နေ့စဥ်သတင်း

မိုင်းဆတ်တွင် မူးယစ်ရဲက လူငယ်တစ်ဦးအား ဖမ်းဆီးရိုက်နှက်၍ ဘတ် ၃ သောင်း ငွေညှစ်

မဲခေါင် 24 Jul - 2026
မဲခေါင်၊ ဇူလိုင် ၂၄ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင် မူးယစ်တပ်ဖွဲ့မှ ရဲအရာရှိ ရာဇာ ဆိုသူက အသက် ၂၁ နှစ်အရွယ် ဒေသခံလူငယ်တစ်ဦးကို Happy Pod သုံးခု တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးပြီး မိသားစုထံမှ ထိုင်းဘတ်ငွေ ၁ သိန်း တောင်းခံခဲ့ရာ မိသားစုက ဘတ် ၃သောင်းဖြင့် ညှိနှိုင်းထုတ်ယူခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ မိသားစုမှ ဘတ်တစ်သိန်း မပေးနိုင်သဖြင့် ရဲစခန်းသို့ လက်ထိပ်ခတ် ခေါ်ဆောင်သွားကာ ကိုယ်ထိလက်ရောက် ထိုးကြိတ်ရိုက်နှက်ပြီးနောက် မိသားစုက ငွေဘတ် ၃ သောင်းဖြင့် ပြန်လည်ရွေးယူခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့

မဲခေါင်၊ ဇူလိုင် ၂၄

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင် မူးယစ်တပ်ဖွဲ့မှ ရဲအရာရှိ ရာဇာ ဆိုသူက အသက် ၂၁ နှစ်အရွယ် ဒေသခံလူငယ်တစ်ဦးကို Happy Pod သုံးခု တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးပြီး မိသားစုထံမှ ထိုင်းဘတ်ငွေ ၁ သိန်း တောင်းခံခဲ့ရာ မိသားစုက ဘတ် ၃သောင်းဖြင့် ညှိနှိုင်းထုတ်ယူခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

မိသားစုမှ ဘတ်တစ်သိန်း မပေးနိုင်သဖြင့် ရဲစခန်းသို့ လက်ထိပ်ခတ် ခေါ်ဆောင်သွားကာ ကိုယ်ထိလက်ရောက် ထိုးကြိတ်ရိုက်နှက်ပြီးနောက် မိသားစုက ငွေဘတ် ၃ သောင်းဖြင့် ပြန်လည်ရွေးယူခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မူးယစ်တပ်ဖွဲ့ ရဲအရာရှိ ရာဇာ ဆိုသူ ဦးဆောင်သည့် ရဲအဖွဲ့သည် ယင်းလူငယ်အား Happy Pod များ လက်ဝယ်တွေ့ရှိသည်ဟု ဆိုကာ ဖမ်းဆီးခဲ့ပြီး မိသားစုထံမှ ထိုင်းဘတ်ငွေ ၁ သိန်း တောင်းခံခဲ့ကြောင်း၊ မိသားစုက မပေးနိုင်သဖြင့် ၎င်းအား ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

“စခန်းကို ခေါ်ဆောင်သွားတယ်ဆိုရင် ဥပဒေအတိုင်း အမှုဖွင့်ပါ။ လက်ထိပ်ခတ်ပြီး အဆမတန် ရိုက်နှက်စရာ မလိုပါဘူး။ ခုဟာက မူးယစ်တပ်ဖွဲ့က တရားဥပဒေအတိုင်း အမှုရအောင် ရှာတာမဟုတ်ဘဲ ငွေတောင်းနေတဲ့ လိုင်စင်ရ ဓားမြတွေ ဖြစ်နေတယ်။ မြို့ပေါ်က KTV နဲ့ ဘားတွေဆီကနေကျတော့ လိုင်းကြေးငွေယူပြီး မသိချင်ယောင် ဆောင်နေကြတာ။ အဲဒီနေရာတွေမှာ Happy Pod တွေကို လူတိုင်း လွတ်လပ်စွာ သုံးစွဲနေကြတာကို မဖမ်းဘဲ၊ အခုလို သာမန်လူငယ်ကိုမှ တမင်လုပ်ကြံ အမှုဆင် ဖမ်းဆီးပြီး ငွေညှစ်တာ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မိုင်းဆတ်မြို့ပေါ်ရှိ ဘားများနှင့် KTV များ၌ Happy Pod အပါအဝင် မူးယစ်ဆေးဝါးများကို ပေါ်တင် သုံးစွဲနေကြသည်ကိုမူ မူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းမရှိဘဲ လိုင်းကြေးယူ ဖုံးကွယ်ပေးထားပြီး ယခုကဲ့သို့ အပြစ်မဲ့ အရပ်သား လူငယ်များကို အဓမ္မ အမှုဆင် ဖမ်းဆီးရိုက်နှက်ကာ ငွေညှစ်နေသည့် မူးယစ်ရဲအရာရှိ ရာဇာ နှင့် အဖွဲ့အား ဒေသခံများက ဝေဖန်နေကြသည်။

#MeKongNews
#မိုင်းဆတ်မြို့နယ်
#မူးယစ်ရဲ
#ငွေညှစ်
#မူးယစ်ဆေးဝါး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now