါဘူး။

အများပြည်သူသုံး ဖုန်းကွန်ရက်တွေမှာ စစ်ကောင်စီက ဒီ Intercept Spyware စနစ်ကို ထည့်သွင်းအသုံးပြုခြင်းဟာလည်း နိုင်ငံတကာဥပဒေအရ လူ့အခွင့်အရေးချိုးဖောက်မှုမြောက်ပါတယ်။ 

Cognyte ကုမ္ပဏီကို အကောင့်တုတွေစီမံပြီး သတင်းအချက်အလက်ခိုးမှု၊ မဟုတ်မမှန်သတင်းတင်မှုကြောင့် ၂၀၂၁ ခုနှစ်ကတည်းက ဖေ့စ်ဘုတ်ကုမ္ပဏီ (META) က ပိတ်ပင်ထားသလို နော်ဝေအချုပ်အခြာအာဏာပိုင် ငွေကြေးရန်ပုံငွေအဖွဲ့ကလည်း ပြီးခဲ့တဲ့လက ပိတ်ပင်တဲ့စာရင်းထဲ ထည့်သွင်းထားပါတယ်။ 

အများပြည်သူ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တဲ့ စောင့်ကြည့်နည်းပညာတွေကို ထုတ်လုပ်လို့ ပိတ်ပင်လိုက်ကြတာဖြစ်ပြီး ဒီကုမ္ပဏီရဲ့ မနှစ်က တစ်နှစ်တာဝင်ငွေဟာ ဒေါ်လာ ၄၇၄ သန်းရှိခဲ့တယ်လို့ သိရပါတယ်။

MKF – 001

Ref: Reuter

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now