နေ့စဥ်သတင်း

မိုင်းတုံတွင် ဝန်ကြီးကိုယ်တိုင် ဖမ်းခဲ့သည့် သစ်တန် ၁၀၀ ကျော်ကို သစ်တောဌာနက ပိုင်ရှင်မဲ့အဖြစ် အမှုဖွင့်

မဲခေါင် 22 Jun - 2026
မဲခေါင်၊ ဇွန် ၂၂ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်တွင် စစ်ကောင်စီ၏ ရှမ်းပြည်အစိုးရအဖွဲ့ သယံဇာတနှင့် သစ်တောရေးရာဝန်ကြီး ဦးစိုင်းဝမ်းလှိုင်တစ်ပ် ကိုယ်တိုင် လာရောက်စစ်ဆေးဖမ်းဆီးခဲ့သည့် တရားမဝင်သစ်များကို သစ်တောဦးစီးဌာနက တရားခံဖော်ထုတ်ခြင်းမရှိဘဲ ပိုင်ရှင်မဲ့အဖြစ်သာ အမှုဖွင့်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ရှမ်းပြည်နယ်သယံဇာတဝန်ကြီး ဦးစိုင်းလှိုင်ဝမ်း၊ ပြည်နယ်သစ်တောညွှန်ကြားရေးမှူး အပါအဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုင်းတုံမြို့ “၁၁ မိုင်” ရှိ တရားမဝင် ရွှေလုပ်ကွက်အတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ပြီး၊ ၎င်းနေရာတွင် ခုတ်လှဲထားသည့် တရားမဝင် သစ်တန်ချိန် ၁၀၀ ကျော်ကို မျက်ဝါးထင်ထင် တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ “အဲဒီနေရာက ‘ရွှေလားဟူ’ အဖွဲ့က

မဲခေါင်၊ ဇွန် ၂၂

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်တွင် စစ်ကောင်စီ၏ ရှမ်းပြည်အစိုးရအဖွဲ့ သယံဇာတနှင့် သစ်တောရေးရာဝန်ကြီး ဦးစိုင်းဝမ်းလှိုင်တစ်ပ် ကိုယ်တိုင် လာရောက်စစ်ဆေးဖမ်းဆီးခဲ့သည့် တရားမဝင်သစ်များကို သစ်တောဦးစီးဌာနက တရားခံဖော်ထုတ်ခြင်းမရှိဘဲ ပိုင်ရှင်မဲ့အဖြစ်သာ အမှုဖွင့်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ရှမ်းပြည်နယ်သယံဇာတဝန်ကြီး ဦးစိုင်းလှိုင်ဝမ်း၊ ပြည်နယ်သစ်တောညွှန်ကြားရေးမှူး အပါအဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုင်းတုံမြို့ “၁၁ မိုင်” ရှိ တရားမဝင် ရွှေလုပ်ကွက်အတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ပြီး၊ ၎င်းနေရာတွင် ခုတ်လှဲထားသည့် တရားမဝင် သစ်တန်ချိန် ၁၀၀ ကျော်ကို မျက်ဝါးထင်ထင် တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“အဲဒီနေရာက ‘ရွှေလားဟူ’ အဖွဲ့က သားကြီးရဲ့ တရားမဝင် ရွှေလုပ်ကွက်ထဲမှာ မိတာ။ အဲဒါကို သစ်တောညွှန်မှူးက ပိုင်ရှင်မဲ့ဆိုပြီး အမှုဖွင့်တယ်။ ပြီးတော့ ရွှေချက်တဲ့ ကန်တွေကိုလည်း အထင်အရှား တွေ့ရပါရက်နဲ့ ဘာမှ အရေးမယူခဲ့ဘူး။ ဒါတောင် ပြည်နယ်ဝန်ကြီးကိုယ်တိုင် ပါတာနော်။ တရားမဝင် သုံးနေတဲ့ ဘက်ဟိုးတွေကိုတော့ အခွန်ဆောင်ထားတယ်လို့ အကြောင်းပြတယ်။ ဘယ်အဖွဲ့အစည်းကို ဘယ်လို အခွန်ဆောင်ထားတာလဲတော့ မသိဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။

ယင်းလုပ်ကွက်မှာ “ရွှေလားဟူ” ကုမ္ပဏီအမည်ခံကာ လွယ်ခမ်းလုံကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ သားကြီး (ခ) ကျော်ဇင်လတ် ဆိုသူက ခနောက်စိမ်း တူးဖော်ခွင့်အကြောင်းပြပြီး တရားမဝင် ရွှေခိုးတူးနေသည့် နေရာဖြစ်ကာ သိမ်းဆည်းရမိသည့် သစ်များသည်လည်း ၎င်းပြည်သူ့စစ်ခေါင်းဆောင်က စက်ယန္တရားများဖြင့် မတရားခုတ်လှဲထားသည့် သစ်များဖြစ်ကြောင်း သိရသည်။

