မြန်မာ့နွေဦး

ရေဦးမှာ နှစ်တစ်ရာကျော်သက်တမ်းရှိ ဘာသာရေးအဆောက်အဦတွေကို စစ်တပ်မီးရှို့

မဲခေါင် 16 Jan - 2023
ရေဦးမြို့နယ်ထဲက နှစ်ပေါင်း ၁၀၀ကျော်သက်တမ်းရှိ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်း‌တွေကို ဘုရားကျောင်းတက်တဲ့နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မဲခေါင်၊ဇန်နဝါရီ ၁၆

ရေဦးမြို့နယ်ထဲက နှစ်ပေါင်း ၁၀၀ကျော်သက်တမ်းရှိ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်း‌တွေကို ဘုရားကျောင်းတက်တဲ့နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ၊ ချမ်းသာကျေးရွာကို ဇန်နဝါရီ ၁၄ရက် ညကတည်းက  စစ်တပ်က မီးတင်ရှို့ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ ဘုရားကျောင်းမှာ ညအိပ်ကာ နောက်နေ့ တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ ခရစ်ယာန်ဘုရားကျောင်းကိုပါ မီးတင်ရှို့ခဲ့တာပါ။

၁၈၉၄က တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၁၂၉ နှစ် နီးပါးရှိ သမိုင်းဝင် “ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သခင်မဘုရားကျောင်း” ခရစ်ယာန် ကက်သလစ်သာသနာ ဗိမာန်တော် ဘုရားရှိခိုးကျောင်းတော်ကြီးနဲ့ ဘုရားကျောင်းခေါင်းလောင်းစင်ကြီး အပါအဝင် ဘုရားကျောင်းဝင်းအတွင်းရှိ မကြာသေးခင်က အသစ်မွမ်းမံပြန်လည်တည်ဆောက်ထားတဲ့ Fr. ဘုန်းတော်ကြီးကျောင်းတိုက်၊ သမိုင်းဝင် ရာပြည့် Sr.သီလရှင်ကျောင်းတိုက်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ People’s Defense Comrade အဖွဲ့က မနေ့ညက အသိပေးထားပါတယ်။

“ဒီနေ့ဒီလိုအချိန် မွန်မြတ်သော တနင်္ဂနွေနေ့မှာ ဘုရားကျောင်းကြီးက သာယာနာပျော်ဖွယ် ခေါင်းလောင်းသံတွေကြားရမယ့်အချိန်  ဘုရားရှိခိုးကျောင်းကို အတူတူတက်ကြရမယ့်အချိန် နေ့မျိုးမှာ  ဘာသာဝင်တစ်ယောက်ချင်းစီတိုင်းရဲ့ ရင်ဘတ်ထဲကို မီးလောင်တိုက်သွင်းခံခဲ့ရပါတယ်”လို့ People’s Defense Comrade အဖွဲ့က အသိပေးထားပါတယ်။

ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ပြီး ဘုရားကျောင်းက ခေါင်းလောင်းစင်ပါ ပြိုကျပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ချမ်းသာရွာကို ပြီးခဲ့တဲ့နှစ် ၂၀၂၂ မေလ၊ ဇွန်လနဲ့ ဒီဇင်ဘာအတွင်းကလည်း သုံးကြိမ်တိုင် ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး အခုအကြိမ်ဟာ ၄ကြိမ် မြောက်ဖျက်ဆီးခံရတာဖြစ်ကာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့တယ်လို့ People’s Defense Comrade အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁၄ရက်မှာ မော်လိုက်အခြေစိုက် ခမရ(၃၆၄) တပ်နဲ့ မှော်ဘီ ထူးကြီးအခြေစိုက် ခလရ(၇၀၁)တပ်တို့  စစ်ကြောင်း၂ခုပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၃၅လုံး မီးလောင်ပြာကျခဲ့သလို အခုအကြိမ်ဟာ ၄ကြိမ်မြောက်ဖြစ်ကာ ရွာလုံးကျွတ်ပြာကျခဲ့တာလို့ သိရပါတယ်။

ဒီလိုမီးရှို့ခံရလို့ ရွာလုံးကျွတ်ပြာကျခဲ့ပေမယ့် ဘာသာဝင်တစ်ယောက်ချင်းစီတိုင်းရဲ့ စိတ်ဓာတ်တွေပြာမကျဘူးလို့ People’s Defense Comrade အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့အသက်လောက်မက အမြတ်တနိုးတန်ဖိုးထားရတဲ့ သမိုင်းဝင်ရာကျော် ဘုရားရှိခိုးကျောင်းကြီးကို မီးလောင်ဆုံးရှုံးလိုက်ရလို့ ဘာသာဝင်တစ်ယောက်ချင်းစီတိုင်းရဲ့ရင်ဘတ်ထဲမှာ ဝမ်းနည်းပူလောင်နေရတာကလွဲရင်   ကျွန်တော်တို့စိတ်ဓာတ်တွေ ပြာမကျခဲ့ကြပါဘူး”လို့ သူကပြောပါတယ်။

ချမ်းသာကျေးရွာကို မန္တလေးကက်သလစ်သနာရောက်ရှိလာခဲ့တာဟာ နှစ်ပေါင်း ၄၀၀ကျော် ၅၀၀ နီးပါးရှိခဲ့ပြီဖြစ်ကာ ပေါ်တူဂီနွယ်ဘွားတွေပေါက်ဖွားရာ ရှေးဟောင်းသမိုင်းဝင် ရွာကြီးတစ်ရွာဖြစ်ပါတယ်။

ခရစ်ယာန်ဘာသာဝင်အများစုရှိသော်လည်း ဗုဒ္ဓဘာသာဝင်ရပ်ကွက် နှစ်ခုနဲ့ အတူယှဥ်တွဲနေထိုင်ခဲ့ကာ အိမ်ခြေပေါင်း ၈၀၀ ကျော်ရှိတဲ့ ရွာကြီးတစ်ရွာလည်းဖြစ်ပါတယ်။

ပုံစာ- မီးရှို့ဖျက်ဆီးခံရတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဘုန်းတော်ကြီးကျောင်းအဆောက်အအုံတွေကို တွေ့ရစဉ်

ဓာတ်ပုံ-People’s Defense Comrade

MK-003

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now