နေ့စဥ်သတင်း

တာချီလိတ်၊ ပါဆတ်ရပ်ကွက်တွင် လယ်မြေများ၊ ယာမြေများကို အများအပြား အကွက်ရိုက်ရောင်းနေ၊ အုပ်ချုပ်ရေးမှူး စိုင်းခမ်းအွန်း ငွေတောင်းကြမ်းပြီး တရားဝင်သဖွယ်လက်မှတ်ထိုးပေးနေ

မဲခေါင် 20 Jun - 2026
မဲခေါင်၊ ဇွန် ၂၀ တရားဝင်လူနေထိုင်ခွင့်မရှိသည့် လယ်မြေများအပါအဝင် ရွာမြေအများအပြားကို တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်အတွင်း၌ ပွဲစားများက တရားဝင်သဖွယ် ကျယ်ကျယ်ပြန့်ပြန့်ရောင်းချသည့် ကိစ္စများ ပိုမိုဆိုးရွာလာပြီး ယင်းမြေကွက်အရောင်းအဝယ်များကို အုပ်ချုပ်ရေးမှူး စိုင်းခမ်းအွန်က ငွေကြေးရယူကာ လက်မှတ်ထိုး စာချုပ်ချုပ်ပေးနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းသို့ တရားမဝင် ရောင်းချနေသည့် မြေကွက်များကို ရောင်းဝယ်ရာတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ငွေကြေးရယူကာ အသိအမှတ်ပြု စာချုပ် ချုပ်ပေးနေပြီး မြေကွက်တစ်ကွက်လျှင် ဘတ် ၃သောင်းမှ သိန်းဂဏန်းအထိ ပေးရကြောင်း ဒေသခံများက ပြောသည်။ “ခမ်းအွန်က မပြောင်းရသေးဘူး။ အတောင်းအရမ်းကြမ်းတယ်။ မြေကွက်တွေလည်း တရားဝင်ဝင်၊ မဝင်ဝင် အရောင်းအဝယ် စာချုပ်ချုပ်ပေးတယ်။ ဘတ် ၄၊ ၅သောင်းယူတယ်။

မဲခေါင်၊ ဇွန် ၂၀

တရားဝင်လူနေထိုင်ခွင့်မရှိသည့် လယ်မြေများအပါအဝင် ရွာမြေအများအပြားကို တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်အတွင်း၌ ပွဲစားများက တရားဝင်သဖွယ် ကျယ်ကျယ်ပြန့်ပြန့်ရောင်းချသည့် ကိစ္စများ ပိုမိုဆိုးရွာလာပြီး ယင်းမြေကွက်အရောင်းအဝယ်များကို အုပ်ချုပ်ရေးမှူး စိုင်းခမ်းအွန်က ငွေကြေးရယူကာ လက်မှတ်ထိုး စာချုပ်ချုပ်ပေးနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

ယင်းသို့ တရားမဝင် ရောင်းချနေသည့် မြေကွက်များကို ရောင်းဝယ်ရာတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ငွေကြေးရယူကာ အသိအမှတ်ပြု စာချုပ် ချုပ်ပေးနေပြီး မြေကွက်တစ်ကွက်လျှင် ဘတ် ၃သောင်းမှ သိန်းဂဏန်းအထိ ပေးရကြောင်း ဒေသခံများက ပြောသည်။

“ခမ်းအွန်က မပြောင်းရသေးဘူး။ အတောင်းအရမ်းကြမ်းတယ်။ မြေကွက်တွေလည်း တရားဝင်ဝင်၊ မဝင်ဝင် အရောင်းအဝယ် စာချုပ်ချုပ်ပေးတယ်။ ဘတ် ၄၊ ၅သောင်းယူတယ်။ အဆောက်အဦဆောက်ဖို့ စည်ပင်ထောက်ခံစာတောင်းရင်လည်း ရစ်တယ်။ သူ့ဆီမှာ လက်မှတ်မထိုးထားရင်လည်း ရစ်တယ်။ ပိုက်ဆံမပေးရင် မလုပ်ပေးဘူး” ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ အကွက်ရိုက်ရောင်းချမှုများကို သက်ဆိုင်ရာဝန်ထမ်းများက တရားလို ပြုလုပ်ကာ တရားစွဲဆိုရမည်ဖြစ်သော်လည်း ဝန်ထမ်းများအနေဖြင့် မြေပွဲစားများထံမှ လာဘ်ငွေရယူကာ မသိကျိုးကျွံပြုနေကြောင်း ဥပဒေရေးရာ နားလည်သည့် ဒေသခံတစ်ဦးက ပြောသည်။

“ဘတ် တစ်သိန်းသွင်းရုံနဲ့ အရစ်ကျနဲ့ရမယ်ဘာညာဆိုပြီး နည်းမျိုးစုံနဲ့ တစ်တော့မှာ ကြော်ငြာပြီး ရောင်းနေကြတာ။ တကယ်တမ်းဖြစ်ရင် ဝယ်တဲ့သူတွေပဲခံရမှာ။ ဒီလိုဝယ်တယ်ဆိုတာလည်း ငွေကြေးသိပ်မတတ်နိုင်တဲ့ လူတန်းစားများတယ်။ ရှေ့မှာလည်း ဖြစ်ခဲ့တဲ့ ဥပမာတွေ မနည်းဘူး” ဟု ၎င်းက ပြောသည်။

၂၀၁၆ ခုနှစ်ခန့်မှ စပြီး လယ်မြေများကို အခြားအသုံးပြုခွင့် ပိတ်ထားသော်လည်း တာချီလိတ်မြို့တွင်မူ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြို့အနီးအနားကျေးရွာများမှ လယ်မြေများကို လုပ်ငန်းရှင်များနှင့် ပွဲစားများက မြေဖို့ကာ အကွက်ရိုက်ရောင်းချနေကြခြင်း ဖြစ်ပြီး ဌာနဆိုင်ရာများကလည်း လာဘ်ငွေယူကာ မသိကျိုးကျွံပြုထားကြောင်း ဒေသခံများက ပြောသည်။

ပွဲစားများက ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း အကွက်ရိုက်ရောင်းချသည့် မြေများကို လူမှုကွန်ယက်များမှ တဆင့် Live လွှင့် ရောင်းချခြင်း၊ အရစ်ကျဖြင့် ရောင်းချခြင်းများ ပြုလုပ်နေကြပြီး စာချုပ်ချုပ်သည့်အခါတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများ၌ ငွေပေးကာ အရောင်းအဝယ် စာချုပ်ချုပ်ကြကြောင်း၊ ယင်းဖို့မြေများမှာ ပြသနာတစ်စုံတစ်ရာတက်ပါက မြေကွက်ပေါ်မှ အဆောက်အဦများ ပြန်ဖျက်ပေးရသည်များလည်းရှိသည့်အတွက် ပိုင်ဆိုင်မှု အာမခံချက် မရှိသည့် မြေများကို ရောင်းမှား ဝယ်မှားမဖြစ်စေရန် သတိပြုဖို့လိုကြောင်း နားလည်တတ်ကျွမ်းသူများက သတိပေးထားသည်။

#MeKongNews
#တာချီလိတ်
#လယ်မြေ
#အကွက်ရိုက်ရောင်း
#တရားမဝင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now