မဲခေါင်၊ ဇွန် ၂၆
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲ၊ မိုင်းယော် နှင့် မိုင်းငေါ့မြို့နယ်တို့တွင် ဇွန်လအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၄ ဦးကို တအာင်းတပ်ဖွဲ့- TNLA က ဖမ်းဆီးလိုက်သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းဖမ်းဆီးရမိသူများအနက် ၂ ဦးသည် မူးယစ်ဆေးဝါး ရောင်းဝယ်သူဖြစ်ပြီး ၂ ဦးသည် သုံးစွဲသူများ ဖြစ်သည်ဟုလည်း ယမန်နေ့ TNLA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုဖမ်းဆီးမှုအတွင်း ယာမဆေးပြား ၂၃၆ ပြားနှင့် ဘိန်းဖြူတစ်ဗူးကိုလည်း သိမ်းဆည်းရမိသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများမှာ ကျောက်မဲမြို့နယ် ပန်ဖျတ်ရွာမှ တစ်ဦး၊ ပန်မရွာမှ တစ်ဦး၊ မိုင်းယော်ြမို့နယ် သိန်းချိုကျေးရွာမှ တစ်ဦးနှင့် မိုင်းငေါ့မြို့နယ် ပန်ကပျံကျေးရွာမှ တစ်ဦးဖြစ်သည်။
ယင်းမူးယစ်ဆေးဝါးရောင်းဝယ်သူကို PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများကိုမူ အကျင့်စာရိတ္တ ပြန်လည် ပြုပြင်ထိန်းကျောင်းရေးအစီအစဉ်များဖြင့် ဆောင်ရွက်ပေးသွားမည်ဟု TNLA က ထုတ်ပြန်ချက်တွင် ဆိုသည်။
#MeKongNews
#မူးယစ်ဆေး
#ရောင်းဝယ်သုံးစွဲသူ
#TNLA
#ဖမ်းဆီး








