နေ့စဥ်သတင်း

အောင်ပန်းကုန်စိမ်းဈေးကွက်တွင် ခရမ်းချဉ်၊ ရွှေပဲနှင့် ကြက်သွန်နီ ဈေးတက်ပြီး မုန်ညှင်းဈေးဆက်ကျ

မဲခေါင် 17 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၇ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ ကုန်စိမ်းဈေးကွက်၏ ဇူလိုင် ၁၆ ရက် ဈေးနှုန်းစာရင်းအရ ခရမ်းချဉ်၊ ရွှေပဲနှင့် ကြက်သွန်နီတို့မှာ ဈေးကောင်းရရှိနေသည့် ကုန်စည်များဖြစ်လာပြီး ပန်းပွင့်၊ ဂေါ်ဖီ၊ အာလူး၊ ကြက်သွန်ဖြူ၊ ဂျင်းဥမနှင့် ဒညှင်းသီးတို့မှာ အလယ်အလတ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ ဇူလိုင် ၁၂ ရက်က ကြက်သွန်ဖြူ၊ အာလူး၊ မုန်လာဥနီနှင့် ဒညှင်းသီးတို့ ဈေးကောင်းရနေခဲ့သော်လည်း လက်ရှိဈေးကွက်တွင် ခရမ်းချဉ်သီး၊ ရွှေပဲနှင့် ကြက်သွန်နီတို့ ဝယ်လိုအားမြင့်တက်လာပြီး ဈေးကွက်ကို ဦးဆောင်လာကြောင်း ကုန်သည်များက ပြောသည်။ ခရမ်းချဉ်ဈေးကွက်တွင် ဂွတ်သီးတစ်ပိဿာ နှစ်ထောင့်ငါးရာကျပ်၊ ရှယ်သီး နှစ်ထောင့်သုံးရာကျပ် နှင့် အသေးသီး နှစ်ထောင်ကျပ် အထိ ပေါက်ဈေးရှိနေပြီး

မဲခေါင်၊ ဇူလိုင် ၁၇

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ ကုန်စိမ်းဈေးကွက်၏ ဇူလိုင် ၁၆ ရက် ဈေးနှုန်းစာရင်းအရ ခရမ်းချဉ်၊ ရွှေပဲနှင့် ကြက်သွန်နီတို့မှာ ဈေးကောင်းရရှိနေသည့် ကုန်စည်များဖြစ်လာပြီး ပန်းပွင့်၊ ဂေါ်ဖီ၊ အာလူး၊ ကြက်သွန်ဖြူ၊ ဂျင်းဥမနှင့် ဒညှင်းသီးတို့မှာ အလယ်အလတ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေသည်။

ဇူလိုင် ၁၂ ရက်က ကြက်သွန်ဖြူ၊ အာလူး၊ မုန်လာဥနီနှင့် ဒညှင်းသီးတို့ ဈေးကောင်းရနေခဲ့သော်လည်း လက်ရှိဈေးကွက်တွင် ခရမ်းချဉ်သီး၊ ရွှေပဲနှင့် ကြက်သွန်နီတို့ ဝယ်လိုအားမြင့်တက်လာပြီး ဈေးကွက်ကို ဦးဆောင်လာကြောင်း ကုန်သည်များက ပြောသည်။

ခရမ်းချဉ်ဈေးကွက်တွင် ဂွတ်သီးတစ်ပိဿာ နှစ်ထောင့်ငါးရာကျပ်၊ ရှယ်သီး နှစ်ထောင့်သုံးရာကျပ် နှင့် အသေးသီး နှစ်ထောင်ကျပ် အထိ ပေါက်ဈေးရှိနေပြီး ဈေးနှုန်းတည်ငြိမ်သော်လည်း အရောင်းအဝယ်သွက်လက်နေကြောင်း သိရသည်။

ရွှေပဲ ရှယ်တစ်ပိဿာ တစ်သောင်းသုံးထောင်ကျပ် နှင့် အလတ်စတစ်ပိဿာ တစ်သောင်းတစ်ထောင်ကျပ် အထိ ရှိနေပြီး ယခင်ရက်များထက် ဈေးမာလာသည့် အခြေအနေရှိသည်။

ထို့အပြင် ကြက်သွန်နီအသစ် အဆင့်(၁) တစ်ပိဿာ ငါးထောင့်သုံးရာကျပ်၊ အဆင့်(၂) ငါးထောင်ကျပ်၊ အဆင့်(၃) လေးထောင့်ခုနစ်ရာကျပ် နှင့် အဆင့်(၄) လေးထောင်ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဈေးကောင်းရရှိနေသည့် ကုန်စည်စာရင်းတွင် ပါဝင်လာသည်။

ယခင်သီတင်းပတ်က ဈေးကောင်းရရှိနေသည့် အာလူးနှင့် ဒညှင်းသီးတို့မှာ လက်ရှိတွင် ဈေးနှုန်းတည်ငြိမ်နေပြီး အာလူး တစ်ပိဿာ နှစ်ထောင်ကျပ်မှ လေးထောင့်ခုနစ်ရာကျပ် နှင့် ဒညှင်းသီး တစ်ပိဿာ သုံးထောင့်ငါးရာကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ပန်းပွင့်၊ ဂေါ်ဖီ၊ ဂျင်းဥမတို့မှာလည်း အလယ်အလတ်ဈေးဖြင့်သာ ရောင်းဝယ်နေပြီး ဈေးကွက်အတွင်း ထူးခြားသည့် အပြောင်းအလဲမရှိကြောင်း သိရသည်။

တစ်ဖက်တွင် မုံညှင်းမှာ ယခင်အပတ်ကကဲ့သို့ပင် ဈေးနှုန်းကျဆင်းနေဆဲဖြစ်ပြီး တစ်ပိဿာလျှင် ခုနစ်ရာကျပ်မှ တစ်ထောင်ကျပ် သာ ရရှိနေကြောင်း သိရသည်။ ကုန်ဝင်ရောက်မှုများပြားနေခြင်းနှင့် ဝယ်လိုအားနည်းပါးခြင်းတို့ကြောင့် ဈေးနှုန်းဖိအား ဆက်လက်ရှိနေသည်ဟု ကုန်သည်များက ဆိုသည်။

“ဒီတစ်ပတ်မှာ ရွှေပဲနဲ့ ကြက်သွန်နီက ပိုပြီး ဈေးကောင်းလာတယ်။ ခရမ်းချဉ်လည်း အရောင်းသွက်တယ်။ မုံညှင်းကတော့ အရင်အပတ်လိုပဲ ကုန်ဝင်များပြီး ဈေးမတက်သေးဘူး” ဟု အောင်ပန်းကုန်စိမ်းဈေးကွက်မှ ကုန်သည်တစ်ဦးက မဲခေါင်သို့ ပြောသည်။

ကုန်သည်များ၏ ပြောကြားချက်အရ မိုးရာသီကာလအတွင်း ကုန်စည်ဝင်ရောက်မှုပမာဏ၊ ရာသီဥတုအခြေအနေနှင့် ဝယ်လိုအားပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

#MeKongNews
#အောင်ပန်း
#ကုန်စိမ်း
#ခရမ်းချဥ်
#ရွှေပဲ
#ကြက်သွန်နီ
#မုန်ညှင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now