နေ့စဥ်သတင်း

တာချီလိတ်ခရိုင် သာသနာရေးမှူးရုံး ထောက်ခံစာပါ သစ်ကား မိုင်းတွင်း၌ ဖမ်းဆီးခံရ

မဲခေါင် 4 Oct - 2026
မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှ တာချီလိတ်မြို့သို့ သယ်ဆောင်လာသည့် သစ်ကားတစ်စီးကို မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းတွင်းစုပေါင်းဂိတ်၌ တရားမဝင် သစ်မှောင်ခိုမှုဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။ ယင်းသစ်ကား ပေါ်တွင် ကျွန်း ၈ တန်၊ အင်ကြင်း ၂ တန်နှင့် ပျဉ်းကတိုး ၅ တန်တို့အား ကားအမိုးဖုံး၍ သယ်ဆောင်လာခြင်းဖြစ်ပြီး တာချီလိတ်ခရိုင် သာသနာရေးမှူးရုံး၏ ထောက်ခံစာနှင့် တာချီလိတ်နယ် ရှမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့၏ ထောက်ခံချက်များ ပါရှိသော်လည်း သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်များ၏ တိကျသည့် အထောက်အထား မပါရှိသောကြောင့် ဖမ်းဆီးထားခြင်း ဖြစ်သည်။ စာရွက်စာတမ်း ထောက်ခံချက်များအရ ယင်းသစ်များမှာ တာချီလိတ်မြို့၊ ဆန်ဆိုင်း

မဲခေါင်၊ အောက်တိုဘာ ၄

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှ တာချီလိတ်မြို့သို့ သယ်ဆောင်လာသည့် သစ်ကားတစ်စီးကို မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းတွင်းစုပေါင်းဂိတ်၌ တရားမဝင် သစ်မှောင်ခိုမှုဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

ယင်းသစ်ကား ပေါ်တွင် ကျွန်း ၈ တန်၊ အင်ကြင်း ၂ တန်နှင့် ပျဉ်းကတိုး ၅ တန်တို့အား ကားအမိုးဖုံး၍ သယ်ဆောင်လာခြင်းဖြစ်ပြီး တာချီလိတ်ခရိုင် သာသနာရေးမှူးရုံး၏ ထောက်ခံစာနှင့် တာချီလိတ်နယ် ရှမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့၏ ထောက်ခံချက်များ ပါရှိသော်လည်း သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်များ၏ တိကျသည့် အထောက်အထား မပါရှိသောကြောင့် ဖမ်းဆီးထားခြင်း ဖြစ်သည်။

စာရွက်စာတမ်း ထောက်ခံချက်များအရ ယင်းသစ်များမှာ တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ “ပြည့်စုံသက်တာ ပရဟိတဂေဟာ” ရေဘေးသင့်စဉ်က ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြင်ဆင်ရန်အတွက် အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် သစ်များ ဖြစ်ကြောင်း ဖော်ပြထားသည်ကို မဲခေါင်က ဖတ်ရှုရသည်။

ယင်းသစ်ကားသည် မိုင်းတုံမြို့နယ်မှ UWSA စစ်ဒေသ (၁၇၁) ဧရိယာဖြစ်သော ဝမ်ဟုန်ဒေသကို ဖြတ်သန်း၍ ပုံမှန်မဟုတ်သည့် လမ်းကြောင်းအတိုင်း မောင်းနှင်လာခဲ့ခြင်းဖြစ်ပြီး၊ မိုင်းဆတ်ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ ဒေသဆိုင်ရာ အာဏာပိုင်များသို့ တင်ပြထားသော်လည်း သင်းအုပ်ဆရာနှင့် ယာဉ်မောင်းတို့အကြား ချိတ်ဆက်မှု လွဲမှားခဲ့ခြင်းကြောင့် အဖမ်းခံရခြင်း ဖြစ်သည်ဟု သိရသည်။

“အမှန်တော့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို တင်ပြထားတယ်လို့ သိရတယ်။ ပုံမှန်လမ်းကြောင်းက မသွားဘဲ “ဝ” လမ်းကြောင်းက သွားတာရယ်၊ သင်းအုပ်ဆရာနဲ့ ကားသမား ချိတ်ဆက်မမိတာရယ် ခုလိုဖြစ်တာလို့ သိရတယ်။ သင်းအုပ်က ကားအဖမ်းခံရတဲ့အချိန် မသိဘဲ မိုင်းဆတ်မှာ ဘုရားကျောင်းတက်နေတာတဲ့” ဟု မိုင်းဆတ်ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

လက်ရှိတွင် ယင်းသစ်ကားအား မိုင်းတွင်း စုပေါင်းဂိတ်၌ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

#MeKongNews
#သစ်ကား
#တာချီလိတ်
#သာသနာရေးဦးစီးဌာန
#မိုင်းတွင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကာလအတွင်း “ဝ”တပ်ဖွဲ့က နယ်စပ်ကင်းလှည့် လုံခြုံရေးမြှင့်မည်

မဲခေါင်၊ အောက်တိုဘာ ၂ တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အစည်းအဝေးကာလအတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် ထိန်းချုပ်မှုများ တိုးမြှင့်ဆောင်ရွက်မည်ဟု “ဝ”တပ်ဖွဲ့ (UWSA) လက်အောက်ခံ “ဝ”ပြည်နယ် တရားရေးကော်မတီက (WSP) က ယမန်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရလခ စစ်တိုင်းမှူးအသစ် ခန့်အပ်ပြီး ကရင်နီနှင့် နေပြည်တော် နယ်မြေများသို့ စစ်ဆင်ရေးအာဏာ တိုးမြှင့် သုံးစွဲလာနိုင်

မဲခေါင်၊ အောက်တိုဘာ ၁ ​စစ်ကောင်စီသည် ဒေသကွပ်ကဲရေးမှူး (လွိုင်ကော်) ဖြစ်သူ ဗိုလ်မှူးချုပ် ဝေလင်းအောင် (DSA 42) အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) ၏ တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။ ​အလားတူ ခိုလန်မြို့ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းလားတွင် မော်တော်ယာဉ်များကို ဖမ်းဆီးစစ်ဆေးနေပြီး ဒဏ်ကြေးနှင့်ယာဉ်မောင်းလိုင်စင် အောင်မြင်မှသာ ပြန်လည်ထုတ်ပေးနေ

မဲခေါင်၊၊ အောက်တိုဘာ ၁ ​အထူးဒေသ (၄) မိုင်းလားမြို့တွင် စည်းကမ်းပျက်ကွက်သည့် မော်တော်ဆိုင်ကယ်နှင့် မော် တော်ယာဉ်များကို တာဝန်ရှိသူများက စစ်ဆေးဖမ်းဆီးလျက်ရှိပြီး သိမ်းဆည်းခံရသည့် ယာဉ်များကို ပြန်လည်ရွေးယူရန်အတွက် အမှုအလိုက် ကျသင့်ဒဏ်ကြေးနှင့် ယာဉ်မောင်းလိုင်စင် စာမေးပွဲ အောင်မြင်မှသာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now