နေ့စဥ်သတင်း

တော်လှန်ရေးတပ်ဖွဲ့ အမည်ခံ ဓားပြတိုက်သူတစ်ဦးကို ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖမ်းမိ

မဲခေါင် 22 Jun - 2026
မဲခေါင်၊ ဇွန် ၂၂ ရွာငံမြို့နယ် တစ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့အမည် အလွဲသုံးစားပြုလုပ်၍ ဓားပြတိုက်ရာတွင် ပါဝင်သူ တစ်ဦးကို ဖမ်းဆီးအရေးယူထားသည်ဟု ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် – ၁၀၀၃ တပ်ရင်းက ယနေ့တွင် သတင်းထုတ်ပြန်သည်။ ဓားပြတိုက်ရာတွင် ပါဝင်သူတစ်ဦးကို ဖမ်းဆီးမိခဲ့သော်လည်း ကျန်ရှိသည့် အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များမှာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်ပြီး ဓားပြတိုက်ရာတွင် ပါဝင်သူများမှာ အသက်မပြည့်သေးသည့် လူငယ်များ ပါဝင်နေသည်ကိုလည်း တွေ့ရသည်ဟု ၁၀၀၃ တပ်ရင်းက ဆိုသည်။ ဓားပြတိုက်မှု ကျူးလွန်သူသည် ငွေကြေးလိုအပ်ချက်အရ သေနတ်အတုများ၊ ဓားများကိုအသုံးပြုကာ ဓားပြတိုက်ခဲ့ကြောင်း ဖမ်းဆီးခံရသူက ဝန်ခံထွက်ဆိုထားသည်ကိုလည်း ထုတ်ပြန်ချက်ဗီဒီယိုတွင် တွေ့ရသည်။ “ခေါင်းဆောင်က ဂိမ်းဆော့ရအောင်ဆိုပြီး ခေါ်တာ လိုက်သွားလိုက်ရင်းနဲ့ ဂိမ်းရှုံးတော့

မဲခေါင်၊ ဇွန် ၂၂

ရွာငံမြို့နယ် တစ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့အမည် အလွဲသုံးစားပြုလုပ်၍ ဓားပြတိုက်ရာတွင် ပါဝင်သူ တစ်ဦးကို ဖမ်းဆီးအရေးယူထားသည်ဟု ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် – ၁၀၀၃ တပ်ရင်းက ယနေ့တွင် သတင်းထုတ်ပြန်သည်။

ဓားပြတိုက်ရာတွင် ပါဝင်သူတစ်ဦးကို ဖမ်းဆီးမိခဲ့သော်လည်း ကျန်ရှိသည့် အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များမှာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်ပြီး ဓားပြတိုက်ရာတွင် ပါဝင်သူများမှာ အသက်မပြည့်သေးသည့် လူငယ်များ ပါဝင်နေသည်ကိုလည်း တွေ့ရသည်ဟု ၁၀၀၃ တပ်ရင်းက ဆိုသည်။

ဓားပြတိုက်မှု ကျူးလွန်သူသည် ငွေကြေးလိုအပ်ချက်အရ သေနတ်အတုများ၊ ဓားများကိုအသုံးပြုကာ ဓားပြတိုက်ခဲ့ကြောင်း ဖမ်းဆီးခံရသူက ဝန်ခံထွက်ဆိုထားသည်ကိုလည်း ထုတ်ပြန်ချက်ဗီဒီယိုတွင် တွေ့ရသည်။

“ခေါင်းဆောင်က ဂိမ်းဆော့ရအောင်ဆိုပြီး ခေါ်တာ လိုက်သွားလိုက်ရင်းနဲ့ ဂိမ်းရှုံးတော့ ခေါင်းဆောင်က ဝေစုပေးမယ်ဆိုတာနဲ့ ဓားပြတိုက်တာကို လိုက်သွားလိုက်တယ်။ မျက်နှာအုပ်ထားပြီး တိုက်တယ်။ ဓားပြတိုက်ရာမှာလည်း သေနတ်အတုနဲ့ ဓားတွေကို အသုံးပြုတယ်။ ခေါင်းဆောင်က အိမ်ပေါ်တက်ပြီးတိုက်တယ်။ တစ်ခေါက်က သိန်း ၂၀ ဝေစုရတယ်။ အဲ့ရတဲ့ သိန်း၂၀ ကိုလည်း ကျနော်က ဂိမ်းဆော့လိုက်တယ်။ နောက် ၅ ရက်နေတော့ ခေါင်းဆောင်က ခေါ်လို့ နောက်တစ်အိမ် ဓားပြထပ်တိုက်တယ်။ ကျနော်က ၃ သိန်းရတယ်”ဟု ထွက်ဆိုထားသည်ကို တွေ့ရသည်။

ယင်းဓားပြတိုက်မှု ကျူးလွန်သူများသည် တော်လှန်ရေးတပ်ဖွဲ့များ၏အမည်ကို အသုံးပြုကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများကြား၊ တော်လှန်ရေးတပ်ဖွဲ့များ အချင်းချင်းကြား ယုံကြည်မှု ကင်းမဲ့စေရန် သတင်းအမှားများ ဖြန့်ဝေခဲ့သည်ကိုလည်း စစ်‌ဆေးတွေ့ရှိရသည့်အပြင် ဓားပြတိုက်သူများသည် ပြစ်မှုကျူးလွန်ပြီးနောက် ၁၀၀၃ တပ်ရင်မှူးအမည်ကို အသုံးပြုကာ ၁၀၀၃ တပ်ရင်းမှူးက ၎င်းတို့ကို ခိုင်းစေသယောင် သတင်းမှားများ ဖြန့်ဝေခဲ့သည်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ၁၀၀၃ တပ်ရင်းက ပြောသည်။

ထို့ပြင် ဓားပြတိုက်မှု ကျူးလွန်သူများသည် အွန်လိုင်းလောင်းကစားစလော့ဂိမ်းနှင့် မူးယစ်ဆေးသုံးစွဲသူများ ဖြစ်နေသည်ကိုလည်း တွေ့ရသဖြင့် အွန်လိုင်းလောင်းကစား စလော့ဂိမ်းကစားသူများ မူးယစ်ဆေးဝါး သုံးစွဲသူများကိုပါ အရေးယူမှုပြုလုပ်သွားမည်ဟုလည်း ၁၀၀၃ တပ်ရင်းက ပြောသည်။

ထိုကြောင့် ယခုလိုပြည်သူများအပေါ် ဓားပြတိုက်မှုများ ကျူးလွန်လုပ်ဆောင်နေသည်မှာ အဓိက စလော့ဂိမ်းနှင့် မူးယစ်ဆေးသုံးစွဲမှုများကြောင့် ငွေကြေးလိုအပ်ချက်အရ လုပ်ဆောင်ခြင်းဖြစ်သည်ကို တွေ့ရသဖြင့် ယခုကဲ့သို့ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရန် ၁၀၀၃ တပ်ရင်းအနေဖြင့် ‌ဓနုဒေသတွင်း စလော့ဂိမ်းကစားသူများနှင့် မူးယစ်ဆေးသုံးစွဲရောင်းဝယ်နေသူများကို အရေးယူသွားမည်ဟု ဆိုသည်။

#MeKongNews
#တော်လှန်ရေးတပ်ဖွဲ့
#ဓားပြတိုက်
#ဓနုအခြေစိုက်
#ပြည်သူ့ကာကွယ်ရေးတပ်မတော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now