နေ့စဥ်သတင်း

မိုးမိတ် တိုက်ပွဲအတွင်း စစ်ကောင်စီက ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြု

မဲခေါင် 24 Nov - 2026
မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေစဉ် စစ်ကောင်စီတပ်က ကျေးရွာများကို လေကြောင်းမှ အရှိန်မြှင့် တိုက်ခိုက်နေသည့်အပြင် ဒေသခံပြည်သူများကို ထွက်ခွာခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ပထမပတ်က စတင်ခဲ့သည့် အဆိုပါ တိုက်ပွဲများသည် မိုးမိတ်မြို့မြောက်ဘက် မဘိမ်းမြို့သို့သွားသည့် ကားလမ်းတစ်လျှောက်တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ကို ခုခံနိုင်ခြင်းမရှိဘဲ ဆုတ်ခွာခဲ့ရပြီးနောက် ၇ မိုင်၊ ၅ မိုင်နှင့် ၄ မိုင်ကျေးရွာများတွင် တပ်စွဲခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်က အဆိုပါကျေးရွာများသို့

မဲခေါင်၊ နိုဝင်ဘာ ၂၄

ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေစဉ် စစ်ကောင်စီတပ်က ကျေးရွာများကို လေကြောင်းမှ အရှိန်မြှင့် တိုက်ခိုက်နေသည့်အပြင် ဒေသခံပြည်သူများကို ထွက်ခွာခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ပထမပတ်က စတင်ခဲ့သည့် အဆိုပါ တိုက်ပွဲများသည် မိုးမိတ်မြို့မြောက်ဘက် မဘိမ်းမြို့သို့သွားသည့် ကားလမ်းတစ်လျှောက်တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ကို ခုခံနိုင်ခြင်းမရှိဘဲ ဆုတ်ခွာခဲ့ရပြီးနောက် ၇ မိုင်၊ ၅ မိုင်နှင့် ၄ မိုင်ကျေးရွာများတွင် တပ်စွဲခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်က အဆိုပါကျေးရွာများသို့ အဝင်အထွက် ကန့်သတ်ခဲ့သည့်အပြင် တိုက်ပွဲအတွင်း ပိတ်မိမည်ကို စိုးရိမ်၍ တိမ်းရှောင်ရန် ကြိုးပမ်းသည့် ဒေသခံများကိုလည်း ထွက်ခွာခွင့်မပေးဘဲ ပိတ်လှောင်ထားခဲ့ကြောင်း SHRF က ဆိုသည်။

နိုဝင်ဘာ ၁၄ ရက်တွင် ၇ မိုင်ကျေးရွာ၌ ကျန်ရှိနေသည့် ဒေသခံများကို နေအိမ်များမှ ထွက်ခွာရန် အမိန့်ပေးပြီးနောက် စစ်ကောင်စီတပ်သားများက နေအိမ်များအတွင်း ဝင်ရောက်ကာ ဆန်၊ စားနပ်ရိက္ခာနှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။ ယင်းနေ့ ညနေပိုင်းတွင် လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်အနည်းဆုံး ၅ လုံး ပျက်စီးကာ အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၁၅ ရက်တွင် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၇ မိုင်ကျေးရွာကို ထပ်မံတိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၁၇ ရက်တွင်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်ကလည်း ကျောက်တောင် (၇ မိုင်) ကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း SHRF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၁၉ ရက်တွင် စစ်ကောင်စီတပ်သည် မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာအထိ ဆုတ်ခွာခဲ့ရသော်လည်း ဒေသခံများကို မြို့အဝင်အထွက် ကန့်သတ်ထားပြီး စစ်ဘေးရှောင်ခွင့် မပေးသေးကြောင်း သိရသည်။ လက်ရှိတွင် ၅ မိုင်နှင့် ၄ မိုင်ကျေးရွာများ၌ ဒေသခံအချို့ ပိတ်မိနေဆဲဖြစ်ကြောင်း SHRF က ပြောသည်။

စစ်ရေးပစ်မှတ်များနှင့် တိုက်ပွဲဖြစ်ပွားရာ နေရာများအနီးရှိ အရပ်သားပြည်သူများကို ထွက်ခွာခွင့်မပေးခြင်းနှင့် ကျေးရွာများကို လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်ခြင်းတို့ကြောင့် ဒေသခံများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်နေပြီး စစ်ဘေးရှောင်ပြည်သူများအတွက်လည်း အန္တရာယ် ပိုမိုကြီးထွားလာနေသည်။

#MeKongNews
#ရှမ်းမြောက်
#မိုးမိတ်
#စစ်ကောင်စီ
#တော်လှန်ရေး
#တိုက်ပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ယွမ် ၁၀၀ ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now