နေ့စဥ်သတင်း

ပြည်သူ့အခက်အခဲကို မဖြေရှင်းပေးသည့်အပြင် အွန်လိုင်းပို့စ် တင်သူများကို တရားစွဲမည်ဟု လင်းသီဟကုမ္ပဏီ ခြိမ်းခြောက်

မဲခေါင် 1 Jul - 2026
မဲခေါင်၊ ဇူလိုင်၁ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းလုပ်ငန်းကို တာဝန်ယူထားသည့် လင်းသီဟ အထွေထွေဝန်ဆောင်မှု ကုမ္ပဏီက ဓာတ်အားသုံးစွဲသည့် ပြည်သူများ တွေ့ ကြုံနေရသည့် အခက်အခဲများကို ပြေလည်အောင် ဖြေရှင်းရမည့်အစား အွန်လိုင်းပိုစ့်တင်သူများကို တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်စာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ “အများပြည်သူ သိစေရန် ကြေညာခြင်း” ဟူသော စာကို လူမှုကွန်ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး လူမှုကွန်ရက်များတွင် ပိုစ့်တင်သူများကို ဥပဒေအရ တရားစွဲဆိုသွားမည်ဟု လင်းသီဟကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ ဦးနေမျိုးအောင်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ “သုံးစွဲသူက အဆင်မပြေတာတွေ၊ ငွေလိမ်ခံရတာတွေ၊ ဆက်ဆံရေး မပြေပြစ်တာတွေကို ပြောတာကို တာဝန်ယူ ဖြေရှင်းပေးတာမျိုးမှ မရှိဘဲ။ ပြည်သူကို

မဲခေါင်၊ ဇူလိုင်၁

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းလုပ်ငန်းကို တာဝန်ယူထားသည့် လင်းသီဟ အထွေထွေဝန်ဆောင်မှု ကုမ္ပဏီက ဓာတ်အားသုံးစွဲသည့် ပြည်သူများ တွေ့ ကြုံနေရသည့် အခက်အခဲများကို ပြေလည်အောင် ဖြေရှင်းရမည့်အစား အွန်လိုင်းပိုစ့်တင်သူများကို တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်စာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“အများပြည်သူ သိစေရန် ကြေညာခြင်း” ဟူသော စာကို လူမှုကွန်ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး လူမှုကွန်ရက်များတွင် ပိုစ့်တင်သူများကို ဥပဒေအရ တရားစွဲဆိုသွားမည်ဟု လင်းသီဟကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ ဦးနေမျိုးအောင်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“သုံးစွဲသူက အဆင်မပြေတာတွေ၊ ငွေလိမ်ခံရတာတွေ၊ ဆက်ဆံရေး မပြေပြစ်တာတွေကို ပြောတာကို တာဝန်ယူ ဖြေရှင်းပေးတာမျိုးမှ မရှိဘဲ။ ပြည်သူကို ဥပဒေအကြောင်းပြ တုံ့ပြန်ခြိမ်းခြောက်လာတာ။ တကယ်ဆို သူတို့က အဆင်ပြေအောင် လုပ်ပေးရမှာကို” ဟု အေးသာယာနေသူတစ်ဦးက ပြောသည်။

ပြည်သူလူထု မီတာလာဆောင်စဉ် လင်းသီဟ ကုမ္ပဏီမှ ရိုင်းပြစွာ ဆက်ဆံသည့် ကိစ္စရပ်များကို လူမှုကွန်ရက်တွင် အသိပေးမျှဝေခဲ့ရာ၊ ပြည်သူလူထုကို ပြန်လည် ဖြေရှင်းပေးရမည့် အစား ရိုင်းစိုင်းသော စကားလုံးများဖြင့် ပြန် လည် တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းကုမ္ပဏီသည် အေးသာယာမြို့တွင် ကုမ္ပဏီဝန်ထမ်း လိမ်ပြေးသော ဖြစ်စဉ်ကို တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိရုံသာမက ပြောဆိုသူ ပြည်သူများကိုသာ ဥပဒေအကြောင်းပြ၍ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း တုံ့ပြန်ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

