နေ့စဥ်သတင်း

PNO ပြည်သူ့စစ်က ဒေသခံ ၃ ဦးကို ဖမ်းဆီးပြီး ငွေကျပ်သိန်း ၃၀ စီဖြင့် ပြန်ရွေးခိုင်း

မဲခေါင် 30 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၃၀ တောင်ကြီးမြို့နယ်၊ နောင်ကားဒေသခံ ၃ ဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးပြီး ငွေဖြင့်ပြန်ရွေးခိုင်းခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ နောင်ကားဒေသ ဖောင်မူးကျေးရွာ၊ မဉ်နိုးကျေးရွာမှ ဒေသခံ ၃ ဦးကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟုဆိုကာ PNO ပြည်သူ့စစ်က စက်တင်ဘာလ တတိယပတ်အတွင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းဒေသခံ ၃ ဦးကို PNO က ဖမ်းဆီးပြီးနောက် နောင်ပစ်ကျေးရွာရှိ PNO မြေအောက်ခန်းထောင်ထဲသို့ ပို့ဆောင်ခဲ့သည်ဟု သတင်းရင်းမြစ်ကပြောသည်။ “ဟုတ်တယ် ဖမ်းသွားပြီးတော့ တစ်ယောက်ကို သိန်း ၃၀ နဲ့ ပြန်ရွေးရတယ်။ ယာမရှူလို့တဲ့ ။ အစည်းအဝေးမှာ ပြောတာက ငွေနဲ့ပေးမရွေးဘူး ထောင်ချမယ်

မဲခေါင်၊ စက်တင်ဘာ ၃၀

တောင်ကြီးမြို့နယ်၊ နောင်ကားဒေသခံ ၃ ဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးပြီး ငွေဖြင့်ပြန်ရွေးခိုင်းခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

နောင်ကားဒေသ ဖောင်မူးကျေးရွာ၊ မဉ်နိုးကျေးရွာမှ ဒေသခံ ၃ ဦးကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟုဆိုကာ PNO ပြည်သူ့စစ်က စက်တင်ဘာလ တတိယပတ်အတွင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းဒေသခံ ၃ ဦးကို PNO က ဖမ်းဆီးပြီးနောက် နောင်ပစ်ကျေးရွာရှိ PNO မြေအောက်ခန်းထောင်ထဲသို့ ပို့ဆောင်ခဲ့သည်ဟု သတင်းရင်းမြစ်ကပြောသည်။

“ဟုတ်တယ် ဖမ်းသွားပြီးတော့ တစ်ယောက်ကို သိန်း ၃၀ နဲ့ ပြန်ရွေးရတယ်။ ယာမရှူလို့တဲ့ ။ အစည်းအဝေးမှာ ပြောတာက ငွေနဲ့ပေးမရွေးဘူး ထောင်ချမယ် အကျင့်ပြင်ရမယ်လို့ပြောတယ်။ အခုတကယ်ဖြစ်နေတာကတော့ ဗိုလ်ကြီး ဗိုလ်မှူးတွေ ငွေရှာဖို့ဖြစ်သွားတယ်”ဟု နောင်ကားဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ်လတွင်လည်း PNO ပြည်သူ့စစ်သည် နောင်ကားဒေသတွင် ယာမဆေးရှူသည်ဟုဆိုကာ ဒေသခံ နှင့် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄၀ နီးပါးကို ဖမ်းဆီးအရေးယူခဲ့ဖူးသည်။ ထိုအရေးယူမှုအတွင်း ယာမဆေးရှူသည့် ဒေသခံများကို တစ်ဦး သိန်း ၂၀ ကျပ်ဖြင့် ပြန်ရွေးခိုင်းပြီး ယာမဆေးရှူသည့် PNOပြည်သူ့စစ်တပ်ဖွဲ့ဝင်များကိုမူ တုတ်ဖြင့်အကြိမ် ၂၀ ရိုက်နှက်ခဲ့သည်။

“ယာမဆေးရောင်းတဲ့သူတွေကိုတော့ ပြင်းပြင်းထန်ထန် အရေးယူစေချင်တယ်။ ထောင်ချစေချင်တယ်။ သုံးစွဲသူကိုတော့ ဆေးဖြတ်ပေးတာမျိုး၊ ပညာပေးတာမျိုး စနစ်တကျလုပ်စေချင်တယ်။ ဆေးသုံးသူတွေရဲ့ အားနည်းချက်ကိုနင်းပြီး ဗိုလ်တွေ ချမ်းသာသွားတဲ့ ငွေတောင်းစားတာမျိုးကျတော့ ဘာထူးတော့မှာလဲ” ဟု နောင်ကားဒေသခံတစ်ဦးက ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်တွင် PNO အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းသို့လုပ်ဆောင်ရာတွင် ဒဏ်ငွေဆောင်ခိုင်းခြင်းများ ပြုလုပ်မည်မဟုတ်ဘဲ သံခြေကျင်းခတ်ကာ PNO ထောင်တွင် ပြစ်ဒဏ်ပေးမည်ဟု ထုတ်ပြန်ထားသည်။

#MeKongNews
#ပြည်သူ့စစ်
#PNO
#ဒေသခံ
#သိန်းသုံးဆယ်
#ပြန်ရွေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲ ၃ ဦးက ရဲမေများထံမှ ကာမလိမ်လည်ရယူနေ

မဲခေါင်၊ အောက်တိုဘာ ၇ ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ကျ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမိုးထွန်း၊ ဒုရဲအုပ် ဟန်လင်းနှင့် ဒုရဲအုပ်
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်တွင် ကလေးငယ် ညီအစ်ကို ၃ ဦးကို သတ်ဖြတ်ခဲ့သူ တရားခံအား ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၇ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ် ညီအစ်ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဆီဆိုင်၊ ဝိန်းကောင်ရွာတွင် KNDF ကို ကူညီသည်ဟု စွပ်စွဲကာ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးအား PNO မှ ဖမ်းဆီးရိုက်နှက်ပြီး ငွေကျပ် သိန်း ၁၂၀ တောင်းယူ

မဲခေါင်၊ အောက်တိုဘာ ၆ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ ဝိန်းကောင်ရွာရှိ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အဖွဲ့အား ကူညီပေးနေသည်ဟု စွပ်စွဲကာ PNO ပြည်သူ့စစ်အဖွဲ့၏ ဗိုလ်ကြီး အောင်ဆန်း ဆိုသူက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀ တောင်းခံနေကြောင်း ဒေသခံများက မဲခေါင်သတင်းဌာနသို့ ပြောသည်။ တရားရုံး၌ တရားခံဧည့်တွေ့ခွင့်မှာ မိနစ်ပိုင်းသာ တွေ့ရသော်လည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့် တပ်ထိန်းတစ်ဦးက အခြား ပူးပေါင်းအဖွဲ့များကို အလေးထား ဂရုမစိုက်ဘဲ ငွေအပေးအယူ ပြုလုပ်ထားသည့် ကားများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now