နေ့စဥ်သတင်း

တာချီလိတ်၊ ပါဆတ်ရပ်ကွက်တွင် လယ်မြေများ၊ ယာမြေများကို အများအပြား အကွက်ရိုက်ရောင်းနေ၊ အုပ်ချုပ်ရေးမှူး စိုင်းခမ်းအွန်း ငွေတောင်းကြမ်းပြီး တရားဝင်သဖွယ်လက်မှတ်ထိုးပေးနေ

မဲခေါင် 20 Jun - 2026
မဲခေါင်၊ ဇွန် ၂၀ တရားဝင်လူနေထိုင်ခွင့်မရှိသည့် လယ်မြေများအပါအဝင် ရွာမြေအများအပြားကို တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်အတွင်း၌ ပွဲစားများက တရားဝင်သဖွယ် ကျယ်ကျယ်ပြန့်ပြန့်ရောင်းချသည့် ကိစ္စများ ပိုမိုဆိုးရွာလာပြီး ယင်းမြေကွက်အရောင်းအဝယ်များကို အုပ်ချုပ်ရေးမှူး စိုင်းခမ်းအွန်က ငွေကြေးရယူကာ လက်မှတ်ထိုး စာချုပ်ချုပ်ပေးနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းသို့ တရားမဝင် ရောင်းချနေသည့် မြေကွက်များကို ရောင်းဝယ်ရာတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ငွေကြေးရယူကာ အသိအမှတ်ပြု စာချုပ် ချုပ်ပေးနေပြီး မြေကွက်တစ်ကွက်လျှင် ဘတ် ၃သောင်းမှ သိန်းဂဏန်းအထိ ပေးရကြောင်း ဒေသခံများက ပြောသည်။ “ခမ်းအွန်က မပြောင်းရသေးဘူး။ အတောင်းအရမ်းကြမ်းတယ်။ မြေကွက်တွေလည်း တရားဝင်ဝင်၊ မဝင်ဝင် အရောင်းအဝယ် စာချုပ်ချုပ်ပေးတယ်။ ဘတ် ၄၊ ၅သောင်းယူတယ်။

မဲခေါင်၊ ဇွန် ၂၀

တရားဝင်လူနေထိုင်ခွင့်မရှိသည့် လယ်မြေများအပါအဝင် ရွာမြေအများအပြားကို တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်အတွင်း၌ ပွဲစားများက တရားဝင်သဖွယ် ကျယ်ကျယ်ပြန့်ပြန့်ရောင်းချသည့် ကိစ္စများ ပိုမိုဆိုးရွာလာပြီး ယင်းမြေကွက်အရောင်းအဝယ်များကို အုပ်ချုပ်ရေးမှူး စိုင်းခမ်းအွန်က ငွေကြေးရယူကာ လက်မှတ်ထိုး စာချုပ်ချုပ်ပေးနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

ယင်းသို့ တရားမဝင် ရောင်းချနေသည့် မြေကွက်များကို ရောင်းဝယ်ရာတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ငွေကြေးရယူကာ အသိအမှတ်ပြု စာချုပ် ချုပ်ပေးနေပြီး မြေကွက်တစ်ကွက်လျှင် ဘတ် ၃သောင်းမှ သိန်းဂဏန်းအထိ ပေးရကြောင်း ဒေသခံများက ပြောသည်။

“ခမ်းအွန်က မပြောင်းရသေးဘူး။ အတောင်းအရမ်းကြမ်းတယ်။ မြေကွက်တွေလည်း တရားဝင်ဝင်၊ မဝင်ဝင် အရောင်းအဝယ် စာချုပ်ချုပ်ပေးတယ်။ ဘတ် ၄၊ ၅သောင်းယူတယ်။ အဆောက်အဦဆောက်ဖို့ စည်ပင်ထောက်ခံစာတောင်းရင်လည်း ရစ်တယ်။ သူ့ဆီမှာ လက်မှတ်မထိုးထားရင်လည်း ရစ်တယ်။ ပိုက်ဆံမပေးရင် မလုပ်ပေးဘူး” ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ အကွက်ရိုက်ရောင်းချမှုများကို သက်ဆိုင်ရာဝန်ထမ်းများက တရားလို ပြုလုပ်ကာ တရားစွဲဆိုရမည်ဖြစ်သော်လည်း ဝန်ထမ်းများအနေဖြင့် မြေပွဲစားများထံမှ လာဘ်ငွေရယူကာ မသိကျိုးကျွံပြုနေကြောင်း ဥပဒေရေးရာ နားလည်သည့် ဒေသခံတစ်ဦးက ပြောသည်။

“ဘတ် တစ်သိန်းသွင်းရုံနဲ့ အရစ်ကျနဲ့ရမယ်ဘာညာဆိုပြီး နည်းမျိုးစုံနဲ့ တစ်တော့မှာ ကြော်ငြာပြီး ရောင်းနေကြတာ။ တကယ်တမ်းဖြစ်ရင် ဝယ်တဲ့သူတွေပဲခံရမှာ။ ဒီလိုဝယ်တယ်ဆိုတာလည်း ငွေကြေးသိပ်မတတ်နိုင်တဲ့ လူတန်းစားများတယ်။ ရှေ့မှာလည်း ဖြစ်ခဲ့တဲ့ ဥပမာတွေ မနည်းဘူး” ဟု ၎င်းက ပြောသည်။

၂၀၁၆ ခုနှစ်ခန့်မှ စပြီး လယ်မြေများကို အခြားအသုံးပြုခွင့် ပိတ်ထားသော်လည်း တာချီလိတ်မြို့တွင်မူ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြို့အနီးအနားကျေးရွာများမှ လယ်မြေများကို လုပ်ငန်းရှင်များနှင့် ပွဲစားများက မြေဖို့ကာ အကွက်ရိုက်ရောင်းချနေကြခြင်း ဖြစ်ပြီး ဌာနဆိုင်ရာများကလည်း လာဘ်ငွေယူကာ မသိကျိုးကျွံပြုထားကြောင်း ဒေသခံများက ပြောသည်။

ပွဲစားများက ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း အကွက်ရိုက်ရောင်းချသည့် မြေများကို လူမှုကွန်ယက်များမှ တဆင့် Live လွှင့် ရောင်းချခြင်း၊ အရစ်ကျဖြင့် ရောင်းချခြင်းများ ပြုလုပ်နေကြပြီး စာချုပ်ချုပ်သည့်အခါတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများ၌ ငွေပေးကာ အရောင်းအဝယ် စာချုပ်ချုပ်ကြကြောင်း၊ ယင်းဖို့မြေများမှာ ပြသနာတစ်စုံတစ်ရာတက်ပါက မြေကွက်ပေါ်မှ အဆောက်အဦများ ပြန်ဖျက်ပေးရသည်များလည်းရှိသည့်အတွက် ပိုင်ဆိုင်မှု အာမခံချက် မရှိသည့် မြေများကို ရောင်းမှား ဝယ်မှားမဖြစ်စေရန် သတိပြုဖို့လိုကြောင်း နားလည်တတ်ကျွမ်းသူများက သတိပေးထားသည်။

#MeKongNews
#တာချီလိတ်
#လယ်မြေ
#အကွက်ရိုက်ရောင်း
#တရားမဝင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now