“တနေ့က မီတာသွားဆောင်တဲ့ ပြည်သူတယောက်က အဲ့မီတာဆောင်တဲ့ ကောင်တာက အမျိုးသမီး ဆက်ဆံရေးညံ့ကြောင်း ရေးတင်ခဲ့တာကို အခု အဲ့နေမျိုးအောင်ဆိုတဲ့လူက လိုင်းပေါ်ကနေ အမျိုးမျိုးခြိမ်းခြောက်နေတာ”ဟု အေးသာယာနေသူတစ်ဦးက ဆိုသည်။

“ဒီနေ့မီတာသွားဆောင်တာဗျ ကျနော်က ကောင်း ကောင်းပြောတာပါ၊ ကောင်တာ၂မှာထိုင်တဲ့အန်တီကော ပြေစာထုတ်ပေးတဲ့ကောင်မလေးရောလူကိုဆက်ဆံတာ မှိုချိုး မျှစ်ချိုးဗျ၊ကောင်တာ၂မှာထိုင်တဲ့အန်တီကလဲ ကျနော်က ပထမစာရွက်ဘယ်လောက်ကျလဲမေးတာကို ငါအာ့လောက်ဦးနောက်မကောင်းဘူးတဲ့အော်ပြီးပြောတာဗျာ” ဟု မြို့ခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးတင်ထားကြောင်းတွေ့ရသည်။

လင်းသီဟကုမ္ပဏီကို ယခင်စစ်အစိုးရဝန်ကြီး ဝဏ္ဏမောင်လွင်၏သား လုပ်ခွင့်ရထားခြင်းဖြစ်ပြီး ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ ဦးနေမျိုးအောင် ဆိုသူမှာ DSA ၃၉ မှဟု သိရှိသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

“အများနဲ့တစ်ယောက် စဉ်းစားကြည့်ပေါ့။ ဘာကမှားနေလဲဆိုတာ အဆင်မပြေကြလို့ ဒီလောက်ဝိုင်းထောက်ပြနေတာကို ဘာလိုအပ်ချက်ကို ပြုပြင်ရမလဲမစဉ်းစားပဲ တရားစွဲမယ်လေး ဘာလေး ခြိမ်းခြောက်မယ် ဆိုတာပဲ။ လုပ်နေတာကဖြင့် customer service”ဟု ပြည်သူတစ်ဦးကလည်း ထောက်ပြသည်။

ယင်းကုမ္ပဏီက တာဝန်ယူ လုပ်ဆောင်နေသည့်လျှပ်စစ်ဓာတ်အား ကောက်ခံခြင်း၊ မီတာခများ အကြွေးတင်နေခြင်း၊ ကုမ္ပဏီဘက်မှ မှားယွင်းခြင်း စသည့် အားနည်းချက်အားလုံးကို လူမှုကွန်ရက်စာမျက်နှာများတွင် ပြောဆိုသူ အများဆုံး ဖြစ်နေသည်ဟု လူမှုကွန်ရက် သုံးစွဲသူအများစုက မှတ်ချက်ပြုသည်။

ယခုကဲ့သို့ လင်းသီဟကုမ္ပဏီဘက်မှ ပြည်သူလူထုဘက် မကြည့်ဘဲ ကိုယ်ကျိုးဖက် တုံ့ပြန်နေမှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အရေးယူပေးရန် ဓာတ်အားသုံးစွဲသူ မြို့ခံများကလည်း တောင်းဆိုလျက်ရှိကြောင်း သိရသည်။

#MeKongNews
#ပြည်သူ့အခက်အခဲ
#အွန်လိုင်းပို့စ်
#လင်းသီဟကုမ္ပဏီ
#ခြိမ်းခြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now