မြန်မာ့နွေဦး

သာကေတမှာ စစ်တပ်က ပါဆယ်ဗုံးခွဲပြီး မဲစာရင်းတွေ ရပ်ကွက်ရုံးမှာ ထိုင်ကောက်နေ

မဲခေါင် 12 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၂ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဝေဇယန္တာ (၁၂) လမ်းမှာ အထုပ်တစ်ထုပ် တွေ့ရှိခဲ့ပြီးနောက် စစ်ကောင်စီက ဒီကနေ့ မနက်ပိုင်းမှာ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဝေဇယန္တာ (၁၂) လမ်းမှာ အထုပ်တစ်ထုပ် တွေ့ရှိခဲ့ပြီးနောက် စစ်ကောင်စီက ဒီကနေ့ မနက်ပိုင်းမှာ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓမ္မာရုံအနီး ပါဆယ်ဗုံး တွေ့လို့ သာကေတ (၆) အနောက်၊ (၃၆) ကျောင်းတွင်း ကွင်းပြင်မှာ စစ်တပ်က ဒီမနက် ၉ နာရီကျော်မှာ လမ်းတွေ ပိတ်ကာ ဖောက်ခွဲလိုက်ပြီးနောက် အုပ်ကြီးတွေက ရပ်ကွက်ရုံးမှာ ထိုင်ပြီး မဲစာရင်း ကောက်ခံနေတယ်လို့ ဒသခံ တစ်ဦးက ပြောပါတယ်။

“သူတို့ဘာသာ ရှာတွေ့ပြီး သူတို့ဟာ သူတို့ ဖောက်ကြတာ။ စစ်ကား ၆ စီးနဲ့ ရောက်လာပြီး ကျောင်းထဲမှာ ဖောက်ခွဲသွားတယ်။ ဘယ်သူမှတော့ လာထားတယ် မထင်ပါဘူး။ သူတို့ပဲ မြင်တာဆိုတော့ သူတို့ဟာ သူတို့ ထောင်ထားတာ ဖြစ်မယ်” လို့ သူကပြောပါတယ်။

စစ်တပ်က လမ်းတွေ ပိတ်ကာ ဗုံးဖောက်ခွဲပြီးနောက် သာကေတ ရပ်ကွက် အတွင်းက လူဦးရေ စာရင်းတွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက တစ်အိမ်တက်ဆင်း မကောက်တော့ဘဲ ရပ်ကွက်ရုံးမှာ ထိုင်ကာ စာရင်းတွေ ကောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အနော်မာ (၁) ထဲမှာတော့ လမ်းထဲက ကလေးတွေနဲ့ ရာအိမ်မှူးတွေ လိုက်ကောက်နေတယ်။ အုပ်ကြီးနဲ့ လဝက ကကောင်တွေကတော့ အုပ်ချုပ်ရေးမှူးရုံးမှာ ထိုင်စောင့်နေကြတယ်။ တစ်ခြား ရပ်ကွက်တွေလည်း အဲ့လို လုပ်နေတယ် ကြားတယ်” လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။

အခု ညနေ ၄ နာရီကျော် ကလည်း သာကေတမြို့နယ် အတွင်း ဗုံးပေါက်ကွဲသံ ထွက်ပေါ်ခဲ့ ပေမယ့် ဘယ်နေရာမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မနေ့ကတော့ တာမွေမြို့နယ်မှာ မဲစာရင်း လိုက်ကောက်တဲ့ အဖွဲ့ ဗုံးနဲ့ထုခံရပေမယ့် လူထိခိုက်တာတော့ မရှိခဲ့ပါဘူး။

MK-005

ဓာတ်ပုံ – ပုံဟောင်း ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now