နေ့စဥ်သတင်း

ရွာငံတွင် DNDP ဒုဥက္ကဋ္ဌ နှင့် ဝက်ဒိုင်လုပ်ငန်းရှင်တို့ ၂ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

မဲခေါင် 15 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၅ ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ – DNDP ဒုတိယဥက္ကဋ္ဌ ဦးစံတင့်နှင့် ဝက်ဒိုင်လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ ၂ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းအရ သိရသည်။ ၎င်းတို့အား ယမန်နေ့ ဇူလိုင် ၁၄ ရက်၊ ညပိုင်းက ညောင်ပင်ခွကျေးရွာတွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ဦးစံတင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ DNDP ကိုယ်စားပြုပြီး ကလောမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ဖူးသူ ဦးမင်းလွင်ဦးက “ဓနုအမျိုးသားရေးသက်သက် ရည်ရွယ်ပြီး စွမ်းဆောင်ပေးနေတဲ့ ဦးစံတင့်ရေ ဘ၀ဆက်တိုင်း

မဲခေါင်၊ ဇူလိုင် ၁၅

ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ – DNDP ဒုတိယဥက္ကဋ္ဌ ဦးစံတင့်နှင့် ဝက်ဒိုင်လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ ၂ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းအရ သိရသည်။

၎င်းတို့အား ယမန်နေ့ ဇူလိုင် ၁၄ ရက်၊ ညပိုင်းက ညောင်ပင်ခွကျေးရွာတွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ဦးစံတင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ DNDP ကိုယ်စားပြုပြီး ကလောမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ဖူးသူ ဦးမင်းလွင်ဦးက “ဓနုအမျိုးသားရေးသက်သက် ရည်ရွယ်ပြီး စွမ်းဆောင်ပေးနေတဲ့ ဦးစံတင့်ရေ ဘ၀ဆက်တိုင်း ဤကဲ့သို့ အဖြစ်ဆိုးတွေနဲ့ မတွေ့ကြုံရပါစေနဲ့လို့သာ ဆုတောင်းပေးရုံမှတစ်ပါး အခြားထိရောက်တဲ့ ကူညီမှုတွေ မပေးနိုင်လို့ပိုပြီး ၀မ်းနည်း ကြေကွဲမိပါတယ်။ ရွာငံမြိုနယ် မြင်းကျဒိုးကျေးရွာအိုးစည်(ဓနု)ပါတီ(ဗဟို) ဒု-ဥက္ကဌ ဦးစံတင့် ဇူလိုင်လ ၁၄ ရက် အင်္ဂါနေ့ည၊ ညောင်ပင်ခွကျေးရွာအတွင်း ကွယ်လွန်တိမ်းပါးသွားခဲ့ပြီ ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်” ဟု ၎င်း၏ ဖေ့စ်ဘွခ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

သတ်ဖြတ်ခံရသူ ၂ ဦးအနက် ဦးစံတင့်သည် စစ်ကောင်စီတပ်များ အသုံးပြုရန် ကျေးရွာအတွင်းရှိ ကားများကို ချောဆွဲခေါ်ဆောင်ပေးနေရသူ ဖြစ်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များက သတိပေးစာများ ပေးပို့ခံခဲ့ရပြီး နောက်ပိုင်းတွင် ၎င်းအနေဖြင့် အသွားအလာ ဆင်ခြင်နေထိုင်ခဲ့သော်လည်း ယခုတွင် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“မြင်းဂျဒိုး ဝက်ဒိုင် ဦးအောင်ဝင်းစိန်က အရင်သတ်ခံလိုက်ရတဲ့ ပျူခေါင်းဆောင် ဦးဝင်းမြင့်အောက်က၊ ဦးဝင်းမြင့် လက်အောက်ကနေ သွားတာ သူက။ အခုကတော့ ဦးဝင်းမြင့် မရှိတော့ဘူး၊ သူ့ခြေသူလက် လုပ်နေတာပေါ့။ ဒါပေမယ့် ဟို ဦးဝင်းမြင့် လုပ်သလောက်ကြီး ကျယ်ကျယ်ပြန့်ပြန့်မျိုးတော့ မဟုတ်ဘူး။ သူ့ပတ်ဝန်းကျင်မှာတော့ သူဆရာလုပ်နေတာပေါ့၊ အဲဘက် အဲနားမှာလည်း ရှိတော့ ရှိသေးတယ်။ အဲလိုမျိုး စကစ လက်ပတ်ဆွဲ လုပ်နေတဲ့ဟာတွေတော့ ရှိတော့ ရှိသေးတယ်” ဟု အသတ်ခံရသည့် ဦးစိန်ဝင်းအောင်နှင့်ပတ်သက်၍ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA မှ တာဝန်ရှိသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယခုသတ်ဖြတ်မှုကို PDF အဖွဲ့တစ်ခုက လာရောက် သတ်ဖြတ်သွားခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မည်သည့်အဖွဲ့အစည်းဟု ကြေညာခြင်း၊ သိရှိရခြင်း မရှိသေးပေ။

ဓနုဒေသအတွင်း သတ်ဖြတ်မှု ဖြစ်စဉ်အများစုတွင် မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသလို၊ လုပ်ဆောင်သူကိုလည်း ဖော်ထုတ်နိုင်ခြင်း မရှိပေ။

ယင်းဓနုဒေသ၊ ပင်းတယ၊ ရွာငံနယ်တွင် DSNDA၊ Danu 103 PDF နှင့် DPLA တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီကို ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

#MeKongNews
#ရွာငံ
#DNDP
#ဒုဥက္ကဋ္ဌ
#ဝက်ဒိုင်လုပ်ငန်းရှင်
#သတ်ဖြတ်ခံရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now