နေ့စဥ်သတင်း

သီပေါတွင် ၁၄ နှစ်အရွယ် ညီမဝမ်းကွဲအား အဓမ္မပြုကျင့် သတ်ဖြတ်သူကို SSPP/SSA ဖမ်းဆီးအရေးယူ

မဲခေါင် 27 Jun - 2026
မဲခေါင်၊ ဇွန် ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူ မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အသက်၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP-SSA က ဖမ်းဆီးအရေးယူလိုက်သည်။ ၎င်းပြစ်မှုကျူးလွန်သူကို အရေးယူပေးရန် မိန်းကလေးငယ်၏ မိဘက တိုင်ကြားသဖြင့် SSPP တပ်ဖွဲ့က ဇွန် ၂၅ ရက် ညနေပိုင်းအချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ “ပြစ်မှုကျူးလွန်သူ၏ ဝန်ခံထွက်ဆိုချက်အရ သေဆုံးသူ၏.ရုပ်အလောင်းအား ငှက်ပျောရွက်များဖြင့် ဖုံးအုပ်ပြီး ငှက်ပျောပင်တစ်ပင်အောက်တွင် စွန့်ပစ်ထားသည့်နေရာကို ၎င်းကိုယ်တိုင် လိုက်လံပြသခဲ့ပြီး သက်သေအထောက်အထားပစ္စည်းများကိုလည်း တာဝန်ရှိသူများက သိမ်းထားခဲ့ပြီဖြစ်သည်”ဟု SSPP က ထုတ်ပြန်ချက်တွင်ပြောသည်။ ယင်းပြစ်မှုကျူးလွန်သူမှာ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာနေ

မဲခေါင်၊ ဇွန် ၂၇

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူ မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အသက်၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP-SSA က ဖမ်းဆီးအရေးယူလိုက်သည်။

၎င်းပြစ်မှုကျူးလွန်သူကို အရေးယူပေးရန် မိန်းကလေးငယ်၏ မိဘက တိုင်ကြားသဖြင့် SSPP တပ်ဖွဲ့က ဇွန် ၂၅ ရက် ညနေပိုင်းအချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“ပြစ်မှုကျူးလွန်သူ၏ ဝန်ခံထွက်ဆိုချက်အရ သေဆုံးသူ၏.ရုပ်အလောင်းအား ငှက်ပျောရွက်များဖြင့် ဖုံးအုပ်ပြီး ငှက်ပျောပင်တစ်ပင်အောက်တွင် စွန့်ပစ်ထားသည့်နေရာကို ၎င်းကိုယ်တိုင် လိုက်လံပြသခဲ့ပြီး သက်သေအထောက်အထားပစ္စည်းများကိုလည်း တာဝန်ရှိသူများက သိမ်းထားခဲ့ပြီဖြစ်သည်”ဟု SSPP က ထုတ်ပြန်ချက်တွင်ပြောသည်။

ယင်းပြစ်မှုကျူးလွန်သူမှာ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာနေ စိုင်းစံ ဆိုသူဖြစ်ပြီး ကျူးလွန်ခံရပြီး အသတ်ခံရသူ အသက် ၁၄ နှစ်အရွယ် နန်းစံဟွမ်မှာ စိုင်းစံနှင့် ညီမဝမ်းကွဲတော်စပ်သူ ဖြစ်ကာ ကျေးရွာ တစ်ရွာတည်းတွင် နေထိုင်သူဖြစ်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် ၁၄ ရက် နေ့လယ်ပိုင်းအချိန်တွင် စိုင်းစံဆိုသူက ညီမဝမ်းကွဲတော်စပ်သူ နန်းစံဟွမ်အား ရွာပြင်သို့ အလည်သွားရန် အကြောင်းပြ၍ ခေါ်ဆောင်သွားခဲ့ပြီး ဘော်ကြိုကျေးရွာအုပ်စု နမ့်ဟူးနွဲ့ကျေးရွာအနီးရှိ ငှက်ပျောခြံ တစ်နေရာသို့ ရောက်ရှိချိန်တွင် နန်းစံဟွမ်ကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် နန်းစံဟွမ်ကို လည်ပင်းညှစ်သတ်ပြီး၊ ပုလင်းကွဲဖြင့် လည်ပင်း၊ ဝမ်းဗိုက်နေရာကို အကြိမ်ကြိမ် ထိုးသတ်ကာ အလောင်းကို ငှက်ပျောပင်အောက် စွန့်ပစ်ထားခဲ့ကြောင်း ပြစ်မှုကျူးလွန်သူက ဝန်ခံထွက်ဆိုသည်ဟုလည်း SSPP က ပြောသည်။

နန်းစံဟွမ် ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ၎င်းမိဘများက ဇွန် ၂၅ ရက်တွင် ရှမ်းပြည်တိုးတက်ရေးပါ တီ တာဝန်ရှိသူများထံ လာရောက် တိုင်ကြားခဲ့သဖြင့် တာဝန်ရှိသူများက ချက်ချင်း စုံစမ်းဖော်ထုတ်ခဲ့ရာ ယင်းနေ့အတွင်းမှာပင် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူကို ဆက်လက်စုံစမ်းစစ်ဆေးကာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် – SSPP/SSA ၏ ဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

#MeKongNews
#သီပေါ
#ညီမဝမ်းကွဲ
#အဓမ္မပြုကျင့်
#သတ်ဖြတ်သူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now