နေ့စဥ်သတင်း

ဆင်းရဲမှုနှင့် အခြားရွေးချယ်စရာ မရှိသဖြင့် ဘိန်းစိုက်ပြည်သူများကို ရာဇဝတ်သားအဖြစ် မသတ်မှတ်ဟု RCSS ပြော

မဲခေါင် 26 Jun - 2026
မဲခေါင်၊ ဇွန် ၂၆ ဆင်းရဲမွဲတေမှု၊ အခြားရွေးချယ်စရာ နည်းလမ်းမရှိမှုတို့ကြောင့် ဘိန်းစိုက်ပျိုးခြင်းနှင့် အခြားတရားမဝင် လုပ်ငန်းများထံ တွန်းပို့ခံရသည့် ဒေသခံပြည်သူများကို ရာဇဝတ်သားများအဖြစ် သတ်မှတ်မည်မဟုတ်ဟု ည် – RCSS က ပြောသည်။ ယနေ့တွင် ကျရောက်သည့် နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ထုတ်ပြန်ချက်တွင် RCSS က ယင်းကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။ “ဒေသခံပြည်သူများသည် ဆင်းရဲမွဲတေမှုနှင့် အခြားရွေးချယ်စရာ နည်းလမ်းမရှိမှုတို့ကြောင့် ဘိန်းစိုက်ပျိုးခြင်းနှင့် အခြားသော တရားမဝင် လုပ်ငန်းများထံသို့ တွန်းပို့ခံရကြောင်းကို နားလည်ထား သည့်အတွက်၊ တောင်သူများနှင့် သားကောင်ဖြစ်ရသူများကို ရာဇဝတ်ကောင်များအဖြစ် သတ်မှတ်မည် မဟုတ်ကြောင်း မိမိတို့၏ ပေါ်လစီက ပြဋ္ဌာန်းထားပါသည်”ဟု RCSS က ပြောသည်။ ထိုသူများကို

မဲခေါင်၊ ဇွန် ၂၆

ဆင်းရဲမွဲတေမှု၊ အခြားရွေးချယ်စရာ နည်းလမ်းမရှိမှုတို့ကြောင့် ဘိန်းစိုက်ပျိုးခြင်းနှင့် အခြားတရားမဝင် လုပ်ငန်းများထံ တွန်းပို့ခံရသည့် ဒေသခံပြည်သူများကို ရာဇဝတ်သားများအဖြစ် သတ်မှတ်မည်မဟုတ်ဟု ည် – RCSS က ပြောသည်။

ယနေ့တွင် ကျရောက်သည့် နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ထုတ်ပြန်ချက်တွင် RCSS က ယင်းကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

“ဒေသခံပြည်သူများသည် ဆင်းရဲမွဲတေမှုနှင့် အခြားရွေးချယ်စရာ နည်းလမ်းမရှိမှုတို့ကြောင့် ဘိန်းစိုက်ပျိုးခြင်းနှင့် အခြားသော တရားမဝင် လုပ်ငန်းများထံသို့ တွန်းပို့ခံရကြောင်းကို နားလည်ထား သည့်အတွက်၊ တောင်သူများနှင့် သားကောင်ဖြစ်ရသူများကို ရာဇဝတ်ကောင်များအဖြစ် သတ်မှတ်မည် မဟုတ်ကြောင်း မိမိတို့၏ ပေါ်လစီက ပြဋ္ဌာန်းထားပါသည်”ဟု RCSS က ပြောသည်။

ထိုသူများကို ရာဇဝတ်သား သတ်မှတ်ပြီး ဆောင်ရွက်မည့်အစား RCSS အနေဖြင့် ဒေသန္တရအုပ်ချုပ်ရေးယန္တရားများမှတစ်ဆင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ဒေသခံ ပြည်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs)၊ နိုင်ငံတကာ မိတ်ဖက်များနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံ၍ လုပ်ဆောင်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပြောသည်။

ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှတဆင့် အစားထိုးသီးနှံများနှင့် ပိုမိုကျယ်ပြန့်သော အစားထိုးဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ထိရောက်စွာ ပံ့ပိုးပေးပြီး တရားမဝင် စီးပွားရေးလုပ်ငန်းများကို ရေရှည် အစားထိုးနိုင်ရန် အခြေခံခြေလှမ်းများအဖြစ် တရားဝင်ကုန်စည်များအတွက် ဈေးကွက်ရရှိရေးနှင့် ဓလေ့ ထုံးတမ်းစဉ်လာ မြေယာပိုင်ဆိုင်ခွင့်တို့ကို ကာကွယ်ပေးနိုင်မည်ဟု RCSS က ဆိုသည်။

RCSS အနေဖြင့် ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်များအတွင်း ဘိန်း ၃၉၁ ဒသမ ၉၂ ဂရမ်၊ ဘိန်းဖြူ ၁၁၀ ဒသမ ၄၃ဂရမ်၊ စိတ်ကြွဆေးပြား ၁၂သန်းကျော် (၁၂,၈၅၂,၆၁၉) ပြား ဖမ်းဆီးရမိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူ ၇၇ ဦးနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ပစ္စတို ၆ လက်၊ ရိုင်ဖယ် ၃ လက်၊ AK47 ၈ လက်၊ AK47 ကျည်ကပ် ၁၃ ခု၊ ကျည်ဆံမျိုးစုံ ၄၂၄ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ စကားပြောစက် ၈ လုံး၊ တယ်လီဖုန်း ၁၈ လုံး၊ မော်တော်ဆိုင်ကယ် ၂၅ စီး၊ လေးဘီးမော်တော်ယာဉ် ၂ စီးတို့ကိုဖမ်းဆီးခြင်း၊ သုံးစွဲသူ ၅၅၄ ဦးကို ပြန်ထည် ထူထောင်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

မူးယစ်ဆေးဝါး သုံးစွဲမှု၊ ထုတ်လုပ်မှုနှင့် တရားမဝင် ရောင်းဝယ် ဖောက်ကားမှု စသည့် ရှုပ်ထွေးသော စိန်ခေါ်မှုများကို သီးခြားခွဲ၍သော်လည်းကောင်း၊ တရားဥပဒေ စိုးမိုးရေး သက်သက်ဖြင့်သော်လည်းကောင်း ဖြေရှင်း၍မရနိုင်ပဲ အစားထိုး ဖွံ့ဖြိုးတိုးတက်ရေးသည်သာ အသေချာဆုံးသော ဖြေရှင်းနည်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယင်းနည်းလမ်းကို လူမှုရေး သဟဇာတဖြစ်မှုနှင့် ခိုင်မာအားကောင်းသော ဒေသန္တရ အုပ်ချုပ်ရေးအပေါ် အခြေခံ၍ တည်ဆောက်ရမည်ဖြစ်ပြီး တိုင်းရင်းသားအချင်းချင်း သဟဇာတဖြစ်ခြင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ သက်ဆိုင်သူအားလုံးနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခြင်းတို့သည် မရှိမဖြစ် လိုအပ်သော တွန်းအားများ ဖြစ်သည်ဟု RCSS က ဆိုသည်။

#MeKongNews
#ဆင်းရဲမှု
#ဘိန်းစိုက်ပြည်သူ
#ရာဇဝတ်သား
#RCSS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now