မြန်မာ့နွေဦး

စစ်ဦးစီးချုပ် လုပ်ကြံမှု စွပ်စွဲချက် AA လက်မခံ၊ ပါတီတွင်း လုပ်ကြံမှု ဖြစ်နိုင်တယ်လို့ တုံ့ပြန်

မဲခေါင် 6 Jan - 2023
စစ်တွေမြို့မှာ ALP ရဲ့ စစ်ဦးစီးချုပ်နဲ့ တပ်မှူး ၂ ဦးကို ဇန်နဝါရီ ၄ ရက်နေ့က လုပ်ကြံ သတ်ဖြတ်ခဲ့တယ်ဆိုပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP က ကြေညာချက်ထုတ်ပြန် တာဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်လို့ ULA/AA ပြောခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခက ပြောပါတယ်။

ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ်(၁၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီးခိုင်သူရိန္ဒ တို့ ၃ ဦးဟာ စစ်တွေမြို့မှာ ဇန်နဝါရီလ ၄ ရက်နေ့က အိမ်စီးကားပေါ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပြီး ALP အဖွဲ့က AA အဖွဲ့ရဲ့ လက်ချက်လို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စကတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ကျွန်တော်တို့ ULA/AA ကို အခြေအမြစ် မရှိ စွပ်စွဲတယ် ဆိုတာက နာမည်သေနေတဲ့ သူတို့ ALP ကို နာမည်ကြီးအောင် လုပ်ချင်လို့ လုပ်တာလည်း ဖြစ်နိုင်တာပေါ့

လို့ ULA/AA ပြောခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခ က ရခိုင် သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။

ဒါ့အပြင် အခြား အင်အားစု တစ်ခုခုက ပြဿနာတွေ ဖန်တီးလိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို လုပ်ကြံ သတ်ဖြတ်တာ ဖြစ်နိုင်သလို ALP ပါတီတွင်း ပဋိပက္ခတွေ ရှိနေတာကြောင့် ပါတီတွင်း လုပ်ကြံမှုလည်း ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပြောဆိုပါတယ်။

နေပြည်တော်ကို အစည်းအဝေး တက်ဖို့၊ သွားဖို့ ဆိုရင်တောင်မှ နှစ်ဖွဲ့ လုနေကြတာတွေ ရှိတယ်။ ပြီးလို့ရှိရင် သူတို့ ALP အချင်းချင်း ကြားမှာလည်းပဲ အာဏာဆိုင်ရာ ငွေကြေးဆိုင်ရာ အတွင်း ပဋိပက္ခတွေလည်း အများကြီး ရှိတယ် 

လို့ ခိုင်သုခက ဆိုပါတယ်။

ALP ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ စစ်ဦးစီးချုပ် အပါအဝင် ၃ ဦးကို ULA/AA က လုပ်ကြံတာဟာ ရခိုင် တမျိုးသားလုံးရဲ့ စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေရုံ သာမက ရခိုင်ပြည်သူ တွေကိုပါ တုန်လှုပ် ချောက်ခြားစေတဲ့ အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုထားပါတယ်။

အခုကိစ္စဟာ ရခိုင်ပြည်တွင်း မတည်မငြိမ်ဖြစ်အောင်၊ ရခိုင်တော်လှန်ရေးအဖွဲ့တွေ အချင်းချင်း စိတ် ဝမ်းကွဲအောင် စစ်ကောင်စီဘက်က လုပ်တာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူ အချို့က ခန့် မှန်းနေကြပါတယ်။

အဖွဲ့ဝင် ၃ ဦး အသတ်ခံ လိုက်ရတာဟာ ဘယ်အဖွဲ့အစည်းတွေက သတ်သွားတယ် ဆိုတာကို သူ့အနေနဲ့ ထုတ်ဖော် ပြောဆိုစရာ မလိုအောင် ပြည်သူတွေ သိပြီးသားလို့ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။

ဇန်နဝါရီ ၅ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ALP ထုတ်ပြန်ချက်ထဲမှာလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ပါတီဝင်တွေ တပ်ဖွဲ့ဝင်တွေကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာတွေ၊ အရပ်သား ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ်တာတွေ ဆက်တိုက် လုပ်နေတယ်လို့ ဖော်ပြထားပြီး အဲ့ဒီအတွက် တရားမျှတမှုရအောင် လုပ်ဆောင်မယ်လို့လည်း ပြောထားပါတယ်။

စစ်တွေ အခြေစိုက် ALP အဖွဲ့ဝင် တချို့ကို AA အဖွဲ့က ဖမ်းဆီးတာမျိုးတွေ အရင်က ရှိခဲ့သလို ALP တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ ပေါင်းပြီး AA အဖွဲ့ဝင် တချို့ကို ဖမ်းဆီးတာတွေလည်း ရှိခဲ့တာပါ။

ဒီအတွက် AA တပ်ဖွဲ့နဲ့ ALP ကြား တင်းမာမှုတွေ ရှိခဲ့ဖူးပါတယ်။

၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ကလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP တွဲဖက်အတွင်း ရေးမှူး (၁) ခိုင်အောင်စိုးသန်း အပါအဝင် ရခိုင်လူထု ကျန်းမာရေး လုပ်သားအဖွဲ့-RCHWA က ဆေးဝန်ထမ်းတွေကို AA အဖွဲ့က ပုဏ္ဏားကျွန်းမြို့နယ် ရွာတစ်ရွာ အနီးကနေ ဖမ်းခေါ်သွားခဲ့ဖူးပါတယ်။

ပြီးတော့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ကလည်း ALP ပါတီ ခေါင်းဆောင် ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို စစ်တွေမြို့ နေအိမ်ကနေ AA အဖွဲ့ က ဖမ်းဆီးခေါ်ဆောင် သွားခဲ့ဖူးပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်-ALP/ALA ဟာ ၂၀၁၅ ခုနှစ် ကတည်းက အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ်-NCA မှာ လက်မှတ်ရေးထိုးထားပြီး အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း စစ်ကောင်စီနဲ့ ဆက်ဆံရေး ကောင်းမွန်ကာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

AA တပ်ဖွဲ့နဲ့ အာဏာသိမ်း စစ်ကောင်စီကြားမှာတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ နှုတ်အားဖြင့် အပစ်အခတ် ရပ်စဲရေး လုပ်ထားပေမဲ့ တရားဝင် သဘောတူ လက်မှတ်ထိုးတာတွေ မရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now