ဝန်ကြီး လာရောက်စစ်ဆေးစဉ်ကလည်း ဒေသခံအာဏာပိုင်များနှင့် ပွဲစားများက ရွှေအမှန်တကယ် ခိုးတူးနေသည့် အဓိကနေရာ “နောင်လဲ” ကျေးရွာသို့ ဦးစွာ ခေါ်ယူပြသခြင်းမရှိဘဲ နေရာဟောင်းကိုသာ လှည့်စားခေါ်ယူပြသခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နောက်နေ့တွင်မူ နောင်လဲကျေးရွာရှိ ရွှေခိုးတူးသည့် လုပ်ကွက်ကိုမူ လက်စဖျောက်ထားသည့်အတွက် အဖြစ်မှန်ကို ဝန်ကြီးသိသွားပြီး သွားရောက်စစ်ဆေးခြင်းမပြုတော့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခုအခါတွင် သားကြီး ဆိုသူမှာ ပြည်နယ်အစိုးရအဖွဲ့ အဆင့်မြင့်ဝန်ကြီးကိုယ်တိုင် လာရောက်ဖမ်းဆီးသည့် ဖြစ်စဉ်တွင်ပင် အဖမ်းခံရခြင်း သို့မဟုတ် အရေးယူခံရခြင်းမရှိဘဲ လွတ်မြောက်နေသဖြင့် ပိုမိုအတင့်ရဲလာကာ ဒေသတွင်း၌ ဥပဒေမဲ့ လုပ်ရပ်များကို ပိုမိုကျူးလွန်လာမည်ကို မိုင်းတုံဒေသခံများက စိုးရိမ်လျက်ရှိသည်။

“ခနောက်စိမ်းတူးတာနဲ့ ရွှေတူးတာက သုံးတဲ့နည်းပညာ ချဉ်းကပ်ပုံ လုံးဝတခြားစီပါဗျာ။ အခုဟာက ခိုးထုတ်ထားတဲ့ သက်သေခံပစ္စည်းတွေ အထပ်လိုက်အပုံလိုက်နဲ့ မိတာတောင် ဝန်ကြီးအဆင့်က ဘာမှ မလုပ်နိုင်ဘဲ မျက်နှာသာပေးသွားတယ်ဆိုတော့ နောက်ဆိုရင် ဒီထက်မက ကမ်းတက်ပြီး ထင်တိုင်းကြဲတော့မှာ” ဟု မိုင်းတုံဒေသခံတစ်ဦးက ဝေဖန်ထောက်ပြသည်။

လက်ရှိတွင် ၎င်းပြည်သူ့စစ်ခေါင်းဆောင် သားကြီးသည် “ဝတီရတနာ” ကုမ္ပဏီအမည်ဖြင့် ခနောက်စိမ်း စမ်းသပ်တူးဖော်ခွင့် ၃ နှစ် သက်တမ်း ရရှိထားခြင်း ဖြစ်သည်။

သို့သော် မြေပြင်တွင်မူ ခနောက်စိမ်း တူးဖော်ခြင်းမရှိဘဲ အဆိုပါ ကုမ္ပဏီအမည်ကို အလွဲသုံးစားပြုကာ မိုင်းတုံမြို့နယ်၊ လွယ်ခမ်းလုံကျေးရွာအုပ်စု၊ နောင်လဲကျေးရွာရှိ “နမ့်မွန်းချောင်း” အတွင်း၌ တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ဒေသခံများပြောသည်။

ယင်းစည်းကမ်းမဲ့ ရွှေခိုးတူးဖော်မှု၊ ပြဒါးနှင့် ဆိုင်ယာနိုက်သုံး ရွှေချက်ကန်များ ပြုလုပ်မှုနှင့် သစ်တောများကို ရမ်းသန်းခုတ်လှဲမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပျက်စီးကုန်သည့်အပြင် ချောင်းရေများလည်း ညစ်ညမ်းကာ သုံးစွဲ၍ မရတော့ဘဲ ကျေးရွာရှိ လယ်ယာစိုက်ပျိုးမြေများပါ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် ရွှေချက်ရာတွင် သုံးစွဲသည့် အဆိပ်သင့် ဓာတုဆေးရည်များကြောင့် တိရစ္ဆာန်များပါ ရောဂါကူးစက်သေဆုံးမှုများ ဖြစ်ပွားနေပြီး ယင်းအဆိပ်သင့် ရေဆိုးများသည် မိုင်းတုံမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် ရေချောင်းများထဲအထိ သက်ရောက်နေသဖြင့် မြို့ခံပြည်သူများမှာ စိုက်ပျိုးရေးနှင့် သောက်သုံးရေအတွက်ပါ အသက်အန္တရာယ် စိုးရိမ်စရာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#မိုင်းတုံ
#သယံဇာဝန်ကြီး
#သစ်မှောင်ခို
#ပိုင်ရှင်မဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now