နေ့စဥ်သတင်း

ရှမ်းပြည်ထွေအုပ် ဒုညွှန်မှူး ဦးထွန်းထွန်း လုပ်ငန်းရှင် ဦးနေမျိုး၊ ကိုဇော်မိုင်တို့နှင့်ပေါင်းကာ တင်ဒါများနှင့် လုပ်ငန်းငွေထုတ်မှုများတွင် အကြီးအကျယ် အဂတိလိုက်စားနေ

မဲခေါင် 15 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၅ စစ်ကောင်စီ၏ ရှမ်းပြည်အစိုးရအဖွဲ့၊ ထွေအုပ်မှ ဒုညွှန်မှူး ဦးထွန်းထွန်းသည် ရတနာမောမြေ၊ မောမြေရှမ်း၊ မော်ဝ်ချယ်ရီကုမ္ပဏီတို့၏ပိုင်ရှင် ကိုဇော်မိုင်၊ ပြည်လုံးကျော် ၊ ပြည်ကျော်ဟိန်း၊ Shan Cherry Infotech Solution ကုမ္ပဏီတို့၏ အမည်ခံပိုင်ရှင် ဦးနေမျိုး ခေါ် ခွန်မျိုးမြင့်ဦးတို့နှင့် ပူးပေါင်းကာ တင်ဒါလုပ်ငန်းများ၊ ၎င်းလုပ်ငန်းများအတွက် ငွေထုတ်လုပ်ငန်းစဉ်များတွင် အကြီးအကျယ် အဂတိလိုက်စားနေကြောင်း ရှမ်းပြည်လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။ ဦးထွန်းထွန်းသည် သစ်တောရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်း၊ ကွန်ပြူတာအပါအဝင် ရုံးသုံးပစ္စည်းများတင်သွင်းခြင်း၊ မင်္ဂလာဦးရပ်ကွက်ရှိ ထွေအုပ်ဝန်ထမ်းအိမ်ရာ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကို လက်ဝါးခြင်းရိုက်ကာ ၎င်းလုပ်ငန်းရှင်များထံ လုပ်ကိုင်ခွင့်ပြုထားကြောင်း၊ ထို့ပြင် လုပ်ငန်းမပြီးမီ ငွေထုတ်ပေးခြင်း၊ စာချုပ်ပါသတ်မှတ်ချိန်ထက် နောက်ကျကာခွင့်ပြုပေးခြင်းများ

မဲခေါင်၊ ဇူလိုင် ၁၅

စစ်ကောင်စီ၏ ရှမ်းပြည်အစိုးရအဖွဲ့၊ ထွေအုပ်မှ ဒုညွှန်မှူး ဦးထွန်းထွန်းသည် ရတနာမောမြေ၊ မောမြေရှမ်း၊ မော်ဝ်ချယ်ရီကုမ္ပဏီတို့၏ပိုင်ရှင် ကိုဇော်မိုင်၊ ပြည်လုံးကျော် ၊ ပြည်ကျော်ဟိန်း၊ Shan Cherry Infotech Solution ကုမ္ပဏီတို့၏ အမည်ခံပိုင်ရှင် ဦးနေမျိုး ခေါ် ခွန်မျိုးမြင့်ဦးတို့နှင့် ပူးပေါင်းကာ တင်ဒါလုပ်ငန်းများ၊ ၎င်းလုပ်ငန်းများအတွက် ငွေထုတ်လုပ်ငန်းစဉ်များတွင် အကြီးအကျယ် အဂတိလိုက်စားနေကြောင်း ရှမ်းပြည်လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။

ဦးထွန်းထွန်းသည် သစ်တောရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်း၊ ကွန်ပြူတာအပါအဝင် ရုံးသုံးပစ္စည်းများတင်သွင်းခြင်း၊ မင်္ဂလာဦးရပ်ကွက်ရှိ ထွေအုပ်ဝန်ထမ်းအိမ်ရာ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကို လက်ဝါးခြင်းရိုက်ကာ ၎င်းလုပ်ငန်းရှင်များထံ လုပ်ကိုင်ခွင့်ပြုထားကြောင်း၊ ထို့ပြင် လုပ်ငန်းမပြီးမီ ငွေထုတ်ပေးခြင်း၊ စာချုပ်ပါသတ်မှတ်ချိန်ထက် နောက်ကျကာခွင့်ပြုပေးခြင်းများ လုပ်ဆောင်နေကြောင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းနှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တချို့လုပ်ငန်းတွေက တင်ဒါမခေါ်ဘဲ လက်သိပ်ထိုးပေးတာ၊ တချို့ဟာကတော့ ဟန်ပြတင်ဒါခေါ်တာပေါ့။ အခုဆို ရှမ်းအစိုးရရုံးမှာ ဝန်ထမ်းတွေက ကွန်ပြူတာတွေ၊ မိတ္တူကူးစက်တွေ၊​ ရုံးသုံးလျှပ်စစ်ပစ္စည်းတွေမှာ အရည်အသွေးမမှီတာတွေသုံးနေရတယ်။ ဇော်မိုင်ဆောက်တဲ့ သစ်တောထဲက ၂ခန်းတွဲ ၃ထပ်တိုက်ဆိုရင်လည်း လုပ်ငန်းရာခိုင်နှုန်းမပြီးခင်မှာ ငွေကြိုထုတ်ပေးတယ်” ဟု ၎င်းကပြောသည်။

