နေ့စဥ်သတင်း

အောင်ပန်းကုန်စိမ်းဈေးကွက်တွင် ခရမ်းချဉ်၊ ရွှေပဲနှင့် ကြက်သွန်နီ ဈေးတက်ပြီး မုန်ညှင်းဈေးဆက်ကျ

မဲခေါင် 17 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၇ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ ကုန်စိမ်းဈေးကွက်၏ ဇူလိုင် ၁၆ ရက် ဈေးနှုန်းစာရင်းအရ ခရမ်းချဉ်၊ ရွှေပဲနှင့် ကြက်သွန်နီတို့မှာ ဈေးကောင်းရရှိနေသည့် ကုန်စည်များဖြစ်လာပြီး ပန်းပွင့်၊ ဂေါ်ဖီ၊ အာလူး၊ ကြက်သွန်ဖြူ၊ ဂျင်းဥမနှင့် ဒညှင်းသီးတို့မှာ အလယ်အလတ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ ဇူလိုင် ၁၂ ရက်က ကြက်သွန်ဖြူ၊ အာလူး၊ မုန်လာဥနီနှင့် ဒညှင်းသီးတို့ ဈေးကောင်းရနေခဲ့သော်လည်း လက်ရှိဈေးကွက်တွင် ခရမ်းချဉ်သီး၊ ရွှေပဲနှင့် ကြက်သွန်နီတို့ ဝယ်လိုအားမြင့်တက်လာပြီး ဈေးကွက်ကို ဦးဆောင်လာကြောင်း ကုန်သည်များက ပြောသည်။ ခရမ်းချဉ်ဈေးကွက်တွင် ဂွတ်သီးတစ်ပိဿာ နှစ်ထောင့်ငါးရာကျပ်၊ ရှယ်သီး နှစ်ထောင့်သုံးရာကျပ် နှင့် အသေးသီး နှစ်ထောင်ကျပ် အထိ ပေါက်ဈေးရှိနေပြီး

မဲခေါင်၊ ဇူလိုင် ၁၇

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ ကုန်စိမ်းဈေးကွက်၏ ဇူလိုင် ၁၆ ရက် ဈေးနှုန်းစာရင်းအရ ခရမ်းချဉ်၊ ရွှေပဲနှင့် ကြက်သွန်နီတို့မှာ ဈေးကောင်းရရှိနေသည့် ကုန်စည်များဖြစ်လာပြီး ပန်းပွင့်၊ ဂေါ်ဖီ၊ အာလူး၊ ကြက်သွန်ဖြူ၊ ဂျင်းဥမနှင့် ဒညှင်းသီးတို့မှာ အလယ်အလတ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေသည်။

ဇူလိုင် ၁၂ ရက်က ကြက်သွန်ဖြူ၊ အာလူး၊ မုန်လာဥနီနှင့် ဒညှင်းသီးတို့ ဈေးကောင်းရနေခဲ့သော်လည်း လက်ရှိဈေးကွက်တွင် ခရမ်းချဉ်သီး၊ ရွှေပဲနှင့် ကြက်သွန်နီတို့ ဝယ်လိုအားမြင့်တက်လာပြီး ဈေးကွက်ကို ဦးဆောင်လာကြောင်း ကုန်သည်များက ပြောသည်။

ခရမ်းချဉ်ဈေးကွက်တွင် ဂွတ်သီးတစ်ပိဿာ နှစ်ထောင့်ငါးရာကျပ်၊ ရှယ်သီး နှစ်ထောင့်သုံးရာကျပ် နှင့် အသေးသီး နှစ်ထောင်ကျပ် အထိ ပေါက်ဈေးရှိနေပြီး ဈေးနှုန်းတည်ငြိမ်သော်လည်း အရောင်းအဝယ်သွက်လက်နေကြောင်း သိရသည်။

ရွှေပဲ ရှယ်တစ်ပိဿာ တစ်သောင်းသုံးထောင်ကျပ် နှင့် အလတ်စတစ်ပိဿာ တစ်သောင်းတစ်ထောင်ကျပ် အထိ ရှိနေပြီး ယခင်ရက်များထက် ဈေးမာလာသည့် အခြေအနေရှိသည်။

ထို့အပြင် ကြက်သွန်နီအသစ် အဆင့်(၁) တစ်ပိဿာ ငါးထောင့်သုံးရာကျပ်၊ အဆင့်(၂) ငါးထောင်ကျပ်၊ အဆင့်(၃) လေးထောင့်ခုနစ်ရာကျပ် နှင့် အဆင့်(၄) လေးထောင်ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဈေးကောင်းရရှိနေသည့် ကုန်စည်စာရင်းတွင် ပါဝင်လာသည်။

ယခင်သီတင်းပတ်က ဈေးကောင်းရရှိနေသည့် အာလူးနှင့် ဒညှင်းသီးတို့မှာ လက်ရှိတွင် ဈေးနှုန်းတည်ငြိမ်နေပြီး အာလူး တစ်ပိဿာ နှစ်ထောင်ကျပ်မှ လေးထောင့်ခုနစ်ရာကျပ် နှင့် ဒညှင်းသီး တစ်ပိဿာ သုံးထောင့်ငါးရာကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ပန်းပွင့်၊ ဂေါ်ဖီ၊ ဂျင်းဥမတို့မှာလည်း အလယ်အလတ်ဈေးဖြင့်သာ ရောင်းဝယ်နေပြီး ဈေးကွက်အတွင်း ထူးခြားသည့် အပြောင်းအလဲမရှိကြောင်း သိရသည်။

တစ်ဖက်တွင် မုံညှင်းမှာ ယခင်အပတ်ကကဲ့သို့ပင် ဈေးနှုန်းကျဆင်းနေဆဲဖြစ်ပြီး တစ်ပိဿာလျှင် ခုနစ်ရာကျပ်မှ တစ်ထောင်ကျပ် သာ ရရှိနေကြောင်း သိရသည်။ ကုန်ဝင်ရောက်မှုများပြားနေခြင်းနှင့် ဝယ်လိုအားနည်းပါးခြင်းတို့ကြောင့် ဈေးနှုန်းဖိအား ဆက်လက်ရှိနေသည်ဟု ကုန်သည်များက ဆိုသည်။

“ဒီတစ်ပတ်မှာ ရွှေပဲနဲ့ ကြက်သွန်နီက ပိုပြီး ဈေးကောင်းလာတယ်။ ခရမ်းချဉ်လည်း အရောင်းသွက်တယ်။ မုံညှင်းကတော့ အရင်အပတ်လိုပဲ ကုန်ဝင်များပြီး ဈေးမတက်သေးဘူး” ဟု အောင်ပန်းကုန်စိမ်းဈေးကွက်မှ ကုန်သည်တစ်ဦးက မဲခေါင်သို့ ပြောသည်။

ကုန်သည်များ၏ ပြောကြားချက်အရ မိုးရာသီကာလအတွင်း ကုန်စည်ဝင်ရောက်မှုပမာဏ၊ ရာသီဥတုအခြေအနေနှင့် ဝယ်လိုအားပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

#MeKongNews
#အောင်ပန်း
#ကုန်စိမ်း
#ခရမ်းချဥ်
#ရွှေပဲ
#ကြက်သွန်နီ
#မုန်ညှင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now