မြန်မာ့နွေဦး

စာရေးဆရာမ ဒေါ်သန်းမြင့်အောင် အပါအဝင် လူသိများသူတချို့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်

မဲခေါင် 4 Jan - 2023
NLD အစိုးရ လက်ထက်မှာ ရန်ကုန် စည်ပင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် အပါအဝင် လူသိများသူတချို့ကို စစ်ကောင်စီက အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးခဲ့တယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူ ရှေ့နေတစ်ဦးထံမှ သိရပါတယ်။

ဒေါ်သန်းမြင့်အောင်ကို စစ်အာဏာသိမ်းခဲ့တဲ့ နေ့က ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်သန်းမြင့်အောင်၊ ဦးအောင်ကိုတို့က ညကတည်းက လွတ်လာတာပါ။ ကိုကျော်ဇေယျနဲ့ ကိုထင်လင်းဦး ကတော့ အိမ်မရောက်ကြသေးဘူး

လို့ သူကပြောပါတယ်။

ရန်ကုန်တိုင်း စည်ပင်သာယာကော်မတီဝင် ဒေါ်သန်းမြင့်အောင်ကို တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှုနဲ့ စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာပါ။

ဇန်နဝါရီလ ၄ ရက်မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင် အသီးသီးရှိ အကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး နိုင်ငံရေးအကျဉ်းသားတချို့ လွတ်မြောက်လာတာပါ။

လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းပေးတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေထဲမှာမှ နိုင်ငံရေးအမှုနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ပြစ်ဒဏ်ကျန်ကာလ ၁ နှစ်အောက် တွေကိုသာ စိစစ်လွှတ်ပေးတာ တွေ့ရှိရတယ်လို့လည်း ရှေ့နေတစ်ဦးက ပြောပါတယ်။

ကြားထားတဲ့ သတင်းအရတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ၅၀၅(က) ၅၀၅(ခ) အမှုတွေနဲ့ ထောင်ဒဏ် ကျခံနေရသူတွေထဲက ကျခံရန် ကျန်ကာလ ၁ နှစ်အောက် အကျဉ်းသားတွေကို ကျန်တဲ့ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုပြီး လွှတ်မယ်။ ကျခံရန် ကျန်ကာလ ၁ နှစ်အထက် ကျန်သူတွေကို ပြစ်ဒဏ်ရဲ့ ၆ ပုံ၁ပုံ လျှော့ပေါ့ လွှတ်ငြိမ်းပေးမယ် ကြားရပါတယ်။ အမိန့်စာ မမြင်ရသေးတော့ အတည်မပြုနိုင်သေးပါ။ ကြားတဲ့သတင်း မှန်ရင် ပြစ်ဒဏ် ၂ နှစ်ချခံရသူတွေ အားလုံးလွတ်ပါမယ်။ ပြစ်ဒဏ် ၃ နှစ်ကျသူတွေကတော့ ချုပ်ရက် ထောင်နေသား၊ လျှော့ရက်စနစ်များအရ တွက်ကြည့်တဲ့အခါ ၂၀၂၁ မေလအထိ ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံရသူတွေ လွတ်နိုင်ပါတယ် 

လို့ သူက သုံးသပ်ထားပါတယ်။

အခု ပြန်လည် လွတ်မြောက်သူတွေထဲမှာ ဂျာနယ်လစ် တစ်ချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

‌စစ်ကောင်စီက မနေ့ညက လွှတ်ပေးတဲ့အထဲ ‌စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ သာသနာရေးဝန်ကြီး သူရဦးအောင်ကို တို့ပါဝင်ပြီး ဒီနေ့ လွှတ်ပေးမယ့်စာရင်းထဲမှာ စာရေးဆရာ ထင်လင်းဦး၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ မော်ကွန်း သတင်းထောက်ချုပ် ကိုကျော်ဇေယျနဲ့ ဂျာနယ်လစ်အချို့ ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိ လွတ်မယ့် စာရင်းထဲပါဝင်သူ အချို့ရဲ့ မိသားစုဝင်တွေဟာ အင်းစိန်ထောင်ဝမှာ စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now