Shan Cherry Infotech Solution ကုမ္ပဏီ၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ရှမ်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၏ သားမက်ဖြစ်သူဖြစ်ပြီး ဦးနေမျိုးမှာ အမည်ခံကာ လုပ်ကိုင်ပေးနေခြင်းဖြစ်ကြောင်း၊ ဦးထွန်းထွန်းနှင့် ဦးသန်းဆွေဝင်းတို့၏ လုပ်ပိုင်ခွင့်များဖြင့် ယင်းကုမ္ပဏီများမှာ မတရားသဖြင့် လုပ်ပိုင်ခွင့်များ ရရှိနေကြောင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။​

ယင်းလုပ်ငန်းများမှာ လက်ရှိဘဏ္ဍာနှစ်တွင် ခွင့်ပြုထားသည့် လုပ်ငန်းများဖြစ်ပြီး သစ်တောရပ်ကွက်ရှိ ထွေအုပ်ဝန်ထမ်းအိမ်ရာ၏ ဘတ်ဂျက်မှာ ကျပ်သိန်း ၄၀၀၀ ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဦးထွန်းထွန်းက အစိုးရအဖွဲ့ ၄ ဆက် ရှိပါပြီ။ သူက အပြောင်းမရဘဲ ငွေထုတ်သူ အရာရှိ ရာထူးယူပြီး အကုန် လုပ်စားနေတာ။ ၂၀၂၂ ကတည်းကပါ” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည်နှစ်က ငလျင်သဘာဝဘေးကြောင့် ပျက်စီးသွားသော အင်းလေးဒေသခံများအား ထောက်ပံ့သော ငွေကြေးနှင့် အိမ်ဆောက် ပစ္စည်း ဘိလပ်မြေများအား ‌သက်ဆိုင်ရာ ကျေးရွာများသို့ အကုန်မပေးဘဲ စာရင်းပြကာ ၎င်းတို့အိမ်ဆောက်ရန် ဦးသန်းဆွေဝင်းနှင့် ဦးထွန်းထွန်းတို့က AD ဦးရဲအောင် မှ ဒိုင်ခံ၍ ထုတ်ယူကာကြောင်း၊ လုပ်ငန်းရှင် ကိုဇော်မိုင်နှင့် ဦးနေမျိုးတို့သည် ဦးထွန်းထွန်းအား စိတ်ကြိုက်လာဘ်ပေးကာ လုပ်ငန်းများရယူသည့်အပြင် ဦးသန်းဆွေဝင်းအတွက်လည်း အိမ်များ ဆောက်လုပ်ပေးနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။

“AD ဦးရဲအောင်လည်းအတူတူပဲ ပေါင်းခိုးတာပေါ့။ ကိုဇော်မိုင်က ဦးသန်းဆွေဝင်းအတွက် တောင်ကြီးပန်းချယ်ရီ အိမ်ယာထဲမှာ အိမ်ကြီးတစ်လုံး၊ ကလောမှာလည်း အိမ်ကြီးတစ်လုံး ဆောက်ပေးနေတာ။ တခြားဌာနဆိုင်ရာတွေကို လူကိုမထင်တော့တာ။ လုပ်ပိုင်ခွင့်အသုံးချပြီး အဂတိအကြီးအကျယ်လိုက်စားနေတာကို ထိထိရောက်ရောက်အရေးယူပေးဖို့ ပြည်သူအားလုံးက ဆန္ဒရှိကြပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းရှိ ထွေအုပ်ပိုင် ဦးအောင်ဟုန်သန်း ဝန်ထမ်းနေအိမ်ကိုလည်း ဦးနေမျိုးအမည်ခံကာ ဦးသန်းဆွေဝင်း၏ သားမက်ဖြစ်သူအတွက် အလွန်နည်းသည့် ဈေးနှုန်းဖြင့် လုပ်ပိုင်ခွင့်ချထားပေးပြီး ကျန်းမာသုခအမည်ဖြင့် ဆေးခန်းဖွင့်လှစ်ထားကြောင်း၊ ယင်းမှာ ဌာနပိုင်အဆောက်အအုံအား မိသားစုစီးပွားရေးအဖြစ် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ထောက်ပြ ပြောဆိုသည်။

#MeKongNews
#တောင်ကြီးမြို့
#ထွေအုပ်
#ဦးထွန်းထွန်း
#အဂတိ
#ဦးသန်းဆွေဝင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now